စွန့်ပစ်ခံ ကလေးငယ် တွေရဲ့ ဘဝကို တတ်နိုင် သလောက် ကယ်တင် နေပြီး ဖြူစင်တဲ့ ပရဟိတ နှလုံးသား လေးကို ပိုင်ဆိုင် ထားတဲ့ ခိုင်နှင်းဝေ ကတော့ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီး တစ်ယောက် ဖြစ်သလို ပရိသတ် တွေ လေးစား ချစ်ခင် နေရသူ ပါပဲနော်။ အခုအချိန်မှာ ဆိုရင် သူမဟာ လူမှု ကူညီရေး ပရဟိတ တွေ သာမက မိဘမဲ့ ကလေး လေးတွေ အတွက် လည်း မိခင် အရင်း သဖွယ် ချစ်ခြင်း မေတ္တာတွေ အပြည့် နဲ့ နွေးထွေးစွာ စောင့်ရှောက် မှု တွေ ပေးနေ ခဲ့ပါတယ်။

အကြောင်း အမျိုးမျိုး ကြောင့် စွန့်ပစ် ခံရတဲ့ ကလေးလေး တွေကို ကြင်နာတဲ့ နှလုံးသား အပြည့် နဲ့ မွေးစား ကယ်ဆယ် ခဲ့ တာဖြစ်ပါတယ် ။ ကလေးတွေ ရဲ့ ကိစ္စအဝဝ ကိုလည်း ခိုင်နှင်း ဝေက တာဝန် ယူပြီး ပြုစု ပျိုးထောင် ပေးနေ တာပါ ။ အားလပ်ချိန် တွေမှာ လည်း ကလေးတွေ ကို အချိန်ပေး ကာ အနားမှာနေပြီး အတူတူ ဆော့ ကစားပေး ရင်း ပျော်ရွှင်စရာ အချိန် လေးတွေ ကို ဖန်တီး တတ်ပါသေးတယ် ။

မကြာခင် ရက်ပိုင်းက ခိုင်နှင်းဝေ ဟာ မွန်ဘုရင်မကြီး ရှင်စောပု တည်ထား ကိုးကွယ်သော အောင်သိဒ္ဓီ သစ္စာရှင်၊ အောင်သိဒ္ဓိ စတြာရှင် ၊ အောင် သိဒ္ဓိ မေတ္တာရှင် ဗုဒ္ဓ ရုပ်ပွားတော်မြတ် ကြီးများ ကို သူမရဲ့ အိမ်မှာ ပင့်ဆောင် ပူဇော် ထားခဲ့ပါတယ်။ ဒီနေ့မှာ တော့ သူမအိမ်မှာ ပင့်ဆောင် ထားတဲ့ တန်ခိုးကြီး ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးများကို တရိုတသေ ရှိခိုး ဦးချနေ ကြတဲ့ သားတွေသမီး တွေကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေခဲ့ပါတယ် ။ကလေးလေးတွေ ရဲ့ ဖြူစင်လွန်းတဲ့ အပြုံးလေးတွေကို ကြည့်ပြီး အချစ် ပိုမိတာကြောင့် ပရိသတ် ကြီးအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

crd…

ZAWGYI

စြန႔္ပစ္ခံ ကေလးငယ္ ေတြရဲ့ ဘဝကို တတ္နိုင္ သေလာက္ ကယ္တင္ ေနၿပီး ျဖဴစင္တဲ့ ပရဟိတ ႏွလုံးသား ေလးကို ပိုင္ဆိုင္ ထားတဲ့ ခိုင္ႏွင္းေဝ ကေတာ့ ဒိတ္ဒိတ္ၾကဲ မင္းသမီးႀကီး တစ္ေယာက္ ျဖစ္သလို ပရိသတ္ ေတြ ေလးစား ခ်စ္ခင္ ေနရသူ ပါပဲေနာ္။ အခုအခ်ိန္မွာ ဆိုရင္ သူမဟာ လူမႈ ကူညီေရး ပရဟိတ ေတြ သာမက မိဘမဲ့ ကေလး ေလးေတြ အတြက္ လည္း မိခင္ အရင္း သဖြယ္ ခ်စ္ျခင္း ေမတၱာေတြ အျပည့္ နဲ႔ ေႏြးေထြးစြာ ေစာင့္ေရွာက္ မႈ ေတြ ေပးေန ခဲ့ပါတယ္။

အေၾကာင္း အမ်ိဳးမ်ိဳး ေၾကာင့္ စြန႔္ပစ္ ခံရတဲ့ ကေလးေလး ေတြကို ၾကင္နာတဲ့ ႏွလုံးသား အျပည့္ နဲ႔ ေမြးစား ကယ္ဆယ္ ခဲ့ တာျဖစ္ပါတယ္ ။ ကေလးေတြ ရဲ့ ကိစၥအဝဝ ကိုလည္း ခိုင္ႏွင္း ေဝက တာဝန္ ယူၿပီး ျပဳစု ပ်ိဳးေထာင္ ေပးေန တာပါ ။ အားလပ္ခ်ိန္ ေတြမွာ လည္း ကေလးေတြ ကို အခ်ိန္ေပး ကာ အနားမွာေနၿပီး အတူတူ ေဆာ့ ကစားေပး ရင္း ေပ်ာ္ရႊင္စရာ အခ်ိန္ ေလးေတြ ကို ဖန္တီး တတ္ပါေသးတယ္ ။

မၾကာခင္ ရက္ပိုင္းက ခိုင္ႏွင္းေဝ ဟာ မြန္ဘုရင္မႀကီး ရွင္ေစာပု တည္ထား ကိုးကြယ္ေသာ ေအာင္သိဒၶီ သစၥာရွင္၊ ေအာင္သိဒၶိ စၾတာရွင္ ၊ ေအာင္ သိဒၶိ ေမတၱာရွင္ ဗုဒၶ ႐ုပ္ပြားေတာ္ျမတ္ ႀကီးမ်ား ကို သူမရဲ့ အိမ္မွာ ပင့္ေဆာင္ ပူေဇာ္ ထားခဲ့ပါတယ္။ ဒီေန႔မွာ ေတာ့ သူမအိမ္မွာ ပင့္ေဆာင္ ထားတဲ့ တန္ခိုးႀကီး ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္ႀကီးမ်ားကို တရိုတေသ ရွိခိုး ဦးခ်ေန ၾကတဲ့ သားေတြသမီး ေတြကို ၾကည့္ၿပီး ၾကည္ႏူးပီတိျဖစ္ေနခဲ့ပါတယ္ ။ကေလးေလးေတြ ရဲ့ ျဖဴစင္လြန္းတဲ့ အျပဳံးေလးေတြကို ၾကည့္ၿပီး အခ်စ္ ပိုမိတာေၾကာင့္ ပရိသတ္ ႀကီးအတြက္ ျပန္လည္ ေဝမၽွေပးလိုက္ပါတယ္ ။

crd…