ပရိသတ်ကြီးရေ အေးချမ်းမိုး ကတော့ ပရိသတ်တွေ ရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ် အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အေးချမ်းမိုး ကတော့ မနေ့ကသူ့ရဲ့ဖခင်ကြီး ကွယ်လွန်ခြင်း (၁) နှစ်ပြည့်အတွက် ဆွမ်းကပ် အလှူလေးပြုလုပ်ခဲ့ပြီး မြတ်နိုးရတဲ့ ဆံပင်ကို လည်း ဖြတ် လှူဒါန်းခဲ့တဲ့ အလှူလေး ပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေ ဖော်ပြလာခဲ့ပါတယ်။

“ဒီနေ့က ချမ်းမိုး တို့ မိသားစုကနေ ဖေကြီး ရာသက်ပန် ထွက်ခွာသွားတာ (၁) နှစ်ပြည့်မြောက်တဲ့ နေ့ပါ။မနက်ပိုင်း ဘုန်းဘုန်းတွေ ပင့်ပြီး အရုဏ်ဆွမ်းကပ် အလှူလုပ်ခဲ့ပြီး ညနေပိုင်းမှာတော့ ပိုပြီး အမှတ်တရ ဖြစ်စေချင်လို့ ချမ်းမိုး ရဲ့ ဆံပင်ကို ရွှေဆံပင်တံတားလမ်း အလှူမှာ သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ဆံပင်လှူတာ မနှမြောပေမယ့် ဟိုအရင်က တင်ပါးဖုံးတဲ့ ဆံပင်အရှည်သာဆို တော်တော် ရှည်ရှည် လှူဖြစ်မှာကိုတော့ တွေးမိသား…ကြားထဲ ဆံသား ပျက်စီးလို့ ၃ ၄ခါလောက် ဖြတ်လိုက်ရတော့ ခါးထိ ဆံပင်လောက်ပဲ ကျန်တော့တာမို့လေ…

ဘာပဲဖြစ်ဖြစ် အခုလို လှူဖြစ်တာကိုပဲ ကြည်နူးခဲ့ရပါတယ်” ဆိုပြီး မွန်မြတ်လှတဲ့ အလှူလေးကို ပြုလုပ်နိုင်ခဲ့တာကြောင့် ကြည်နူးပီတိဖြစ်နေခဲ့ကြောင်းကုသိုလ်လေးတွေကို မျှဝေထားခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။

Source – Aye Chan Moe
crd CeleZone

ZAWGYI

ပရိသတ္ႀကီးေရ ေအးခ်မ္းမိုး ကေတာ့ ပရိသတ္ေတြ ရဲ့ ခ်စ္ခင္မႈကို ရရွိထားတဲ့ ပရိသတ္ အခ်စ္ေတာ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေအးခ်မ္းမိုး ကေတာ့ မေန႔ကသူ႔ရဲ့ဖခင္ႀကီး ကြယ္လြန္ျခင္း (၁) ႏွစ္ျပည့္အတြက္ ဆြမ္းကပ္ အလႉေလးျပဳလုပ္ခဲ့ၿပီး ျမတ္နိုးရတဲ့ ဆံပင္ကို လည္း ျဖတ္ လႉဒါန္းခဲ့တဲ့ အလႉေလး ျပဳလုပ္ခဲ့ေၾကာင္း သူ႔ရဲ့လူမႈကြန္ရက္ စာမ်က္ႏွာကေန မၽွေဝ ေဖာ္ျပလာခဲ့ပါတယ္။

“ဒီေန႔က ခ်မ္းမိုး တို႔ မိသားစုကေန ေဖႀကီး ရာသက္ပန္ ထြက္ခြာသြားတာ (၁) ႏွစ္ျပည့္ေျမာက္တဲ့ ေန႔ပါ။မနက္ပိုင္း ဘုန္းဘုန္းေတြ ပင့္ၿပီး အ႐ုဏ္ဆြမ္းကပ္ အလႉလုပ္ခဲ့ၿပီး ညေနပိုင္းမွာေတာ့ ပိုၿပီး အမွတ္တရ ျဖစ္ေစခ်င္လို႔ ခ်မ္းမိုး ရဲ့ ဆံပင္ကို ေရႊဆံပင္တံတားလမ္း အလႉမွာ သြားေရာက္လႉဒါန္းျဖစ္ခဲ့ပါတယ္။ဆံပင္လႉတာ မႏွေျမာေပမယ့္ ဟိုအရင္က တင္ပါးဖုံးတဲ့ ဆံပင္အရွည္သာဆို ေတာ္ေတာ္ ရွည္ရွည္ လႉျဖစ္မွာကိုေတာ့ ေတြးမိသား…ၾကားထဲ ဆံသား ပ်က္စီးလို႔ ၃ ၄ခါေလာက္ ျဖတ္လိုက္ရေတာ့ ခါးထိ ဆံပင္ေလာက္ပဲ က်န္ေတာ့တာမို႔ေလ…

ဘာပဲျဖစ္ျဖစ္ အခုလို လႉျဖစ္တာကိုပဲ ၾကည္ႏူးခဲ့ရပါတယ္” ဆိုၿပီး မြန္ျမတ္လွတဲ့ အလႉေလးကို ျပဳလုပ္နိုင္ခဲ့တာေၾကာင့္ ၾကည္ႏူးပီတိျဖစ္ေနခဲ့ေၾကာင္းကုသိုလ္ေလးေတြကို မၽွေဝထားခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ။

Source – Aye Chan Moe
crd CeleZone