


UNICODE

မြန်မာနိုင်ငံ ရဲ့ နာမည်ကြီး တေးသံရှင် တွေထဲမှာ တစ်ယောက် အ ပါအဝင် ဖြစ်တဲ့ ဖြူဖြူကျော်သိန်း ကတော့ မသိသူ မရှိလောက် အောင် အောင်မြင်နေ ပြီးသား ဖြစ်ပါတယ် ။ အချစ်သီ ချင်းတွေ သာမက အသည်းကွဲ သီချင်းတွေကို ပါ ဖန်တီးတတ် တဲ့ ဖြူဖြူကျော်သိန်းက အမာခံ ပရိသတ်တွေ ရဲ့ အပြတ်အသတ် အားပေးမှုကိုပါ ရရှိထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း ဖြူဖြူကျော်သိန်း က သီချင်းအသစ် တွေကို ဆက်လက် ဖန်တီးနေဆဲ ဖြစ်ပါတယ် ။

ဂီတ နဲ့ ပတ်သက်ပြီး အင်မတန် ထူးချွန်တဲ့ ဖြူဖြူကျော်သိန်း က “Myanmar Idol” သီချင်းဆိုပြိုင်ပွဲ ကြီးမှာပါ ဒိုင်တစ်ဦး အဖြစ် ပါဝင်ဆောင်ရွက် နေရတာ ဖြစ်ပါတယ် ။ ဖြူဖြူကျော်သိန်း က ထူးခြားတဲ့ အသံပါဝါ ကိုပိုင်ဆိုင်ထားတဲ့ အပြင် သူများတွေနဲ့ မတူတဲ့ ဖက်ရှင်တွေ ကိုလည်း ယုံကြည်မှုအပြည့် နဲ့ ဝတ်စားဆင်ယင် တတ်တာ ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူကျော်သိန်း က ပရိသတ်တွေ အံ့အားသင့် သွားစေမယ့် သတင်းလေး တစ်ခုကို ကြေညာ လိုက်တာ ဖြစ်ပါတယ် ။

ဖြူဖြူကျော်သိန်းက “ဘဝ မှာ surprise ဆိုလို့ အခက်အခဲတွေပဲ ရှိခဲ့ဖူးတာ….Thank you မောင် တကယ်ကိုအချစ်ရှိတယ်နော်” ဆိုပြီး ပုံလေးတွေ ကို တင်ပေးလိုက်တာ ဖြစ်ပါတယ် ။ တန်ဖိုးကြီး စိန်လက်စွပ် တစ်ကွင်းကို ဘယ်ဘက်လက် သူကြွယ်မှာ ဝတ်ပေးပြီး ဖြူဖြူ့ကို စပရိုက် လုပ်လိုက်တဲ့သူ ကိုတော့ ပရိသတ်ကြီးသိလောက် မယ်ထင်ပါတယ်နော်။