ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ မောင် နဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူ တို့ကတော့ အနုပညာအလုပ်တွေ ကို ရပ်နားပြီးချိန်မှ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ပြီး ဖူးစာဆုံ လက်ထပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့က အခုဆိုရင် ချစ်သူသက်တမ်း (၈) နှစ်ကျော် တိုင်ရှိခဲ့ပြီဖြစ်ပြီး မကြာခင်အချိန်အတွင်း မှာလည်း လက်ထပ်ဖို့ ပြင်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။

လက်ထပ်တော့မယ့် ချစ်သူစုံ တွဲတွေပီပီ Pre Wedding ဓာတ်ပုံတွေ ရိုက်ကူးဖြစ်နေတဲ့ မောင်နဲ့ ရီရီပွင့်ဖြူဟာ ဒီတစ်ခေါက်မှာတော့ ထူးထူးခြားခြားအနေနဲ့ နန္ဒာလှိုင်ခင်ပွန်း ကိုဇေသီဟ ရဲ့ ဇေကမ္ဘာပြတိုက်ကြီးမှာ ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။ ပိုပြီးထူးခြားတာကတော့ ရီရီပွင့်ဖြူဟာ ဇေကမ္ဘာပြတိုက်ကြီးထဲက ရှေးဟောင်းလက်ဝတ်တန်ဆာတွေ ဝတ်ဆင်ပြီး ရိုက်ကူးခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။

မောင်နဲ့ ရီရီပွင့်ဖြူ ကတော့ “အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း လက်ဝတ်လတ်စားများကို ဝတ်ဆင်ခွင့်ပေးတဲ့ Zaykabar Museum ကိုကျေးဇူးတင်ပါတယ်။” ဆိုပြီး ကျေးဇူးတင်စကားပြောထားပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူ တို့ကတော့ လူတကာဝတ်ဆင်ခွင့်မရရှိခဲ့တဲ့ ရှေးဟောင်းလက်ဝတ်လက်စားတွေဝတ်ဆင်ပြီး အရမ်းကျက်သရေရှိနေတာ ပရိသတ်ကြီးမြင်တဲ့ အတိုင်းပါပဲနော်။

Source: Sein Phyo Hlaing

ZAWGYI

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ နႏၵာလွိုင္ရဲ့ ေမာင္ျဖစ္သူ ေမာင္ နဲ႔ သ႐ုပ္ေဆာင္ ရီရီပြင့္ျဖဴ တို႔ကေတာ့ အႏုပညာအလုပ္ေတြ ကို ရပ္နားၿပီးခ်ိန္မွ တစ္ေယာက္နဲ႔တစ္ေယာက္ ဆုံေတြ႕ၿပီး ဖူးစာဆုံ လက္ထပ္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ေမာင္နဲ႔ ရီရီပြင့္ျဖဴတို႔က အခုဆိုရင္ ခ်စ္သူသက္တမ္း (၈) ႏွစ္ေက်ာ္ တိုင္ရွိခဲ့ၿပီျဖစ္ၿပီး မၾကာခင္အခ်ိန္အတြင္း မွာလည္း လက္ထပ္ဖို႔ ျပင္ဆင္ေနၾကၿပီပဲ ျဖစ္ပါတယ္။

လက္ထပ္ေတာ့မယ့္ ခ်စ္သူစုံ တြဲေတြပီပီ Pre Wedding ဓာတ္ပုံေတြ ရိုက္ကူးျဖစ္ေနတဲ့ ေမာင္နဲ႔ ရီရီပြင့္ျဖဴဟာ ဒီတစ္ေခါက္မွာေတာ့ ထူးထူးျခားျခားအေနနဲ႔ နႏၵာလွိုင္ခင္ပြန္း ကိုေဇသီဟ ရဲ့ ေဇကမၻာျပတိုက္ႀကီးမွာ ဓာတ္ပုံ ရိုက္ကူးခဲ့ပါတယ္။ ပိုၿပီးထူးျခားတာကေတာ့ ရီရီပြင့္ျဖဴဟာ ေဇကမၻာျပတိုက္ႀကီးထဲက ေရွးေဟာင္းလက္ဝတ္တန္ဆာေတြ ဝတ္ဆင္ၿပီး ရိုက္ကူးခြင့္ရရွိခဲ့တာပဲျဖစ္ပါတယ္။

ေမာင္နဲ႔ ရီရီပြင့္ျဖဴ ကေတာ့ “အဖိုးမျဖတ္နိုင္တဲ့ ေရွးေဟာင္း လက္ဝတ္လတ္စားမ်ားကို ဝတ္ဆင္ခြင့္ေပးတဲ့ Zaykabar Museum ကိုေက်းဇူးတင္ပါတယ္။” ဆိုၿပီး ေက်းဇူးတင္စကားေျပာထားပါတယ္။ ေမာင္နဲ႔ ရီရီပြင့္ျဖဴ တို႔ကေတာ့ လူတကာဝတ္ဆင္ခြင့္မရရွိခဲ့တဲ့ ေရွးေဟာင္းလက္ဝတ္လက္စားေတြဝတ္ဆင္ၿပီး အရမ္းက်က္သေရရွိေနတာ ပရိသတ္ႀကီးျမင္တဲ့ အတိုင္းပါပဲေနာ္။

Source: Sein Phyo Hlaing