



unicode

ပရိတ်သတ်ကြီးရေ…..ပုရိသတွေ သဘောကျနှစ်သက်တဲ့ အမိုက်စားဘော်ဒီ အချိုးအစားတွေကိုပိုင်ဆိုင်ထားပြီး မိန်းကလေးချင်း ပါငေးယူရအောင်ကို ချောမောကြတဲ့နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ မအေးသောင်းနဲ့ ဝါဆိုမိုးဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူတို့နှစ်ဦးလုံးဟာလည်း အောင်မြင်မှုကိုယ်စီနဲ့ရပ်တည်နေကြတဲ့သူတွေဖြစ်ကြပြီးတော့ အလှတစ်မျိုးစီနဲ့ဆွဲဆောင်မှုရှိကြတဲ့သူတွေလို့ဆိုရရင်လည်း မှားမယ်မထင်ပါဘူး….။

မအေးသောင်း ဟာအခုလက်ရှိမှာဆိုရင် ဇာတ်လမ်းတွေ လည်းရိုက်ကူးနေတာဖြစ်သလို ကြော်ငြာတွေနဲ့ photo shootingတွေလည်း အဆက်မပြတ် လုပ်‌ကိုင်နေတာဖြစ်ပြီး ဝါဆိုဟာလည်း photo shootingတွေအပြင် Live sales‌ရောင်းချမှုတွေပါပြုလုပ်နေတာလည်း တွေ့ရပါတယ်။ အခုဆိုရင်လည်း မအေးသောင်းနဲ့ဝါဆိုဟာ ကြော်ငြာရိုက်ကူးရေးတစ်ခုကို အတူတူရိုက်ကူးနေကြတာဖြစ်ပါတယ်….။

မကြာသေးမီက ဝါဆိုဟာ သူမရဲ့ Facebook my dayလေးမှာ မအေးသောင်းနဲ့အတူ အတွဲညီညီ နဲ့လက်ဝတ်ရတနာကြော်ငြာရိုက်ကူးရေး ပြုလုပ်နေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ နှစ်ယောက်လုံးဟာလည်း ခမ်းနားထည် ဝါတဲ့အလှတွေကိုယ်စီနဲ့ ကျက်သရေရှိရှိ အပြိုင်လှနေကြတာဖြစ်ပါတယ်။ ကဲ ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Aye Thaung’s Facebook acc