



UNICODE

မင်းသမီလေး သက်မွန်မြင့် ကတော့ အောင်မြင်နေတဲ့ ထိပ်တန်း အနုပညာရှင်တွေ ထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး ပရိသတ်တွေ ရဲ့ အချစ်တွေ ကို အပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်။ လတ်တလော မှာတော့ သက်မွန်မြင့် က အနုပညာလှုပ်ရှား မှု အနေနဲ့ ကြော်ငြာလေး တွေအပြင် photo shooting လေးတွေကိုလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် ပရိသတ်တွေ နဲ့ အဆက်သွယ်မပြတ်သွား အောင် မိသားစု ပုံလေးတွေ အပြင် သူမရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို အမြဲ ဖော်ပြပေးပါတယ်။

ယခုတစ်ခါမှာ လည်း သက်မွန်မြင့်က ပရိသတ်တွေ ချစ်အား ပိုလောက်မယ့် ပုံလေး တွေကို တင်ပေးလာခဲ့ ပါတယ်။ ဒီပုံလေးတွေ ထဲမှာတော့ သက်မွန်မြင့် က တန်ဖိုးကြီး လက်ဝတ် ရတနာတွေကို ဝတ်ဆင်ထားပြီး မြန်မာဝတ်စုံလေး နဲ့ ကျက်သရေရှိရှိ လှပချော မောနေတာ ဖြစ်ပါတယ်။ဒါ့အပြင် ဒီပုံလေးတွေ နဲ့လည်း သက်မွန်မြင့် က ” မိန်းကလေးတယောက် လှတယ် ဆိုတာ အကြောင်းပြချက် တခုခုတော့ ရှိတယ် …ရုပ်ကြောင့်လှတာလား ၊ စိတ်ကြောင့် ပိုလှလာတာလားဆိုတဲ့ နှစ် ခုထဲ ကတခုပေါ့….မွန်ကတော့ စိတ်လှအောင် အမြဲကြိုးစားတယ်….စိတ် လှရင် ရုပ်ပါပိုလှလာရောလေ….

ခုလည်း စိန်နန်းတော် ကြေငြာမှာ မွန့် ကိုပံ့ပိုးကူညီပေးသူ တွေကြောင့် လှလှလေး မြင်ရပြီပေါ့နော် …… ကျေနပ်ကြရဲ့လား ရှင့် Marry Christmax ပါနော် မွန့်ရဲ့ပရိတ်သတ်ကြီး လည်း ကျန်းမာပျော်ရွင်ကြပါစေ ၊ စီးပွားရေးတွေလည်းအဆင်ပြေကြပါစေ ၊ Covid-19 ရောဂါဆိုး ကြီးကိုလည်း အမြန်ဆုံးကျော်လွားနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်..” ဆိုပြီး ချစ်စရာ ကောင်းလောက်အောင် ရေးသား ဖော်ပြထားပါတယ်။

သတင်းအရင်းမြစ်: Source – That Mon Myint fb page