ပရိတ်သတ်ကြီးရေ အဆိုတော် စောဖိုးခွား ကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး သူနဲ့အတူဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ မောင်သာချို၊ ဦးထင်လင်းဦး၊ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် ပိုပို အစရှိတဲ့ ဖမ်းဆီးခံ အနုပညာရှင်များလည်း ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပါဘူး။ ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရတဲ့ အနုပညာရှင်တွေ ကို လွတ်ငြိမ်းခွင့်နှင့် ပြန်လွှတ်ပေးခဲ့ပေမယ့် လွတ်လာသူများတွင် မပါဝင်သေးတဲ့ အဆိုတော် စောဖိုးခွါး ကိုလည်း မိသားစုနဲ့အတူ ပရိသတ်တွေကလဲ ပြန်လွတ်
လာစေချင်နေကြပါတယ်။

အဆိုတော် စောဖိုးခွား ကို ပြန်လည် လွတ်မြောက်စေချင်နေတဲ့ အထဲမှာ သူ့ရဲ့အငယ်ဆုံးသားလေး တစ်ဦးလဲ အပါအဝင်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့မျက်နှာကို မမြင်ရတာတစ်နှစ် ကျော်ကြာခဲ့ပြီဖြစ်တာကြောင့် အမြန်လွတ်မြောက်စေချင်တဲ့ အကြောင်းကို “တမနက်လုံး လွတ်မြောက်စာရင်းထဲ အဖေ့ ပုံလေးများ တွေ့ရမလားဆိုပြီး ရှာနေတာ။

မပါတာ သေချာ သွားတော့ ဘယ်သူ့ကို စိတ်တို ရမှန်းမသိ၊ စိတ်တွေ လည်းညစ်၊ စကားမပြောရ တာ တနှစ်ကျော်ပြီ။ မျက်နှာ မတွေ့ရတာလည်း တနှစ်ကျော်ပြီ။ အမြဲ အနုပညာ ခရီးတွေ ကြောင့် ခဏတာ ခွဲခွါ ခြင်းတွေ အများကြီး ရှိခဲ့ပေမယ့် ဒီတခုကျ ခံစားမှု မတူဘူး” လို့ သားငယ်လေး ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို စိတ်မကောင်း စွာ တွေ့ရပါတယ်။ငြိမ်းချမ်းရေး တေးသီချင်းတွေကို သီဆိုတဲ့ အဆိုတော် စောဖိုးခွားနဲ့အတူ မတရားဖမ်းဆီးခံထားရသူများလဲ အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး မိသားစုများပေါင်းစည်းနိုင်ကြပါစေ။

crd :cele Only

ZAWGYI

ပရိတ္သတ္ႀကီးေရ အဆိုေတာ္ ေစာဖိုးခြား ကေတာ့ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္ အာဏာသိမ္းစဥ္ကတည္းက ဖမ္းဆီးခံခဲ့ရတာ ျဖစ္ၿပီး သူနဲ႔အတူဖမ္းဆီးခံထားရတဲ့ ဒါရိုက္တာ မင္းထင္ကိုကိုႀကီး ၊ စာေရးဆရာမ ေဒၚသန္းျမင့္ေအာင္၊ ေမာင္သာခ်ိဳ၊ ဦးထင္လင္းဦး၊ သ႐ုပ္ေဆာင္ ရဲတိုက္၊ အဆိုေတာ္ ပိုပို အစရွိတဲ့ ဖမ္းဆီးခံ အႏုပညာရွင္မ်ားလည္း ျပန္လည္ လြတ္ေျမာက္လာျခင္း မရွိေသးပါဘူး။ ပုဒ္မ ၅၀၅-က ျဖင့္ ျပစ္ဒဏ္က်ခံေနရတဲ့ အႏုပညာရွင္ေတြ ကို လြတ္ၿငိမ္းခြင့္ႏွင့္ ျပန္လႊတ္ေပးခဲ့ေပမယ့္ လြတ္လာသူမ်ားတြင္ မပါဝင္ေသးတဲ့ အဆိုေတာ္ ေစာဖိုးခြါး ကိုလည္း မိသားစုနဲ႔အတူ ပရိသတ္ေတြကလဲ ျပန္လြတ္လာေစခ်င္ေနၾကပါတ
ယ္။

အဆိုေတာ္ ေစာဖိုးခြား ကို ျပန္လည္ လြတ္ေျမာက္ေစခ်င္ေနတဲ့ အထဲမွာ သူ႔ရဲ့အငယ္ဆုံးသားေလး တစ္ဦးလဲ အပါအဝင္ျဖစ္ပါတယ္။ ဖခင္ျဖစ္သူရဲ့မ်က္ႏွာကို မျမင္ရတာတစ္ႏွစ္ ေက်ာ္ၾကာခဲ့ၿပီျဖစ္တာေၾကာင့္ အျမန္လြတ္ေျမာက္ေစခ်င္တဲ့ အေၾကာင္းကို “တမနက္လုံး လြတ္ေျမာက္စာရင္းထဲ အေဖ့ ပုံေလးမ်ား ေတြ႕ရမလားဆိုၿပီး ရွာေနတာ။

မပါတာ ေသခ်ာ သြားေတာ့ ဘယ္သူ႔ကို စိတ္တို ရမွန္းမသိ၊ စိတ္ေတြ လည္းညစ္၊ စကားမေျပာရ တာ တႏွစ္ေက်ာ္ၿပီ။ မ်က္ႏွာ မေတြ႕ရတာလည္း တႏွစ္ေက်ာ္ၿပီ။ အျမဲ အႏုပညာ ခရီးေတြ ေၾကာင့္ ခဏတာ ခြဲခြါ ျခင္းေတြ အမ်ားႀကီး ရွိခဲ့ေပမယ့္ ဒီတခုက် ခံစားမႈ မတူဘူး” လို႔ သားငယ္ေလး ဟာ သူ႔ရဲ့လူမူ႔ကြန္ယက္ေပၚမွာ ေရးသားထားတာကို စိတ္မေကာင္း စြာ ေတြ႕ရပါတယ္။ၿငိမ္းခ်မ္းေရး ေတးသီခ်င္းေတြကို သီဆိုတဲ့ အဆိုေတာ္ ေစာဖိုးခြားနဲ႔အတူ မတရားဖမ္းဆီးခံထားရသူမ်ားလဲ အျမန္ဆုံးျပန္လည္လြတ္ေျမာက္ၿပီး မိသားစုမ်ားေပါင္းစည္းနိုင္ၾကပါေစ။

crd :cele Only