ပရိသတ်ကြီးရေ ကနဦး အလှူခံရရှိထားငွေ နဲ့ မနေ့က အလှူခံ ရရှိငွေ စုစုပေါင်း ကျပ် သိန်း ၅၀၀ နဲ့ စင်္ကာပူဒေါ်လာ ၃၀၀၀ ရရှိပါတယ်..အလှူငွေ အားလုံး ကိုထိုက် နဲ့ ဒေါ်မြင့် May Thet Htwe တို့ထံ ရောက်ရှိပြီး ဖြစ်ပါတယ်။အလှူငွေ လက်ခံတဲ့ Bank Acct များ လုံခြုံရေးအတွက် အလှူငွေ လက်ခံခြင်းကို ခေတ္တ ရပ်နားထားပါတယ်ရှင့် မကြာမီ ရက်များအတွင်းPeople’s Defense Force – TC (Branch Office) မောင်လေး Shine Htet Zaw တို့ အတွက် အလှူလက်ခံပေးဖို့ စီစဉ်လျက်ရှိပါတယ်ရှင်။

ပိတ်ဆို့တားဆီးမှု အမျိုးမျိုးကြားက အလှူငွေများ ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ရတဲ့ အတွက် အလှူရှင်များ ကြုံရတဲ့ စိတ်အနှောက်အယှက် ဖြစ်စရာများ ၊ comment အများစု မှာ မြင်ရတဲ့ အခက်အခဲကြုံ ရမှုများ ဖြစ်ခဲ့ရပါတယ်။ကျွန်မရဲ့ page မှ တိုက်ရိုက် လက်ခံတဲ့ အခါမှာတောင် အခက်အခဲများစွာ ရှိနေခဲ့ပြီး အခုလို ကြားခံအနေနဲ့ messenger bot ကနေတဆင့် အခြား page တခုကို ပြန်ရောက် အောင် ညွှန်ရပြီး အလှူငွေကို လွှဲပြောင်းရတဲ့အခါ တော်တော် စိတ် ကသိကအောက် ဖြစ်ရပါတယ်။ နည်းပညာပိုင်းအရ စိန်ခေါ်မှု တချို့ကိုလဲ ကျွန်မတို့ ဖြေရှင်းနိုင်စွမ်း မရှိကြောင်း ဝန်ခံပါရစေ

ကျွန်မတို့ စီစဉ်တာ ညံ့ဖျင်းမှုကြောင့် ဖြစ်ပါတယ် သည်းခံပေးဖို့ တောင်းပန်အပ်ပါတယ်။အခက်အခဲအမျိုးမျိုး ရှိနေပေမယ့် အလှူငွေများကို ပေးလှူပေးကြတဲ့ တယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် လို့ ပြောပြ ပေးထားတာဖြစ်ပါတယ်….။

Credit…..

ZAWGYI




Credit…..