



UNICODE

မိချိုဇာတ်ရုပ် နဲ့ ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေး မှုကို အများအပြား ရယူထားနိုင်ခဲ့တဲ့ ရှိုင်းဝဏ္ဏ ကတော့ ဟာသ ဗီဒီယို ဖိုင်လေးတွေကို လူမှုကွန်ယက် စာမျက်နှာ ထက်တင်ပေးလေ့ရှိပြီး အဆိုပါဟာသ ဗီဒီယိုဖိုင်လေးဟာ ကြည့်ရူသူတွေ အလွန်များပြားလျက် ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ရှိုင်းဝဏ္ဏ (မိချို) ကတော့ ယခုမှာလည်း ဟာသ ဗီဒီယိုဖိုင်လေး တွေကို အားပေးကြတဲ့ ပရိသတ်တွေအတွက် တင်ပေးလေ့ ရှိနေတာပဲ ဖြစ်ပါတယ်။ ရှိုင်းဝဏ္ဏ( မိချို)ကတော့ ဘာစိတ်သောကမှ မပေးလို့ အသက်ပါပေးရဲတဲ့ အထိချစ်ရပြီး စေ့စပ်ထားပြီ ဖြစ်တဲ့ ချစ်သူကို တရားဝင် ထုတ်ပြလိုက်ပါတယ်။

ရှိုင်းဝဏ္ဏ (မိချို) ကတော့”မိဘလိုလဲ မေတ္တာ ပေးတယ် ချစ်သူ လိုလဲ မေတ္တာ ပေးတယ် သယ်ရင်း လိုလဲ မေတ္တာ ပေးတယ် ဒီနေ့ဒီချိန်ထိ ဘာစိတ်သောက ဆင်းရဲမှ မပေးဘူးဘူး , ရှိုင်းဘဝမှာ သူကလွဲ၍ ဘယ် တခြားသော ဘယ်သူ့ကိုမှ နှလုံးသားထဲ တိုးမဝင်တော့တဲ့ထိ ချစ်ခြင်း မေတ္တာ တွေ ပိုင်ဆိုင် ရလို့ အရမ်းပျော်ပါတယ် ဗျို့ “ဆိုပြီး စုံတွဲပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက် စာမျက်မှာ ရေးသားထား ကာ ပရိသတ်တွေ ကို အသိပေးလားခဲ့ပါတယ်။

ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှုကို တခဲနက် ရရှိထားပြီဖြစ် တဲလ ရှိုင်းဝဏ္ဏ(မိချို) ကတော့ ထိုင်း ၊စင်္ကာပူ ၊မလေးရှား ၊ဂျာမနီ ကိုလည်ပတ်ရင်း တစ်ယောက်နဲ့တစ်ယောက် လေ့လာပြီးမှ ချစ်သူ နဲ့ စပိန်ကမ်းခြေမှာ စေ့စပ်ပွဲ လုပ်ခဲ့တဲ့အကြောင်း ကိုလည်းMyanmar Load Tv မှာ မကြာခင် ရက်ပိုင်းက ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ် တွေအတွက် ရှိုင်းဝဏ္ဏ (မိချို) ရဲ အင်တာဗျူး ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက် ပြီး အဆိုပါ ဗီဒီယိုဖိုင်လေးကို လည်း အောက်မှာ ကြည့်နိုင်ပါတယ်။

Source: Myanmar Load Tv/ travel couple jc’ s facebook page