ပရိသတ်ကြီးတို့ရဲ့ ငယ်စဉ်ထဲက အားပေးလာခဲ့ ရတဲ့ ဟာသလူရွှင်တော်ကြီး ဦးငှက်ပျောကြော် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်နော်။ လူရွှင်တော်ကြီး ဦးငှက်ပျောကြော် ရဲ့ ပြက်လုံးတွေ ဟာ ပရိသတ်တွေကို ရယ်မော ပျော်ရွှင်စေပြီး ပရိသတ်ကို မပျင်းရလေအောင် ဖျော်ဖြေနိုင်တာပဲ ဖြစ်ပါတယ်။ နေခြည် တားရော့ခ် ဟာ ဦးငှက်ပျောကြော် ရဲ့ ဇနီးဖြစ်ပါတယ်။ သူမဟာ မှန်ကန် တဲ့ ဟောကိန်းတွေ ကို ဟောပေးနေသူ တစ်ဦးပါ။” ပျော်ရတဲ့နေ့ ….ဘဘသူရခေါ် ဦးဇာဂနာ အချုပ်ကနေ ပြန်လွတ် လာ အူဝဲ အတွက် တားရော့ ကြည့်ပေးဖို့ ကျွန်မကို ပြောလာပါတယ် ။ အဲ့ဒါက ကာယကံရှင် ခွင့်ပြုမှ ကြည့်လို့ရမှာပါ ဘဘ ရေလို့ ပြောတော့ အိုကေ တဲ့ ။ အန်တီမာ ဖုန်းဆက်ပါ လိမ့်မယ်တဲ့ ။ ၂၀၂၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းလောက်မှာ အန်တီမာ ( အူဝဲ ရဲ့ မေမေ ) ကျွန်မဆိီကို ဖုန်းဆက် လာပါတယ် ။ အူဝဲ အတွက် ကတ်ကြည့်ပေးဖို့ အကူ ညီတောင်းပါတယ် ။ အူဝဲ နဲ့က အပြင်မှာလည်း ခင် မင်ပြီးသားမို့ ကြည့်ပေးပါ့မယ် အန်တီမာ ရယ် လို့ပြောပြီးတာနဲ့ ချက်ချင်းပဲ တားရော့ ကြည့်ပေးလိုက် ပါတယ် ။

အန်တီမာ ကတော့ မြေးလေးတွေ အတွက် စိတ်မကောင်းလွန်းလို့ အူဝဲ ကိုလွတ်စေချင်ပါတယ် ။လွတ် ဖို့အတွက်လည်း အရမ်းမျှော်လင့်နေတယ် ။ တီတီကို လည်း လွတ်စေချင်ပေမဲ့ မလွယ်လောက်ဘူး ဆိုတာ သိတော့ အူဝဲ ကိုပဲ အဓိကထားရတာပါ ။ အူဝဲ အတွက် ကတ်ကြည့်တော့ ဒီနှစ်မှာ ကံအရမ်း နည်းနေလို့ မလွတ်နိုင်သေးဘူး ဆိုတာ တွေ့တယ်။ စိတ်မကောင်းစွာ နဲ့ပဲ အန်တီမာ ဆီဖုန်းဆက်ပြောရ ပါတယ် ။ ၂၀၂၂ လောက်မှပဲ လွတ်နိုင်မယ် အန်တီ မာရယ် ဆိုတော့ ဖုန်းထဲကနေ အန်တီမာရဲ့ ငိုသံကို ခပ်တိုးတိုးလေး ကြားရတယ် ။ ဆုတောင်းရုံ အပြင် ကျွန်မလည်း ဘာမှ လုပ်ပေး လို့ မရနိုင်ဘူးလေ ။အူဝဲ အတွက် နေ့တိုင်း မေတ္တာ ပို့ပေး ဆုတောင်းပေးခဲ့ပါတယ် ။ ဒီလိုနဲ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ရောက်လာတယ်။ အန်တီမာ ဖုန်းဆက်လာ ပြန်ပါတယ် ။ အူဝဲ အတွက် နောက်ထပ် ကတ်ကြည့်ပေးဖို့ ပြောပါတယ်။ ဒီလမှာ အူဝဲ လွတ်မယ် လို့ စိတ်ထဲ ထင်နေမိလို့တဲ့။ အမေ တစ်ယောက် ရဲ့ မေတ္တာစိတ်စွမ်းအားပါ ။ သူ့လိုလို သိနေတဲ့ စိတ်မျိုးပေါ့ ။ အူဝဲ အတွက် ကတ်ချကြည့်ပေမဲ့ ဒီလမှာလည်း လွတ်ဖို့ မမြင်သေးဘူး အန်တီမာရေ စိတ်မကောင်းဘူး ဒီလမှာလည်း မရ နိုင်သေးဘူး ။

မတ်လနဲ့ ဧပရယ်လ မှာတော့ ကံတရားက ပြောင်း လဲလာတဲ့ ကံဖြစ်လို့ လွတ်နိုင်ပါတယ် အန်တီမာရယ် စိတ်မပူပါနဲ့ သေချာလေး ဆုတောင်းမေတ္တာပို့ပေး ရင် ရမှာပါလို့ ပြောခဲ့တာ အခု အဲ့ဒီ ဆုတောင်းလေး ပြည့်ပါပြီ ။ အူဝဲ နဲ့ တီတီ အိမ်ပြန်ရောက်ပါပြီ ။ အန်တီမာ လည်း မြေးလေးတွေနဲ့ အတူ ဝမ်းသာနေ လိမ့်မယ်လို့ ထင်ပါတယ် ။ လောကမှာ အဆိုးကြုံ လာရင် အလောတကြီးနဲ့ ဘာမှ ပြောင်းလဲလ်ို့မရပါ ဘူး အချိန်အခါဆိုတာ ရှိပါတယ် ။ ခံရတဲ့ အချိန်မှာ သည်းခံပြီးစောင့် ကုသိုလ်တရားနဲ့ သာစောင့်ပါ ၊ သူ့အလှည့် ကိုယ့်အလှည့် ဆိုတာ ရှိလာမှာပါလေ …” လို့ ရေးသားထားတာ ကို တွေ့ရပါတယ်။ပရိသတ်ကြီးရေ မင်းသမီး အိန္ဒြာကျော်ဇင် အတွက် နေခြည် ရဲ့ ဟောကိန်းတွေက မှန်ကန်လွန်းပါတယ်နော်။ သူမရဲ့ပညာက လေးစားစရာကောင်းလွန်းပါတယ်။

Credit…cele only

ZAWGYI

ပရိသတ္ႀကီးတို႔ရဲ့ ငယ္စဥ္ထဲက အားေပးလာခဲ့ ရတဲ့ ဟာသလူရႊင္ေတာ္ႀကီး ဦးငွက္ေပ်ာေၾကာ္ ကိုေတာ့ အားလုံးပဲ မွတ္မိၾကအုန္းမယ္ ထင္ပါတယ္ေနာ္။ လူရႊင္ေတာ္ႀကီး ဦးငွက္ေပ်ာေၾကာ္ ရဲ့ ျပက္လုံးေတြ ဟာ ပရိသတ္ေတြကို ရယ္ေမာ ေပ်ာ္ရႊင္ေစၿပီး ပရိသတ္ကို မပ်င္းရေလေအာင္ ေဖ်ာ္ေျဖနိုင္တာပဲ ျဖစ္ပါတယ္။ ေနျခည္ တားေရာ့ခ္ ဟာ ဦးငွက္ေပ်ာေၾကာ္ ရဲ့ ဇနီးျဖစ္ပါတယ္။ သူမဟာ မွန္ကန္ တဲ့ ေဟာကိန္းေတြ ကို ေဟာေပးေနသူ တစ္ဦးပါ။” ေပ်ာ္ရတဲ့ေန႔ ….ဘဘသူရေခၚ ဦးဇာဂနာ အခ်ဳပ္ကေန ျပန္လြတ္ လာ အူဝဲ အတြက္ တားေရာ့ ၾကည့္ေပးဖို႔ ကၽြန္မကို ေျပာလာပါတယ္ ။ အဲ့ဒါက ကာယကံရွင္ ခြင့္ျပဳမွ ၾကည့္လို႔ရမွာပါ ဘဘ ေရလို႔ ေျပာေတာ့ အိုေက တဲ့ ။ အန္တီမာ ဖုန္းဆက္ပါ လိမ့္မယ္တဲ့ ။ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာ လကုန္ပိုင္းေလာက္မွာ အန္တီမာ ( အူဝဲ ရဲ့ ေမေမ ) ကၽြန္မဆိီကို ဖုန္းဆက္ လာပါတယ္ ။ အူဝဲ အတြက္ ကတ္ၾကည့္ေပးဖို႔ အကူ ညီေတာင္းပါတယ္ ။ အူဝဲ နဲ႔က အျပင္မွာလည္း ခင္ မင္ၿပီးသားမို႔ ၾကည့္ေပးပါ့မယ္ အန္တီမာ ရယ္ လို႔ေျပာၿပီးတာနဲ႔ ခ်က္ခ်င္းပဲ တားေရာ့ ၾကည့္ေပးလိုက္ ပါတယ္ ။

အန္တီမာ ကေတာ့ ေျမးေလးေတြ အတြက္ စိတ္မေကာင္းလြန္းလို႔ အူဝဲ ကိုလြတ္ေစခ်င္ပါတယ္ ။လြတ္ ဖို႔အတြက္လည္း အရမ္းေမၽွာ္လင့္ေနတယ္ ။ တီတီကို လည္း လြတ္ေစခ်င္ေပမဲ့ မလြယ္ေလာက္ဘူး ဆိုတာ သိေတာ့ အူဝဲ ကိုပဲ အဓိကထားရတာပါ ။ အူဝဲ အတြက္ ကတ္ၾကည့္ေတာ့ ဒီႏွစ္မွာ ကံအရမ္း နည္းေနလို႔ မလြတ္နိုင္ေသးဘူး ဆိုတာ ေတြ႕တယ္။ စိတ္မေကာင္းစြာ နဲ႔ပဲ အန္တီမာ ဆီဖုန္းဆက္ေျပာရ ပါတယ္ ။ ၂၀၂၂ ေလာက္မွပဲ လြတ္နိုင္မယ္ အန္တီ မာရယ္ ဆိုေတာ့ ဖုန္းထဲကေန အန္တီမာရဲ့ ငိုသံကို ခပ္တိုးတိုးေလး ၾကားရတယ္ ။ ဆုေတာင္း႐ုံ အျပင္ ကၽြန္မလည္း ဘာမွ လုပ္ေပး လို႔ မရနိုင္ဘူးေလ ။အူဝဲ အတြက္ ေန႔တိုင္း ေမတၱာ ပို႔ေပး ဆုေတာင္းေပးခဲ့ပါတယ္ ။ ဒီလိုနဲ႔ ၂၀၂၂ ခုႏွစ္ ေဖေဖၚဝါရီလ ေရာက္လာတယ္။ အန္တီမာ ဖုန္းဆက္လာ ျပန္ပါတယ္ ။ အူဝဲ အတြက္ ေနာက္ထပ္ ကတ္ၾကည့္ေပးဖို႔ ေျပာပါတယ္။ ဒီလမွာ အူဝဲ လြတ္မယ္ လို႔ စိတ္ထဲ ထင္ေနမိလို႔တဲ့။ အေမ တစ္ေယာက္ ရဲ့ ေမတၱာစိတ္စြမ္းအားပါ ။ သူ႔လိုလို သိေနတဲ့ စိတ္မ်ိဳးေပါ့ ။ အူဝဲ အတြက္ ကတ္ခ်ၾကည့္ေပမဲ့ ဒီလမွာလည္း လြတ္ဖို႔ မျမင္ေသးဘူး အန္တီမာေရ စိတ္မေကာင္းဘူး ဒီလမွာလည္း မရ နိုင္ေသးဘူး ။

မတ္လနဲ႔ ဧပရယ္လ မွာေတာ့ ကံတရားက ေျပာင္း လဲလာတဲ့ ကံျဖစ္လို႔ လြတ္နိုင္ပါတယ္ အန္တီမာရယ္ စိတ္မပူပါနဲ႔ ေသခ်ာေလး ဆုေတာင္းေမတၱာပို႔ေပး ရင္ ရမွာပါလို႔ ေျပာခဲ့တာ အခု အဲ့ဒီ ဆုေတာင္းေလး ျပည့္ပါၿပီ ။ အူဝဲ နဲ႔ တီတီ အိမ္ျပန္ေရာက္ပါၿပီ ။ အန္တီမာ လည္း ေျမးေလးေတြနဲ႔ အတူ ဝမ္းသာေန လိမ့္မယ္လို႔ ထင္ပါတယ္ ။ ေလာကမွာ အဆိုးၾကဳံ လာရင္ အေလာတႀကီးနဲ႔ ဘာမွ ေျပာင္းလဲလ္ို႔မရပါ ဘူး အခ်ိန္အခါဆိုတာ ရွိပါတယ္ ။ ခံရတဲ့ အခ်ိန္မွာ သည္းခံၿပီးေစာင့္ ကုသိုလ္တရားနဲ႔ သာေစာင့္ပါ ၊ သူ႔အလွည့္ ကိုယ့္အလွည့္ ဆိုတာ ရွိလာမွာပါေလ …” လို႔ ေရးသားထားတာ ကို ေတြ႕ရပါတယ္။ပရိသတ္ႀကီးေရ မင္းသမီး အိျႏၵာေက်ာ္ဇင္ အတြက္ ေနျခည္ ရဲ့ ေဟာကိန္းေတြက မွန္ကန္လြန္းပါတယ္ေနာ္။ သူမရဲ့ပညာက ေလးစားစရာေကာင္းလြန္းပါတယ္။

Credit…cele only