



unicode

ပရိသတ်ကြီးရေ သရုပ်ဆောင် ထူးအောင် ကတော့ အနုပညာ နယ်ပယ်မှာ အချိန် အတိုတွင်း အောင်မြင်လာပြီး နှုတ်ခမ်းနီမ လေးတွေရဲ့ အသည်းတွေကို လှုပ်ခါနိုင်ခဲ့တဲ့ မင်းသားချောလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ တော့ သူ့ရဲ့ အကောင်းဆုံးကြိုးစားမှု တွေ့ကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ကြော်ငြာ တွေကို များစွာရိုက်ကူး နေရတာဖြစ်ပါတယ်။ ဒါ့အပြင့် အနုပညာအလုပ် တွေအပြင် Gym Trainer တစ်ယောက် အနေနဲ့လည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။

ထူးအောင် က စမတ်ကျတဲ့ အရပ်အမောင်းအပြင် အမိုက်စား တောင့်တင်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး ချောမော နေသူပဲ ဖြစ်ပါတယ်။ မကြာခဏ ဆိုသလို ချစ်တဲ့ပရိသတ်တွေကိုလည်း သူ့ရဲ့ လှုပ်ရှားမှုလေး တွေကို သိရှိအောင် ဖော်ပြပေးပါတယ်။ ယခုဆို ရင်တော့ ထူးအောင်က ပရိသတ်တွေ ကြည်နူးစေမယ့် ပုံရိပ်လေးတွေ ကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံရိပ်လေးတွေ ကတော့ ထူးအောင်က တိရိစ္ဆာန်လေးတွေကို အစာကျွေး ပြီး မွန်မြတ်တဲ့ ကုသိုလ်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီအလှူလေး နဲ့ ပတ်သက်ပြီး ထူးအောင်က ” ယောက်ကော်ဆရာ နှင့်အတူ ပြုလုပ်ခဲ့ သော ကောင်းမှုတစ်ခု ဆရာလေး ကျေးဇူးကြောင့် တိရိစ္ဆာန်လေးတွေကို စိတ်တိုင်းကျ အစာကျွေးခွင့်ရပါတယ်……ဆရာလေးပြေ ာသလို တိရိစ္ဆာန်လေးတွေက လူတွေကျွေးမှ စားရတာပါ…ဒီ ထက်မက အလှူ အတန်းတွေ လုပ်နိုင်ပရစေ…..ကောင်းမှုတစ်ခု နေ့စဉ်ပြုလုပ်ပါ ” ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ် တွေလည်း တိရိစ္ဆာန်လေး တွေကို အစာကျွေးပြီး ကုသိုလ် ပြုခဲ့တဲ့ ထူးအောင်ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်….။

Photo Credit -Bling Bling (Photography)
သတင်းအရင်းမြစ်: Source – Htoo Aung fb account