


Source : NayChiOo

UNICODE

နေခြည်ဦးက တော့ ဘလော့ဂါ တစ်ယောက်က နေပြီး သရုပ်ဆောင် မင်းသမီးတစ်လက် အဖြစ်ကို အချိန်တို အတွင်းအောင်မြင်မှု ရရှိလာသူပါ။ အခုလည်း နာမည်ကျော် အမှတ်တံဆိပ် တော်တော်များများ နဲ့ လက်တွဲပြီး တော့အလုပ်လုပ်ကိုင် လျက်ရှိပါတယ်။ နေခြည် ကတော့ She Shines Jewelry အတွက် live sale ကို (၃) ရက်တိုင်တိုင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

Live Sale ပြုလုပ်ခဲ့တဲ့ (၃) ရက်လုံး သိန်းပေါင်း များစွာ ရောင်းချခဲ့ရတာ ဖြစ်ပြီး အားပေး ဝယ်ယူသူလည်း များပြားခဲ့ပါတယ်။ နေခြည် ကတော့ အခုလိုအောင်အောင်မြင်မြင် ရောင်းချနိုင်ခဲ့တဲ့အတွက် “တကယ် နေခြည် လုပ်နိုင်ခဲ့ပါပြီ။ အတိုက်အခိုက် တွေကြား က နေခြည် အကောင်းဆုံး ကြိုးစားပြီး ပန်းတိုင် ကို ဝင်နိုင်ခဲ့ပါပြီ။ ဖိအား တွေတွန်းအား တွေပေးတဲ့ သူတွေကြောင့် ပိုပြီး ကြိုးစားဖြစ်တယ် အားပေးတဲ့ သူ ချစ်တဲ့သူ တွေကြောင့် နေခြည် ပိုပြီး ခံနိုင် ရည်ရှိလာပါတယ်။ နေခြည်ဦး fan တွေက ကလေးတွေ ဘယ်သူက ဝယ်မှာလဲ ဆိုသူတွေအတွက် We Are RED HOT CHILLIES .. My 2020 is better than yours လို့လှလှလေး ပြန်ပြောပါရစေနော်။ “ဆိုပြီး တော့ သူ့ရဲ့ ဖေ့ဘွတ်ခ် မှာ ရေးသားထားတာပါ။

နေခြည်ကတော့ She Shines Jewelry အတွက် Live Sale ပြုလုပ်ပေးခဲ့ ဖူးပြီး အရင်တစ်ခေါက်က လည်း အလွန်ရောင်းကောင်းခဲ့ တာကြောင့် ရရှိခဲ့တဲ့ရောင်းရငွေထဲက နေပြီး သိန်း(၁၀၀၀) ကျော်ကိုလှူဒါန်းခဲ့ ပါသေးတယ်။ နေခြည် ကတော့ အစဉ်အမြဲအောင် မြင်လျက်ပါပဲနော်…

Source : NayChiOo