


Credit:Cele Zone
Photo – Aye Thaung

UNICODE

ပြည်သူတွေ ကတော့ ခုဆိုရင် အခက်အခဲ တွေ အပစ်အခတ် တွေ များစွာ ကြုံနေရ ပေမယ့်လည်း ယုံကြည်ချက် အမှန်တရား တစ်ခုတည်း ကိုသာ စွဲကိုင်ပြီး စိတ်ခွန်အား အပြည့် နဲ့ နွေဦး တော်လှန်ရေး ကို ဆက်လက် ဆင်နွှဲလျက် ရှိနေပါတယ်။ အနုပညာတွေ များစွာ ကလည်း ရဲရဲ ဝင့်ဝင့် နဲ့ အမှန်တရား ဘက်က ရပ်တည်နေကြပြီး ပြည်သူ တွေရဲ့ အခက်အခဲ တွေ ကိုလည်း တတ်နိုင် သလောက်ကူညီ ဖြေရှင်း ပေးနေ ကြတာပါ။

ဒီလို အနုပညာရှင် တွေထဲမှာ မင်းသမီး မအေးသောင်း က လည်း ပြည်သူတွေ နဲ့ အတူ နွေဦးတော်လှန်ရေး မှာ ပါဝင် ခဲ့တဲ့ အနုပညာ ရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။လမ်းပေါ် ထွက်ကာ ရင်ထဲက ဆန္ဒတွေ ကို အင်တိုက် အားတိုက် ထုတ် ဖော်ကာ ရရာ နေရာကနေ အားတက် သရော ပါဝင် ကူညီအား ဖြည့်ခဲ့သူတစ်ယောက်ပါ။

ဒါ့အပြင် ဒီလို ကာလ မှာ အခက်အခဲ ဖြစ်နေတဲ့ မိသားစု တွေကိုလည်း အစားအသောက် များ ကိုယ်တိုင် လှူဒါန်းခဲ့ တာလည်းဖြစ်ပါတယ်။အခုလည်း မီးဘေးသင့် အိမ်ထောင်စု (၁၅၁) စာ အတွက် မိတ်ဆွေတွေ နဲ့ စုပေါင်းကာ လိုအပ်တဲ့ ပစ္စည်းများ နဲ့ အလှူငွေ များ လှူဒါန်း ခဲ့ကြောင်းခုလို ရေးသား ဖော်ပြ လာတာဖြစ်ပါတယ်။”တံခွန်တိုင် မီးဘေး အတွက် အိမ်ထောင်စု ၁၅၁ စုအတွက် အိုး၊ ခွက်၊ ပန်းကန်၊ ဇလုံ၊ ရေခွက်၊ ဇွန်း၊ ပန်ကန်ပြား၊ များလှူဒါန်ခဲ့ပြီး အိမ်ထောင်စု တစ်စု ၇ သောင်း ၅ ထောင် ကျပ်အား ကိုမျိုကြီး(ပန်းပျိုးသူ) မှ မောင်နှမများနှင့် အတူ ကူညီ လှူဒါန်းခဲ့ပါတယ်ရှင့်။ 🙏🙏🙏ပါဝင် လှူဒါန်းပေးသော အလှူရှင်တစ်ယောက်ချင်း စီတိုင်းကို ကျေးဇူးတင်ပါတယ်။ သာဓု သာဓု သာဓပါ 🙏🙏🙏🙏”ဆိုပြီးရေးသား ဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Aye Thaung