စိတ္ရင္းေစတနာ ေကာင္းၾကတဲ့ ျပည္သူေတြကေတာ့ အခုလို လူတိုင္းနီးပါး ခက္ခဲေနၾကတဲ့ ကာလမွာေတာင္တတ္နိုင္သေလာက္ ေပးကမ္းလႉဒါန္းေနၾကတာပဲျဖစ္ပါတယ္။လက္ရွိမွာဆိုရင္ ျပည္သူေတြက စည္းစည္းလုံးလုံးနဲ႔ အျပန္အလွန္ ေဖးမကူညီၾကၿပီး တစ္ေယာက္အခက္အခဲကို တစ္ေယာက္က မၽွေဝခံစားေပးေနၾကတာျဖစ္ပါတယ္။ျမန္မာျပည္သူ၊ျပည္သားေတြရဲ့ စိတ္ထား ကေတာ့ ေမတၱာတရားေတြနဲ႔လႊမ္းျခဳံထား တာေၾကာင့္ လူသားအခ်င္းခ်င္း သနားၾကင္နာတတ္ေနၾကတာ ျဖစ္ပါတယ္။

အခုလိုအခ်ိန္မ်ိဳးမွာ သာမန္ျပည္သူေတြကအစ မိမိတို႔မွာရွိ သေလာက္ေလးကို ရက္ရက္ေရာေရာနဲ႔ လႉဒါန္းေန ၾကတာျဖစ္ပါတယ္။တစ္ရက္ကဆိုရင္လည္း ရန္ကုန္တိုင္း၊ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာေန ထိုင္ၾကတဲ့ ရပ္ကြက္သူ၊ရပ္ကြက္သားေတြအတြက္ ေစတနာရွင္ျပည္သူေတြက ဟင္းသီးဟင္းရြက္ေတြကို အိမ္တိုင္းအတြက္ လႉဒါန္းခဲ့ၾကတာျဖစ္ပါတယ္။တြန္းလွည္းေပၚက ဟင္းသီးဟင္းရြက္ေတြကို တစ္အိမ္ တစ္ေယာက္ ထြက္ကာ ႀကိဳက္ရာတစ္မ်ိဳးစီ ယူလို႔ရေအာင္ ေစတနာရွင္ျပည္သူအခ်ိဳ႕က စီစဥ္ေပးခဲ့ၾကတာျဖစ္ပါတယ္။

ရပ္ကြက္ေနျပည္သူေတြကလည္း အိမ္ထဲကေန ထြက္ၿပီး ႀကိဳက္တဲ့အသီးအရြက္ေလးေတြယူေနၾကတာေၾကာင့္ လႉၾကတဲ့ေစတနာရွင္ေတြအတြက္ ပီတိျဖစ္ဖို႔ေကာင္းပါတယ္။ဒီလိုကာလမွာ ျပည္သူတိုင္းက မိမိတို႔တတ္နိုင္ တဲ့အင္အားေလးေတြနဲ႔ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ဝန္းရံေပးေနၾကတာျဖစ္ပါတယ္။အလႉအတန္းရက္ေရာၾကတဲ့ ျမန္မာျပည္သူ၊ျပည္သားေတြကေတာ့ COVID-19 (First Wave)ကတည္းက လႉဒါန္း ခဲ့ၾကတာ အခုခ်ိန္ထိပဲျဖစ္ပါတယ္။ဒါ့ေၾကာင့္မွလို႔ ျပည္သူလူထုရဲ့ ေစတနာ၊သဒၵါတရားထက္ သန္ေနၾကတဲ့ ပုံရိပ္ေလးေတြကို ၾကည္ႏူးပီတိ ျဖစ္မိလို႔ ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder

unicode

စိတ်ရင်းစေတနာ ကောင်းကြတဲ့ ပြည်သူတွေကတော့ အခုလို လူတိုင်းနီးပါး ခက်ခဲနေကြတဲ့ ကာလမှာတောင်တတ်နိုင်သလောက် ပေးကမ်းလှူဒါန်းနေကြတာပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင် ပြည်သူတွေက စည်းစည်းလုံးလုံးနဲ့ အပြန်အလှန် ဖေးမကူညီကြပြီး တစ်ယောက်အခက်အခဲကို တစ်ယောက်က မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေရဲ့ စိတ်ထား ကတော့ မေတ္တာတရားတွေနဲ့လွှမ်းခြုံထား တာကြောင့် လူသားအချင်းချင်း သနားကြင်နာတတ်နေကြတာ ဖြစ်ပါတယ်။

အခုလိုအချိန်မျိုးမှာ သာမန်ပြည်သူတွေကအစ မိမိတို့မှာရှိ သလောက်လေးကို ရက်ရက်ရောရောနဲ့ လှူဒါန်းနေ ကြတာဖြစ်ပါတယ်။တစ်ရက်ကဆိုရင်လည်း ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်မှာနေ ထိုင်ကြတဲ့ ရပ်ကွက်သူ၊ရပ်ကွက်သားတွေအတွက် စေတနာရှင်ပြည်သူတွေက ဟင်းသီးဟင်းရွက်တွေကို အိမ်တိုင်းအတွက် လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။တွန်းလှည်းပေါ်က ဟင်းသီးဟင်းရွက်တွေကို တစ်အိမ် တစ်ယောက် ထွက်ကာ ကြိုက်ရာတစ်မျိုးစီ ယူလို့ရအောင် စေတနာရှင်ပြည်သူအချို့က စီစဉ်ပေးခဲ့ကြတာဖြစ်ပါတယ်။

ရပ်ကွက်နေပြည်သူတွေကလည်း အိမ်ထဲကနေ ထွက်ပြီး ကြိုက်တဲ့အသီးအရွက်လေးတွေယူနေကြတာကြောင့် လှူကြတဲ့စေတနာရှင်တွေအတွက် ပီတိဖြစ်ဖို့ကောင်းပါတယ်။ဒီလိုကာလမှာ ပြည်သူတိုင်းက မိမိတို့တတ်နိုင် တဲ့အင်အားလေးတွေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဝန်းရံပေးနေကြတာဖြစ်ပါတယ်။အလှူအတန်းရက်ရောကြတဲ့ မြန်မာပြည်သူ၊ပြည်သားတွေကတော့ COVID-19 (First Wave)ကတည်းက လှူဒါန်း ခဲ့ကြတာ အခုချိန်ထိပဲဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ပြည်သူလူထုရဲ့ စေတနာ၊သဒ္ဒါတရားထက် သန်နေကြတဲ့ ပုံရိပ်လေးတွေကို ကြည်နူးပီတိ ဖြစ်မိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder