Yuan – Cele Zone
Photo – Paing Takhon
UNICODE
ပရိသတ်ကြီးရေ မင်းသား ချော ပိုင်တံခွန် ကတော့ လက်ရှိမှာ အရမ်းကို အောင်မြင်ကျော် ကြားနေတဲ့ မင်းသားလေး လို့ ဆိုနိုင်ပါတယ်။ အရပ်ရှည်ရှည် နဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင် ထားတဲ့ ပိုင်တံခွန် တစ်ယောက် ထိုင်းနိုင်ငံ က မိန်းကလေး ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစား အောင်မြင်နေတာ ဖြစ်ပါတယ်။
ပိုင်တံခွန် က ဆံပင်အရှည်လေး နဲ့ တောင် ချောမော ခန့်ညား နေသလို အရပ်လည်း ရှည်ပြီး ယောက်ျား ပီသတဲ့ Body မျိုးကို ပိုင်ဆိုင် ထားတာ ဖြစ်ပါတယ် ။ စကားပြော ရာမှာလည်း အသံဝဲဝဲလေး နဲ့ ပြောတတ်တဲ့ တံခွန်က စိတ်သဘောထားနူးညံ့သူ ဖြစ်ပြီး အေးအေး ဆေးဆေး နေထိုင်တတ် တာလေးတွေကြောင့် မိန်းမလှလေး တွေကြွေနေရတာပါ ။
တံခွန်က တော့ မကြာသေးခင် ကမှ မြဝတီမှာ ရဟန်းပြုခဲ့တာ ဖြစ်ပြီး သူရဲ့ ရဟန်းဝတ် နဲ့ ကြည်ညိုစရာပုံရိပ်လေးတွေက ခုဆိုရင်တရုတ် ပြည်မှာ အတော်လေးလူကြိုက်များ အောင်မြင်နေတာဖြစ်ပါတယ်။ အချိန်တိုင်း လိုလို သတင်းတွေမှာ ခန့်တဲ့ မြန်မာဘုန်းကြီး ဆိုပြီး ဖော်ပြခြင်းခံ နေရပြီး တရုတ်မလေးတွေသည်းသည်းလှုပ်အားပေးနေကြတာ weibo hot search မှ ာတောင် no .20 ဝင်နေပြီဖြစ်ကြောင်းလည်း ဖော်ပြထားတာဖြစ်ပါတယ်။ တကယ်ကို ဂုဏ်ယူဝမ်းသာမဆုံဖြစ်မိတာ အမှန်ပါပဲနော်။
Yuan – Cele Zone
Photo – Paing Takhon