သူမရဲ့အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး အမ်ိဳးမ်ိဳးေသာ ေဝဖန္မႈေတြကို လ်စ္လ်ဴရႈကာ ခ်စ္ရတဲ့သားေလးနဲ႔အတူ ဘဝကို ေအးေအးလူလူျဖတ္သန္းေနတဲ့ မယ္လိုဒီဟာ တစ္ကိုယ္တည္း ရပ္တည္ေနတဲ့ဘဝမွာလည္း ေဝဖန္တိုက္ခိုက္သူေတြ အမ်ားအျပားၾကဳံရပါတယ္။ ခင္ပြန္းမရွိဘဲ မိန္းမသား တစ္ေယာက္လည္း သားေလးကိုအေကာင္းဆုံးျဖစ္ေအာင္ ပ်ိဳးေထာင္ေနတဲ့အခ်ိန္မွာ ဒီလိုတိုက္ခိုက္မႈေတြဟာ အေတာ္ေလးဆိုးပါတယ္။

သူမရဲ့အလွပုံေတြကို ” ခ်စ္လိုမိန္းကေလးမ်ိဳးကိုမွမခ်စ္ရင္ ဘယ္လို မိန္းကေလးမ်ိဳး ခ်စ္ခ်င္လဲ ကို ” ဆိုၿပီးတင္လိုက္ တဲ့အခ်ိန္မွာ အမ်ိဳးသားတစ္ေယာက္က ” ခ်စ္ကိုခ်စ္မိရင္ ရွိသမၽွေျပာင္မွာမို႔ မခ်စ္ရဲပါဘူးေနာ္ ” ဆိုၿပီး ခပ္ေထ့ေထ့ မွတ္ခ်က္လာေပးခဲ့ပါတယ္။ ဒီမွတ္ခ်က္ကို Screenshot ရိုက္ၿပီး ေမေမမ်ိဳးက ” မရွိတာကို အရွိထင္ ရွိတာကို မရွိထင္ၿပီး ထင္တစ္လုံးနဲ႔ တစ္ဖက္ပိတ္ေတြ ကၽြန္မ post ေအာက္မွာ လာေရးေနတာ ေယာက္ဖေတာ္ ၾကည့္လိုက္ တစ္မ်ိဳးလုံး ထိမိေစာင့္တက္ အာစိသြားမယ္ အဟြန္း ” ဟုဆိုကာ သူမရဲ့လူမႈကြန္ရက္မွာ ျပန္လည္ေဝမၽွခဲ့ပါတယ္။

ဒီလိုတုံ႔ျပန္ပုံကိုလည္း ပရိသတ္ေတြက အရမ္းကို သေဘာက်ေနခဲ့ၾကပါတယ္။ တစ္ေယာက္တည္းရပ္တည္ေနတဲ့ အမ်ိဳးသမီးေတြဟာ သတၱိအရွိဆုံးပါပဲ။ အမ်ိဳးသားေတြေတာင္ ကေလးတစ္ေယာက္ရဲ့ေဝယ်ာ ဝစၥအဝဝကို တာဝန္ယူနိုင္ဖို႔ဆိုတာ မလြယ္ကူပါဘူး။ ေမေမမ်ိဳး ကေတာ့ သတၱိရွိၿပီး ရဲရင့္တဲ့မိခင္တစ္ေယာက္ျဖစ္သလို ဆုံးျဖတ္ခ်က္ျပတ္ သားတဲ့အမ်ိဳးသမီးတစ္ေယာက္ဆိုလည္း မမွားပါဘူး။

Happy – Cele Zone

unicode

သူမရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အမျိုးမျိုး သောဝေဖန်မှုတွေကို လျစ်လျူရှုကာ ချစ်ရတဲ့ သားလေးနဲ့အတူ ဘဝကို အေးအေးလူလူဖြတ်သန်းနေတဲ့ မယ်လိုဒီဟာ တစ်ကိုယ်တည်း ရပ်တည်နေတဲ့ဘဝမှာလည်း ဝေဖန်တိုက်ခိုက် သူတွေ အများအပြားကြုံရပါတယ်။ ခင်ပွန်းမရှိဘဲ မိန်းမသား တစ်ယောက်လည်း သားလေးကိုအကောင်းဆုံးဖြစ်အောင် ပျိုးထောင်နေတဲ့အချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေဟာ အတော်လေးဆိုးပါတယ်။

သူမရဲ့အလှပုံတွေကို ” ချစ်လိုမိန်းကလေးမျိုးကိုမှ မချစ်ရင် ဘယ်လို မိန်းကလေးမျိုး ချစ်ချင်လဲ ကို ” ဆိုပြီးတင်လိုက် တဲ့အချိန်မှာ အမျိုးသားတစ်ယောက်က ” ချစ်ကိုချစ်မိရင် ရှိသမျှပြောင်မှာမို့ မချစ်ရဲပါဘူးနော် ” ဆိုပြီး ခပ်ထေ့ထေ့ မှတ်ချက်လာပေးခဲ့ပါတယ်။ ဒီမှတ်ချက်ကို Screenshot ရိုက်ပြီး မေမေမျိုးက ” မရှိတာကို အရှိထင် ရှိတာကို မရှိထင်ပြီး ထင်တစ်လုံးနဲ့ တစ်ဖက်ပိတ်တွေ ကျွန်မ post အောက်မှာ လာရေးနေတာ ယောက်ဖတော် ကြည့်လိုက် တစ်မျိုးလုံး ထိမိစောင့်တက် အာစိသွားမယ် အဟွန်း ” ဟုဆိုကာ သူမရဲ့လူမှုကွန်ရက်မှာ ပြန်လည်ဝေမျှခဲ့ပါတယ်။

ဒီလိုတုံ့ပြန်ပုံကိုလည်း ပရိသတ်တွေက အရမ်းကိုသဘောကျ နေခဲ့ကြပါတယ်။ တစ်ယောက်တည်းရပ်တည်နေတဲ့ အမျိုးသမီးတွေဟာ သတ္တိအရှိဆုံးပါပဲ။ အမျိုးသားတွေတောင် ကလေးတစ်ယောက်ရဲ့ဝေယျာဝစ္စအဝဝကို တာဝန်ယူ နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ မေမေမျိုးကတော့ သတ္တိရှိပြီး ရဲရင့်တဲ့မိခင်တစ်ယောက်ဖြစ်သလို ဆုံးဖြတ်ချက်ပြတ် သားတဲ့အမျိုးသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး။

Happy – Cele Zone