ျမန္မာနိုင္ငံက လူငယ္ေတြ ကေတာ့ လူထု လႈပ္ရွားမႈေတြ စတင္ ခဲ့တဲ့အခ်ိန္ ကစၿပီး ယေန႔အခ်ိန္ အထိတိုင္ ေအာင္ ကိုယ့္နိုင္ငံ အတြက္ ႀကိဳးစား အားထုတ္ေပးေနၾက တာ ျဖစ္ပါတယ္ ။ လူငယ္ ေတြက ေန႔စဥ္ ေန႔တိုင္း လမ္းေပၚကို ထြက္ၿပီး မားမား မတ္မတ္ ရပ္တည္ ေပးသလို ရဲရင့္တဲ့ စိတ္ဓာတ္ နဲ႔ ျပည္သူေတြ ကို ကာကြယ္ေပးေန တာလည္း ျဖစ္ပါတယ္ ။ ကိုယ္က်ိဳး စြန္႔ၿပီး အနစ္နာခံ ၾကတဲ့ လူငယ္ ေတြက အိုင္ဒီယာ အသစ္ အဆန္းေတြကို လည္း အျမဲတမ္း စဥ္စားၾကၿပီး ေန႔ေရာညပါ ဆႏၵ ထုတ္ေဖာ္ ေနၾကတာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ ရက္ကဆိုရင္ လည္း ေတာင္ဒဂုံ ၿမိဳ႕နယ္မွာ လူစုခြဲ ၿဖိဳခြင္းမႈ ေတြနဲ႔ ၾကဳံေတြ႕ ရ တာေၾကာင့္ ျပည္သူ တစ္ခ်ိဳ႕ အသက္ ဆုံးရႈံးသြားခဲ့ ရတာပဲ ျဖစ္ပါတယ္ ။ အႏၲရာယ္ ရွိေနတဲ့ၾကားကေန ျပည္သူေတြ ကိုကာကြယ္ဖို႔ အတြက္ အတူရွိေပးခဲ့တဲ့ လူငယ္ေတြ ကေတာ့ သူတို႔ရဲ့ ေနအိမ္ေတြ ကိုေတာင္ မျပန္ နိုင္ဘဲ လမ္းေပၚမွာေနခဲ့ရတာ ျဖစ္ပါတယ္။ အိမ္ျပန္ၿပီး ထမင္း မစားနိုင္ ေသးတဲ့ လူငယ္ေတြ အတြက္ ေစတနာရွင္ ေတြကလည္း ေခါက္ဆြဲ ျပဳတ္ေတြ ဇလုံႀကီး နဲ႔ ထည့္ၿပီး လႉခဲ့ၾကတာ ျဖစ္ပါတယ္ ။

ေတာင္ဒဂုံ ၿမိဳ႕နယ္က လူငယ္ေတြ ကေတာ့ အလႉရွင္ ေတြလာေပးတဲ့ ေခါက္ဆြဲ ျပဳတ္ေတြကို ဝမ္းသာအားရ နဲ႔ စားခဲ့ၾက တာပဲ ျဖစ္ပါတယ္ ။ လူငယ္ ေတြက ကိုယ့္နိုင္ငံ အတြက္ တာဝန္ ေက်ပြန္ ေနၾကတာျဖစ္ၿပီး ရွိတာေလးနဲ႔ အဆင္ေၿပ သလို ဝိုင္းဖြဲ႕ စားေသာက္ ေနၾကတာပဲ ျဖစ္ပါတယ္။ ဒီျမင္ကြင္း ကို မွတ္တမ္း တင္ခဲ့တဲ့ ျပည္သူတစ္ဦးက “သူတို႔ကို ၾကည့္ရတာ ဘာစိတ္ေသာကမွ မရွိဘူး ကၽြန္ေတာ္တို႔ သူတို႔ေတြ အတြက္လိုတာ ျဖည့္ေပးနိုင္ဖို႔ ​ဆက္ႀကိဳး စားၾကရမယ္” ဆိုၿပီး ပုံရိပ္ေတြနဲ႔ ဗီဒီယိုဖိုင္ တစ္ခုကို မၽွေဝ ခဲ့တာ ျဖစ္ပါတယ္ ။

Source & Video Credit-MM Load

UNICODE

မြန်မာနိုင်ငံက လူငယ်တွေ ကတော့ လူထု လှုပ်ရှားမှုတွေ စတင် ခဲ့တဲ့အချိန် ကစပြီး ယနေ့အချိန် အထိတိုင် အောင် ကိုယ့်နိုင်ငံ အတွက် ကြိုးစား အားထုတ်ပေးနေကြ တာ ဖြစ်ပါတယ် ။ လူငယ် တွေက နေ့စဉ် နေ့တိုင်း လမ်းပေါ်ကို ထွက်ပြီး မားမား မတ်မတ် ရပ်တည် ပေးသလို ရဲရင့်တဲ့ စိတ်ဓာတ် နဲ့ ပြည်သူတွေ ကို ကာကွယ်ပေးနေ တာလည်း ဖြစ်ပါတယ် ။ ကိုယ်ကျိုး စွန့်ပြီး အနစ်နာခံ ကြတဲ့ လူငယ် တွေက အိုင်ဒီယာ အသစ် အဆန်းတွေကို လည်း အမြဲတမ်း စဉ်စားကြပြီး နေ့ရောညပါ ဆန္ဒ ထုတ်ဖော် နေကြတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရက်ကဆိုရင် လည်း တောင်ဒဂုံ မြို့နယ်မှာ လူစုခွဲ ဖြိုခွင်းမှု တွေနဲ့ ကြုံတွေ့ ရ တာကြောင့် ပြည်သူ တစ်ချို့ အသက် ဆုံးရှုံးသွားခဲ့ ရတာပဲ ဖြစ်ပါတယ် ။ အန္တရာယ် ရှိနေတဲ့ကြားကနေ ပြည်သူတွေ ကိုကာကွယ်ဖို့ အတွက် အတူရှိပေးခဲ့တဲ့ လူငယ်တွေ ကတော့ သူတို့ရဲ့ နေအိမ်တွေ ကိုတောင် မပြန် နိုင်ဘဲ လမ်းပေါ်မှာနေခဲ့ရတာ ဖြစ်ပါတယ်။ အိမ်ပြန်ပြီး ထမင်း မစားနိုင် သေးတဲ့ လူငယ်တွေ အတွက် စေတနာရှင် တွေကလည်း ခေါက်ဆွဲ ပြုတ်တွေ ဇလုံကြီး နဲ့ ထည့်ပြီး လှူခဲ့ကြတာ ဖြစ်ပါတယ် ။

တောင်ဒဂုံ မြို့နယ်က လူငယ်တွေ ကတော့ အလှူရှင် တွေလာပေးတဲ့ ခေါက်ဆွဲ ပြုတ်တွေကို ဝမ်းသာအားရ နဲ့ စားခဲ့ကြ တာပဲ ဖြစ်ပါတယ် ။ လူငယ် တွေက ကိုယ့်နိုင်ငံ အတွက် တာဝန် ကျေပွန် နေကြတာဖြစ်ပြီး ရှိတာလေးနဲ့ အဆင်ပြေ သလို ဝိုင်းဖွဲ့ စားသောက် နေကြတာပဲ ဖြစ်ပါတယ်။ ဒီမြင်ကွင်း ကို မှတ်တမ်း တင်ခဲ့တဲ့ ပြည်သူတစ်ဦးက “သူတို့ကို ကြည့်ရတာ ဘာစိတ်သောကမှ မရှိဘူး ကျွန်တော်တို့ သူတို့တွေ အတွက်လိုတာ ဖြည့်ပေးနိုင်ဖို့ ​ဆက်ကြိုး စားကြရမယ်” ဆိုပြီး ပုံရိပ်တွေနဲ့ ဗီဒီယိုဖိုင် တစ်ခုကို မျှဝေ ခဲ့တာ ဖြစ်ပါတယ် ။

Source & Video Credit-MM Load