ဆာတိုရီ ႐ုပ္ရွင္ ထုတ္လုပ္ေရး ရဲ့ စင္တင္ မင္းသား တစ္ေယာက္ျဖစ္တဲ့ ေဒါင္း ကေတာ့ အႏုပညာ ေလာကထဲကို ဝင္ေရာက္လာခဲ့တာ ႏွစ္ အေတာ္ၾကာခဲ့ၿပီဆိုေပမယ့္ “လိပ္ျပာစံအိမ္” ႐ုပ္ရွင္ ဇာတ္ကားႀကီး နဲ႔ ေအာင္ျမင္မႈ အႀကီးအက်ယ္ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ တစ္ေန႔ တစ္ျခား ေအာင္ျမင္မႈေတြ တိုးပြားရရွိလာတဲ့ ေဒါင္း ကေတာ့ အရည္အတြက္ ထက္ အရည္အခ်င္းကို ပိုၿပီး ဦးစားေပးတာေၾကာင့္ တစ္ႏွစ္ မွာ ႐ုပ္ရွင္ဇာတ္ကား အနည္းငယ္ ကိုသာရိုက္ကူးသူတစ္ေယာက္ ျဖစ္ပါတယ္။ ေဒါင္း ကေတာ့ လက္ရွိမွာ ထိုင္းအႏုပညာရွင္ ေတြနဲ႔ ရိုက္ကူးမယ့္ From Chaophraya to Ayeyarwaddy ဇာတ္လမ္းတြဲ အတြက္ ထိုင္း နိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို ေရာက္ရွိ ေနတဲ့အေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“ကၽြန္ေတာ္ ” From Chaophraya to Ayeyarwaddy” ဇာတ္လမ္းတြဲ ရိုက္ကူးဖို႔ Bangkok ကိုေရာက္ေနပါတယ္။ ဒီေန႔နဲ႔ဆို Quarantine ဝင္ေနတာ ၄ ရက္ရွိသြားပါၿပီ။ ဒီဇာတ္ကား ​က ထိုင္းက အႏုပညာရွင္ ေတြရယ္၊ ျမန္မာအႏုပညာရွင္ေတြရယ္ အတူပူးေပါင္း ပါဝင္ရိုက္ကူးၾကမယ့္ ကားျဖစ္ၿပီး ထိုင္းဒါရိုက္တာ Chartchai Ketnust ရိုက္ကူးမွာျဖစ္ပါတယ္။ Quarantine ကာလၿပီးသြားရင္ training လည္းဝင္ရမွာျဖစ္တဲ့အတြက္ ကၽြန္ေတာ္ အခ်ိန္အားရင္အားသလို စာဖတ္ျပတဲ့ live လႊင့္ဖ္ို႔ႀကိဳးစားပါ့မယ္ခင္ဗ် ။ပ်က္ကြက္မႈမ်ား ရွိခဲ့ရင္လည္း ခြင့္လႊတ္နားလည္ေပးၾကဖို႔ ႀကိဳေတာင္းပန္ပါရေစခင္ဗ် ။ဒီၾကားထဲမွာစာဖတ္ျပတာနားေထာင္ခ်င္ခဲ့ရင္ Daung Reading Club Group ထဲမွာ ဝင္ေရာက္နားဆင္နိုင္ၾကပါတယ္ခင္ဗ်။” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။

” From Chaophraya to Ayeyarwaddy” ဇာတ္လမ္း တြဲကေတာ့ ေဒါင္းအေန နဲ႔ ဒုတိယအ ႀကိမ္ ထိုင္းနိုင္ငံ နဲ႔ ပူးေပါင္း တဲ့ ဇာတ္ကား ျဖစ္ၿပီး ႏွစ္နိုင္ငံပူးေပါင္းရိုက္ကူးတဲ့ ဇာတ္လမ္းတြဲ ျဖစ္တာမို႔ ပရိသတ္ေတြက အရမ္းေမၽွာ္လင့္ေနၾကတာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေဒါင္းရဲ့ ” From Chaophraya to Ayeyarwaddy” ဇာတ္လမ္းတြဲကို ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္ေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါ ေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: DAUNG ‘s fb
Bilie – Cele Connections

UNICODE

ဆာတိုရီ ရုပ်ရှင် ထုတ်လုပ်ရေး ရဲ့ စင်တင် မင်းသား တစ်ယောက်ဖြစ်တဲ့ ဒေါင်း ကတော့ အနုပညာ လောကထဲကို ဝင်ရောက်လာခဲ့တာ နှစ် အတော်ကြာခဲ့ပြီဆိုပေမယ့် “လိပ်ပြာစံအိမ်” ရုပ်ရှင် ဇာတ်ကားကြီး နဲ့ အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နေ့ တစ်ခြား အောင်မြင်မှုတွေ တိုးပွားရရှိလာတဲ့ ဒေါင်း ကတော့ အရည်အတွက် ထက် အရည်အချင်းကို ပိုပြီး ဦးစားပေးတာကြောင့် တစ်နှစ် မှာ ရုပ်ရှင်ဇာတ်ကား အနည်းငယ် ကိုသာရိုက်ကူးသူတစ်ယောက် ဖြစ်ပါတယ်။ ဒေါင်း ကတော့ လက်ရှိမှာ ထိုင်းအနုပညာရှင် တွေနဲ့ ရိုက်ကူးမယ့် From Chaophraya to Ayeyarwaddy ဇာတ်လမ်းတွဲ အတွက် ထိုင်း နိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိ နေတဲ့အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“ကျွန်တော် ” From Chaophraya to Ayeyarwaddy” ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ Bangkok ကိုရောက်နေပါတယ်။ ဒီနေ့နဲ့ဆို Quarantine ဝင်နေတာ ၄ ရက်ရှိသွားပါပြီ။ ဒီဇာတ်ကား ​က ထိုင်းက အနုပညာရှင် တွေရယ်၊ မြန်မာအနုပညာရှင်တွေရယ် အတူပူးပေါင်း ပါဝင်ရိုက်ကူးကြမယ့် ကားဖြစ်ပြီး ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးမှာဖြစ်ပါတယ်။ Quarantine ကာလပြီးသွားရင် training လည်းဝင်ရမှာဖြစ်တဲ့အတွက် ကျွန်တော် အချိန်အားရင်အားသလို စာဖတ်ပြတဲ့ live လွှင့်ဖ်ို့ကြိုးစားပါ့မယ်ခင်ဗျ ။ပျက်ကွက်မှုများ ရှိခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးကြဖို့ ကြိုတောင်းပန်ပါရစေခင်ဗျ ။ဒီကြားထဲမှာစာဖတ်ပြတာနားထောင်ချင်ခဲ့ရင် Daung Reading Club Group ထဲမှာ ဝင်ရောက်နားဆင်နိုင်ကြပါတယ်ခင်ဗျ။” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

” From Chaophraya to Ayeyarwaddy” ဇာတ်လမ်း တွဲကတော့ ဒေါင်းအနေ နဲ့ ဒုတိယအ ကြိမ် ထိုင်းနိုင်ငံ နဲ့ ပူးပေါင်း တဲ့ ဇာတ်ကား ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းရိုက်ကူးတဲ့ ဇာတ်လမ်းတွဲ ဖြစ်တာမို့ ပရိသတ်တွေက အရမ်းမျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒေါင်းရဲ့ ” From Chaophraya to Ayeyarwaddy” ဇာတ်လမ်းတွဲကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါ စေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: DAUNG ‘s fb
Bilie – Cele Connections