


Credit ; Swelsone News

unicode

ပရိသတ်တို့ရဲ့ တစ်ခဲအားပေး ချစ်ခင်မှု တွေကို အပြည့်အဝရရှိထားကြပြီး ချစ်စရာသားချောလေ းနဲ့အတူ ကြည်နူးပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတဲ့ ဆယ်လီစုံတွဲလေးကတော့ ဘောလုံးသမားအောင်သူ နဲ့ မင်းသမီးချောပိုးအိအိခန့်တို့ စုံတွဲလေးပါပဲ..။ရှေ့သွားနောက်လိုက်နဲ့ လိုက်ဖက်လွန်းကြသလို ကြင်နာဂရုစိုက်မှုတွေနဲ့ အားကျစေတဲ့ သူတို့ဇနီးမောင်နှံရဲ့ သားချောလေး ဖြစ်တဲ့ သွင်ဦးဟန်လေးကိုလည်း ပရိသတ်တွေက ချစ်ခင် အားပေးကြတာလည်း တွေ့ရပါတယ်နော်..။

မိသားစုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ ပိုးအိ တစ်ယောက် အခုတစ်ခါ မှာလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ချစ်ရတဲ့ခင်ပွန်းဖြစ်သူအောင်၊ သားလေးတို့နဲ့အတူ မိသားစုလိုက်ပြောင်းရွေ့နေထိုင်တော့မယ့်အကြောင်းလေး ကို ပြောပြလာပါတယ်နော်..။မကြာခင်မှာပဲ ဘန်ကောက်ကို ပြောင်းရွှေ့တော့မှ ာဖြသ်တာမို့ လုပ်စရာရှိတဲ့အလုပ်လေးတွေကိုလည်း လက်စသတ်လုပ်ချင်သေးတဲ့ အကြောင်းလေးကို ပြောပြကာ သားလေးနဲ့ အတူ ချစ်စရာပုံလေးတွေကိုလည်း ဝေမျှထားပါေ သးတယ်နော်..။

“Bangkok လည်းပြောင်းရတော့မှ ာဆိုတော့ မပြောင်းခင်လေး အလုပ် လုပ်ပါရစေ 😁 ဒီည ရနာရီ ဆိုင်လက်ကျန်ဖြတ် ပိတ်စလေးတွေ အထည်လေးတွေ ဈေးတန်တန်နဲ့ ရောင်းပေးမယ့် live sale လေးရှိပါတယ် စောင့်ကြည့်ပြီး အားပေးဖို့ သတင်းပေးပါရစေ အချစ်တို့ရေ..” ဆိုပြီး ရေးသားပြောပြထားတာပါ..။ပရိသတ်တွေ ကလည်း ပိုးအိအိခန့်တို့ မိသားစုလေးကို အားပေးချစ်ခင်နေကြတဲ့ အကြောင်းလေးတွေနဲ့ ဘန်ကောက်ကို ပြောင်းတော့မယ့်အကြောင်း လေးတွေကို မေးမြန်းထားကြ တာလည်း တွေ့ရပါတယ်နော်..။

Credit ; Swelsone News