ပရိသတ်ကြီးရေ မိတ်ကပ် ပညာရှင်အဖြစ် အောင်မြင်မှု များစွာ ရရှိထားတဲ့ မေဦး ကတော့ ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အင်တိုက်အား တိုက်ပါဝင်ခဲ့တာမို့ ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရသူပဲ ဖြစ်ပါတယ်။ အရေးတော်ပုံ အောင်မြင်ဖို့အတွက် ခိုင်မာပြတ်သားတဲ့ ယုံကြည်မှုတွေကြောင့် မေဦးက Gen Z လူငယ်လေးတွေ နဲ့အတူ လွတ်မြောက် နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေတာလည်းဖြစ်ပါတယ်နော်။

ပြည်သူချစ် အနုပညာရှင်အဖြစ်ကနေ ပြည်သူကို အကာအကွယ်ပေးတဲ့ အနုပညာရှင် အနေနဲ့ ရဲရဲဝင့်ဝင့် ရပ်တည်လာတဲ့ မေဦးရဲ့စိတ်ဓာတ်နဲ့ခံယူချက်ကတော့ တကယ်ကိုလေးစားဖို့ကောင်းပါတယ်။ မေဦးက လွတ်မြောက်နယ်မြေမှာ အခက်အခဲ ဒုက္ခတွေနဲ့ စစ်သင်တန်းတက် ရောက်နေရင်း မကြာသေးမီကတော့ သူ့ရဲ့ Facebookစာမျက်နှာ စိတ်မကောင်း ဖြစ်စရာစာလေးရေးလာတာတွေ့ရပါတယ်…..။

မေဦးက “အမေ့ကိုလည်း လွမ်းတယ် အိမ်ကိုလည်း လွမ်းတယ် ကိုယ်ချစ်တဲ့ အလုပ်ကိုလည်း လွမ်းတယ် အစား အသောက်တွေလည်း လွမ်းတယ် အရာရာအားလုံးလည်း လွမ်းတယ်💔…….” ဆိုပြီးရေးသားထားခဲ့ပါတယ်။မေဦးကို ‌commentsတွေက နေတစ်ဆင့် အနုပညာရှင်တွေကလည်း အားပေးနှစ်သိမ့်ထားကြတာတွေ့ရပါတယ်။ ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: May Oo’s Facebook acc
crd : MM Load

ZAW GYI

ပရိသတ္ႀကီးေရ မိတ္ကပ္ ပညာရွင္အျဖစ္ ေအာင္ျမင္မႈ မ်ားစြာ ရရွိထားတဲ့ ေမဦး ကေတာ့ ေဖေဖာ္ဝါရီလ တစ္ရက္ေန႔ကတည္းက စတင္ခဲ့တဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ အင္တိုက္အား တိုက္ပါဝင္ခဲ့တာမို႔ ၅၀၅ က ျဖင့္ အမႈဖြင့္ အေရးယူျခင္း ခံထားရသူပဲ ျဖစ္ပါတယ္။ အေရးေတာ္ပုံ ေအာင္ျမင္ဖို႔အတြက္ ခိုင္မာျပတ္သားတဲ့ ယုံၾကည္မႈေတြေၾကာင့္ ေမဦးက Gen Z လူငယ္ေလးေတြ နဲ႔အတူ လြတ္ေျမာက္ နယ္ေျမမွာ စစ္သင္တန္းတက္ေရာက္ေနတာလည္းျဖစ္ပါတယ္ေနာ္။

ျပည္သူခ်စ္ အႏုပညာရွင္အျဖစ္ကေန ျပည္သူကို အကာအကြယ္ေပးတဲ့ အႏုပညာရွင္ အေနနဲ႔ ရဲရဲဝင့္ဝင့္ ရပ္တည္လာတဲ့ ေမဦးရဲ့စိတ္ဓာတ္နဲ႔ခံယူခ်က္ကေတာ့ တကယ္ကိုေလးစားဖို႔ေကာင္းပါတယ္။ ေမဦးက လြတ္ေျမာက္နယ္ေျမမွာ အခက္အခဲ ဒုကၡေတြနဲ႔ စစ္သင္တန္းတက္ ေရာက္ေနရင္း မၾကာေသးမီကေတာ့ သူ႔ရဲ့ Facebookစာမ်က္ႏွာ စိတ္မေကာင္း ျဖစ္စရာစာေလးေရးလာတာေတြ႕ရပါတယ္…..။

ေမဦးက “အေမ့ကိုလည္း လြမ္းတယ္ အိမ္ကိုလည္း လြမ္းတယ္ ကိုယ္ခ်စ္တဲ့ အလုပ္ကိုလည္း လြမ္းတယ္ အစား အေသာက္ေတြလည္း လြမ္းတယ္ အရာရာအားလုံးလည္း လြမ္းတယ္💔…….” ဆိုၿပီးေရးသားထားခဲ့ပါတယ္။ေမဦးကို ‌commentsေတြက ေနတစ္ဆင့္ အႏုပညာရွင္ေတြကလည္း အားေပးႏွစ္သိမ့္ထားၾကတာေတြ႕ရပါတယ္။ ပရိသတ္ေတြ အတြက္ ျပန္လည္မၽွေဝေပးလိုက္ပါတယ္ေနာ္။

Source: May Oo’s Facebook acc
crd : MM Load