ပရိတ်သတ်ကြီးရေ….အနုပညာ လောကမှာ ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်မှာပိုင်ပြင်နိုင်စွာနဲ့သရုပ်ဆောင်ရင်းပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုအပြည့်အဝ သိမ်းပိုက်ထားတဲ့ မင်းသားချော တစ်ယောက်ကတော့ နေဒွေးပဲဖြစ်ပါတယ်နော်.။နှုတ်ခမ်းနီမလေး တွေရဲ့အသည်းကျော်နေဒွေးဟာဆိုရင် ဆွဲဆောင်မှု ရှိတဲ့ခန္ဓာကိုယ်အချိုးအစား ကိုပိုင်ဆိုင်ထားပြီး ချိုသာတဲ့ အပြုံးလေးတွေကြောင့် ပရိတ်သတ်က ချစ်မဝဖြဟ်နေကြတာပဲဖြစ်ပါတယ်..။
အလှူအတန်းရက်ရော လွန်းတဲ့နေဒွေးက လတ်ရှိမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေး အခြေအနေတွေကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ပြည်သူတွေကိုလည်းနေ့စဉ်ရက်စက် သူတတ်နိုင်လောက်လှူဒါန်း နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ် ပရိတ်သတ်ကြီးရေ.။နေဒွေးဟာဆိုရင် မိဘအပေါ်မှာလည်းအရမ်းကိုသိတတ်တဲ့သားလိမ္မာလေးတစ်ယောက်ဖြစ်သလို အမေကို လညး်အမြဲစိတ်ချမ်းသာအောင်ထားတဲ့ မွေးရကျိုး နပ်တဲ့သားလေးတစ်ယောက်ပဲဖြစ်ပါတယ်..။နေဒွေးဟာဆိုရင် အခုလိုအနုပညာ လုပ်ငန်းတွေကိုနားထားရတဲ့အချိန်မှာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း ကိုလုပ်ကိုင် နေတာပဲဖြစ်ပါတယ်နော်။သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဂျစ်တူးအော်ဂန်းနစ် စူပါဆန်ရောင်းဝယ်ရောင်း ကနေလည်း ဆန်အိတ်တွေကို အမြဲလှူဒါနိးနေတာပဲဖြစ်ပါတယ်.။
ဒီကနေ့မှာဆိုရင်လည်း နေဒွေးက ဒဂုံဆိပ်ကမ်း(၆၀)ရပ်ကွက်မှ စားဝတ် နေရေးအခက်အခဲဖြစ်နေကြတဲ့ အိမ်ထောင်စု တွေအတွက် ဆန်နဲ့ဆီတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုလှူဒါန်း ဖြစ်ခဲ့ပုံကို နေဒွေးကအခုလို ပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။”ဤနေ့ကုသိုလ်🙏🏼🙏🏼🙏🏼 ဒဂုံဆိပ်ကမ်း ၆ဝရပ်ကွက်တွင်နေထိုင်သောစားဝတ်နေရေးခက်ခဲနေသောသက်ကြီးရွယ်အိုအဖိုးအဖွား များအတွက် JITTOO အော်ဂန်းနစ် စူပါဆန် နှင့် ဆီ အလှုငွေများလှုဒါန်းခဲ့ပါသည်🥰ပူပေါင်းပါဝင်လှုဒါန်းသူများကိုလည်းကျေးဇူးအထူးပါ❤️ #JITTOO🦁”ဆိုပြီး သူရဲ့အလှူလေးကို ပုံနဲ့တကွတင်ပေးလာတာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးကလည်းနေဒွေးရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးကြပါအုံးနော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
SOURCE; Nay Dway Facebook acc
Credit ; Celebrity Platforms
ZAW GYI