လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်မြို့၊ဗိုလ်တစ်ထောင်မြို့နယ်ရှိ ၄၄လမ်းမှာ လက်နက်ကိုင်တပ်တွေ ရဲ့ဖမ်းဆီးမှုကြောင့် လူငယ်တစ်ချို့ တိုက်ပေါ်ကနေ ခုန်ချခဲ့တဲ့ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့တာကို ပရိသတ်တွေလည်း သိကြမယ်ထင်ပါတယ်။ ၎င်းဖြစ်စဉ်မှာ သေဆုံးခဲ့တယ်လို့ သတင်းထွက်ရှိခဲ့တဲ့ မောင်ကောင်းမင်းသန့်ဟာ အခုအချိန်မှာလွတ်မြောက် နယ်မြေကိုရောက်ရှိနေပြီလို့ သိရပါတယ်။အခုလိုလွတ်မြောက်သွားတဲ့ ဖြစ်စဉ်နဲ့ပက်သက်ပြီး ပြည်သူတွေကြားမှာ မေးခွန်းထုတ်စရာများစွာရှိလာခဲ့ပြီး ဒလန်လို့ စွပ်စွဲချက်အချို့ပါ ထွက်ပေါ်လာခဲ့ပါတယ်။ဒီအကြောင်းအရာ နဲ့ ပက်သက်ပြီး ပန်ဆယ်လိုဟာ သူမရဲ့ထင်မြင်ချက်
နဲ့ ယူဆချက်အကြောင်းအရာတစ်ချို့ကို Facebook စာမျက်နှာမှာ ရေးသားလာခဲ့ပါတယ်။

အကြောင်းအရာ အပြည့်အစုံ ကတော့ “၄၄ လမ်းကိစ္စ မှာ သေဆုံးသူလို့ သတင်းထွက်ပေါ်ထားတဲ့ လူငယ်လေးဟာ လွတ်မြောက်နယ် မြေတစ်နေရာကို ရောက်ရှိနေတဲ့ Live Video ပေါ်ထွက်လာတယ်။ သူပြောသွားတဲ့ အချက်တွေ ထဲမှာ (၁)သူတို့ကို စစ်ကောင်စီက ဘယ်လိုအကွက်ဆင် ဖမ်းဆီးခဲ့တယ်ဆိုတဲ့ကိစ္စ(၂)မပန်းသီးရဲ့ အရှက် ပေါ်နေတဲ့ ရုပ်အလောင်းကိစ္စ (၃)YMBA အပါအဝင် အဲ့နေ့က ပေါက်ကွဲမှုတွေ ကို စစ်ကောင်စီက ကိုယ်တိုင်ပြုလုပ်ပြီး အပြစ်ပုံချတဲ့ကိစ္စ (၄)မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုပြီး စွပ်စွဲတဲ့ကိစ္စ(၅)ဖမ်းမိသွားတဲ့ လူငယ်နှစ်ဦးကို MWD,MRTV မှာ လိမ်လည်ထွက်ဆိုခိုင်းတာနဲ့ ဒီလူငယ်နှစ်ဦးဟာ ခြိမ်းခြောက်ခံရလို့ ထွက်ဆိုခဲ့ ရတာအပြင် ဒလန် မဟုတ်ဘူးဆိုတာတွေပါ။

ဒလန်လို့ ပြည်သူတွေ စိုးရိမ်နေကြတာမှန်ပေမယ့် စိုးရိမ်မှုလွန်ကဲနေရင်လည်း မကောင်းကြောင်း၊ ဘဝနဲ့ရင်း အသက်နဲ့ရင်းပြီးလုပ်‌နေရတဲ့ လူငယ်တွေအတွက် စိတ်ဓာတ်ကျ သွားနိုင်ကြောင်းလည်း ပန်ဆယ်လိုက ရေးသားထားပါတယ်။သူမနားလည်တဲ့ ပုံစံအရ လူငယ်လေးဟာ တံစက် မြိတ်အောက်မှာပုန်းနေခဲ့ပြီး လက်နက်ကိုင်တပ်တွေ မမြင်သွားခဲ့တာကြောင့် လွတ်မြောက်လာခဲ့တာဖြစ်ပြီး အသေးစိတ်သိချင်နေကြတဲ့ ပြည်သူတွေကိုလည်း သိသွားရင်အကျိုးမရှိနိုင်ကြောင်း၊ အန္တရာယ်များနိုင်ကြောင်းကို သူမအတွေ့အကြုံ နဲ့ ယှဉ်ကာရေးသားထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

crd……

ZAWGYI

လြန္ခဲ့တဲ့ ရက္ပိုင္းအတြင္းက ရန္ကုန္ၿမိဳ႕၊ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ရွိ ၄၄လမ္းမွာ လက္နက္ကိုင္တပ္ေတြ ရဲ့ဖမ္းဆီးမႈေၾကာင့္ လူငယ္တစ္ခ်ိဳ႕ တိုက္ေပၚကေန ခုန္ခ်ခဲ့တဲ့ျဖစ္စဥ္ တစ္ခုျဖစ္ပြားခဲ့တာကို ပရိသတ္ေတြလည္း သိၾကမယ္ထင္ပါတယ္။ ၎ျဖစ္စဥ္မွာ ေသဆုံးခဲ့တယ္လို႔ သတင္းထြက္ရွိခဲ့တဲ့ ေမာင္ေကာင္းမင္းသန႔္ဟာ အခုအခ်ိန္မွာလြတ္ေျမာက္ နယ္ေျမကိုေရာက္ရွိေနၿပီလို႔ သိရပါတယ္။အခုလိုလြတ္ေျမာက္သြားတဲ့ ျဖစ္စဥ္နဲ႔ပက္သက္ၿပီး ျပည္သူေတြၾကားမွာ ေမးခြန္းထုတ္စရာမ်ားစြာရွိလာခဲ့ၿပီး ဒလန္လို႔ စြပ္စြဲခ်က္အခ်ိဳ႕ပါ ထြက္ေပၚလာခဲ့ပါတယ္။ဒီအေၾကာင္းအရာ နဲ႔ ပက္သက္ၿပီး ပန္ဆယ္လိုဟာ သူမရဲ့ထင္ျမင္ခ်က္နဲ႔ ယူဆခ်က္အေၾကာင္းအရာတစ္ခ်ိဳ႕ကို Facebook စာမ်က္ႏွာမွာ ေရးသားလာခဲ့ပါတယ္။

အေၾကာင္းအရာ အျပည့္အစုံ ကေတာ့ “၄၄ လမ္းကိစၥ မွာ ေသဆုံးသူလို႔ သတင္းထြက္ေပၚထားတဲ့ လူငယ္ေလးဟာ လြတ္ေျမာက္နယ္ ေျမတစ္ေနရာကို ေရာက္ရွိေနတဲ့ Live Video ေပၚထြက္လာတယ္။ သူေျပာသြားတဲ့ အခ်က္ေတြ ထဲမွာ (၁)သူတို႔ကို စစ္ေကာင္စီက ဘယ္လိုအကြက္ဆင္ ဖမ္းဆီးခဲ့တယ္ဆိုတဲ့ကိစၥ(၂)မပန္းသီးရဲ့ အရွက္ ေပၚေနတဲ့ ႐ုပ္အေလာင္းကိစၥ (၃)YMBA အပါအဝင္ အဲ့ေန႔က ေပါက္ကြဲမႈေတြ ကို စစ္ေကာင္စီက ကိုယ္တိုင္ျပဳလုပ္ၿပီး အျပစ္ပုံခ်တဲ့ကိစၥ (၄)မူးယစ္ေဆးဝါးသုံးစြဲတယ္ဆိုၿပီး စြပ္စြဲတဲ့ကိစၥ(၅)ဖမ္းမိသြားတဲ့ လူငယ္ႏွစ္ဦးကို MWD,MRTV မွာ လိမ္လည္ထြက္ဆိုခိုင္းတာနဲ႔ ဒီလူငယ္ႏွစ္ဦးဟာ ၿခိမ္းေျခာက္ခံရလို႔ ထြက္ဆိုခဲ့ ရတာအျပင္ ဒလန္ မဟုတ္ဘူးဆိုတာေတြပါ။

ဒလန္လို႔ ျပည္သူေတြ စိုးရိမ္ေနၾကတာမွန္ေပမယ့္ စိုးရိမ္မႈလြန္ကဲေနရင္လည္း မေကာင္းေၾကာင္း၊ ဘဝနဲ႔ရင္း အသက္နဲ႔ရင္းၿပီးလုပ္‌ေနရတဲ့ လူငယ္ေတြအတြက္ စိတ္ဓာတ္က် သြားနိုင္ေၾကာင္းလည္း ပန္ဆယ္လိုက ေရးသားထားပါတယ္။သူမနားလည္တဲ့ ပုံစံအရ လူငယ္ေလးဟာ တံစက္ ၿမိတ္ေအာက္မွာပုန္းေနခဲ့ၿပီး လက္နက္ကိုင္တပ္ေတြ မျမင္သြားခဲ့တာေၾကာင့္ လြတ္ေျမာက္လာခဲ့တာျဖစ္ၿပီး အေသးစိတ္သိခ်င္ေနၾကတဲ့ ျပည္သူေတြကိုလည္း သိသြားရင္အက်ိဳးမရွိနိုင္ေၾကာင္း၊ အႏၲရာယ္မ်ားနိုင္ေၾကာင္းကို သူမအေတြ႕အၾကဳံ နဲ႔ ယွဥ္ကာေရးသားထားခဲ့ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

crd……