စကစ က အောင်ဆန်းရုပ်ရှင် ဆက်ရိုက်မယ့် ကိစ္စကို ဒါရိုက်တာ လူမင်းက လုံးဝလက်မခံဘူး လို့ အင်းစိန်ထောင်ထဲ မှာ လူမင်း နဲ့ အတူ အခန်း ဘေးချင်း ကပ်ရပ် နေခဲ့တဲ့ ဂျပန် သတင်းထောက် ယူကီ ခီတဇုမီ က ပြောပါတယ်။စစ်ကောင်စီ ရဲ့ သာသနာရေး ဝန်ကြီး ဦးကိုကို နဲ့ ဗိုလ်ချုပ် ရုပ်ရှင် ဆက်ရိုက်မယ့်သူတွေ၊ သမိုင်း ပညာရှင်တွေ ရန်ကုန် က အမျိုးသား ပြတိုက်မှာ မေလ ၁၆ ရက်က အစည်းအဝေး လုပ်ခဲ့ကြပြီး သာ / ယဉ် ဒု ဝန်ကြီး ဦးထွန်းအုံ နဲ့ အရင်က သရုပ်ဆောင်ပိုင်း ဒါရိုက်တာ သာ ဖြစ်ခဲ့တဲ့ ပန်းချီစိုးမိုး တို့ ပူးပေါင်းပြီး ဒါရိုက်တာ တာဝန် ယူထားသူ လူမင်း မပါဘဲ ရုပ်ရှင် ဆက်ရိုက်ဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။

“ကိုလူမင်းက ကျွန်တော့ ကို ပြောခဲ့တယ်၊ စစ်ကောင်စီ က မတရားလုပ် တာကို လုံးဝမခံနိုင်ဘူး၊ ဘယ်တော့မှ အရှုံးမပေးဘူး လို့ ပြောပြခဲ့ပါတယ်၊ သူတို့ဆက်ရိုက်ရင် သူတို့ လိုသလို တည်းဖြတ် မှာတွေ လုပ်မှာ ကို လုံးဝလက် မခံနိုင်ဘူးလို့ ပြောတယ်” လို့ ယူကီ ခီတဇုမီက ပြောပါတယ်။အဲ့ဒီ အောင်ဆန်း ရုပ်ရှင်မှာ ယူကီ ကိုယ်တိုင်လည်း ဂျပန် စစ်ဗိုလ်ကြီး အဖြစ် ပါဝင် သရုပ်ဆောင် ထားပြီး စစ်ကောင်စီ ရဲ့ ဝါဒ ဖြန့် ရုပ်ရှင် ဖြစ်သွားမှာ ကို ဒါရိုက်တာ လူမင်းက အပြင်းအထန် ကန့်ကွက် သလို သူကိုယ်တိုင် ကလည်း မလို လားကြောင်း ပြောပါတယ်။ ဒါရိုက်တာ လူမင်းက စစ်အာဏာ သိမ်းတာကို ကန့်ကွက် လို့ အင်းစိန်ထောင် အတွင်းမှာ အကျဉ်းကျ ခံနေရတာပါ။

“ကျွန်တော်တို့ နှစ်ယောက်က အဆောင် အတူတူ နေ ခဲ့ရတယ်၊ တစ်ယောက် တစ်ခန်းပေါ့နော်၊ ထောင်ထဲ စရောက်ခါစ တုန်းက အပြင်ကို လမ်းထွက်လျှောက်ခွင့်ရခဲ့တယ်၊ အဲ့မှာ ထောင် အကျဉ်းခန်းထဲ ကနေ ကိုလူမင်းက စကားလှမ်း ပြောတယ်။ မျက်နှာ တော့ မမြင်ရဘူး၊ မျက်လုံး လောက်ကျယ်တဲ့ အပေါက်ကလေးက လှမ်းပြောတာပါ။”လို့ သူက ဆိုပါတယ်။ယူကီ ခီတဇုမီ ဟာဧပြီလ ၁၈ ရက်မှာ စစ်ကောင်စီ ရဲ့ ဖမ်းဆီး ခြင်းခံရပြီး မေလ ၁၄ ရက်မနက်မှာ အင်းစိန်ထောင်ကနေ ပြန်လွတ်ကာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဂျပန်နိုင်ငံ ကို ပြန်ပို့ခံ လိုက်ရတာ ဖြစ်ပါတယ်။

ဒါရိုက်တာ လူမင်း ပြောချင်တာတွေ ကို အပြင်မှာ ပြန်ပြော ပေးနိုင်တာ သူတစ်ယောက်တည်း ရှိပြီး စစ်ကောင်စီ က အပြီးသက် လုပ်တဲ့ ဒီရုပ်ရှင် ထွက်လာရင် လုံးဝ အောင်မြင်မှာ မဟုတ်ကြောင်း နဲ့ ပြည်သူတွေ အနေနဲ့လည်း ဒီရုပ်ရှင်ကို မကြည့်ကြဘဲ စစ်ကောင်စီ ကို ပိုပြီးဆန့်ကျင် ကြဖို့ ယူကီက တောင်းဆိုပါတယ်။“ဒီရုပ်ရှင်က ဒါရိုက်တာ လူမင်း အပါအဝင် ပြည်သူ တွေ စိတ်ဝင်စား တဲ့ ကားဖြစ်ပါတယ်၊ ဒီရုပ်ရှင် ကို ဒီမိုကရေစီ ပြန်ရပြီး နိုင်ငံရေးအကျဉ်သားတွေ ပြန်ထွက်လာမှ စိတ်ကြိုက် ပြင်ဆင်ပြီး ကြည့်ကြ ဖို့ တောင်းဆိုချင်ပါတယ်” လို့ ဆိုပါတယ်။နေအိမ်အကျယ် ချုပ်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ခါနီးမှာ မြန်မာ့ရုပ်ရှင် နယ်ပယ်က လူတွေနဲ့ တွေ့ဆုံတာ ကနေ ဗိုလ်ချုပ်ရာဇဝင်ကားရိုက်ဖို့ စီစဉ်ခဲ့ ကြတာဖြစ်ပါတယ်။အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက် ရေးကို ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့ပြီး ဇာဂနာ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဝိုင်း၊ ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာ အိအိခိုင်၊ ဇာဂနာ၊ လူမင်း နဲ့ ဇင်ဝိုင်း တို့ပါဝင်ခဲ့ပါတယ်။အာဏာ သိမ်းမခံရခင် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ချက်မှာတော့ အောင်ဆန်း ရုပ်ရှင်ဟာ ၉ဝရာခိုင် နှုန်းလောက်ပြီးစီးနေပြီ လို့ဆိုပါတယ်။

credit….new feed myanmar

ZAWGYI

စကစ က ေအာင္ဆန္း႐ုပ္ရွင္ ဆက္ရိုက္မယ့္ ကိစၥကို ဒါရိုက္တာ လူမင္းက လုံးဝလက္မခံဘူး လို႔ အင္းစိန္ေထာင္ထဲ မွာ လူမင္း နဲ႔ အတူ အခန္း ေဘးခ်င္း ကပ္ရပ္ ေနခဲ့တဲ့ ဂ်ပန္ သတင္းေထာက္ ယူကီ ခီတဇုမီ က ေျပာပါတယ္။စစ္ေကာင္စီ ရဲ့ သာသနာေရး ဝန္ႀကီး ဦးကိုကို နဲ႔ ဗိုလ္ခ်ဳပ္ ႐ုပ္ရွင္ ဆက္ရိုက္မယ့္သူေတြ၊ သမိုင္း ပညာရွင္ေတြ ရန္ကုန္ က အမ်ိဳးသား ျပတိုက္မွာ ေမလ ၁၆ ရက္က အစည္းအေဝး လုပ္ခဲ့ၾကၿပီး သာ / ယဥ္ ဒု ဝန္ႀကီး ဦးထြန္းအုံ နဲ႔ အရင္က သ႐ုပ္ေဆာင္ပိုင္း ဒါရိုက္တာ သာ ျဖစ္ခဲ့တဲ့ ပန္းခ်ီစိုးမိုး တို႔ ပူးေပါင္းၿပီး ဒါရိုက္တာ တာဝန္ ယူထားသူ လူမင္း မပါဘဲ ႐ုပ္ရွင္ ဆက္ရိုက္ဖို႔ အစည္းအေဝးမွာ ဆုံးျဖတ္ခဲ့ၾကတာပါ။

“ကိုလူမင္းက ကၽြန္ေတာ့ ကို ေျပာခဲ့တယ္၊ စစ္ေကာင္စီ က မတရားလုပ္ တာကို လုံးဝမခံနိုင္ဘူး၊ ဘယ္ေတာ့မွ အရႈံးမေပးဘူး လို႔ ေျပာျပခဲ့ပါတယ္၊ သူတို႔ဆက္ရိုက္ရင္ သူတို႔ လိုသလို တည္းျဖတ္ မွာေတြ လုပ္မွာ ကို လုံးဝလက္ မခံနိုင္ဘူးလို႔ ေျပာတယ္” လို႔ ယူကီ ခီတဇုမီက ေျပာပါတယ္။အဲ့ဒီ ေအာင္ဆန္း ႐ုပ္ရွင္မွာ ယူကီ ကိုယ္တိုင္လည္း ဂ်ပန္ စစ္ဗိုလ္ႀကီး အျဖစ္ ပါဝင္ သ႐ုပ္ေဆာင္ ထားၿပီး စစ္ေကာင္စီ ရဲ့ ဝါဒ ျဖန႔္ ႐ုပ္ရွင္ ျဖစ္သြားမွာ ကို ဒါရိုက္တာ လူမင္းက အျပင္းအထန္ ကန႔္ကြက္ သလို သူကိုယ္တိုင္ ကလည္း မလို လားေၾကာင္း ေျပာပါတယ္။ ဒါရိုက္တာ လူမင္းက စစ္အာဏာ သိမ္းတာကို ကန႔္ကြက္ လို႔ အင္းစိန္ေထာင္ အတြင္းမွာ အက်ဥ္းက် ခံေနရတာပါ။

“ကၽြန္ေတာ္တို႔ ႏွစ္ေယာက္က အေဆာင္ အတူတူ ေန ခဲ့ရတယ္၊ တစ္ေယာက္ တစ္ခန္းေပါ့ေနာ္၊ ေထာင္ထဲ စေရာက္ခါစ တုန္းက အျပင္ကို လမ္းထြက္ေလၽွာက္ခြင့္ရခဲ့တယ္၊ အဲ့မွာ ေထာင္ အက်ဥ္းခန္းထဲ ကေန ကိုလူမင္းက စကားလွမ္း ေျပာတယ္။ မ်က္ႏွာ ေတာ့ မျမင္ရဘူး၊ မ်က္လုံး ေလာက္က်ယ္တဲ့ အေပါက္ကေလးက လွမ္းေျပာတာပါ။”လို႔ သူက ဆိုပါတယ္။ယူကီ ခီတဇုမီ ဟာဧၿပီလ ၁၈ ရက္မွာ စစ္ေကာင္စီ ရဲ့ ဖမ္းဆီး ျခင္းခံရၿပီး ေမလ ၁၄ ရက္မနက္မွာ အင္းစိန္ေထာင္ကေန ျပန္လြတ္ကာ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကေန ဂ်ပန္နိုင္ငံ ကို ျပန္ပို႔ခံ လိုက္ရတာ ျဖစ္ပါတယ္။

ဒါရိုက္တာ လူမင္း ေျပာခ်င္တာေတြ ကို အျပင္မွာ ျပန္ေျပာ ေပးနိုင္တာ သူတစ္ေယာက္တည္း ရွိၿပီး စစ္ေကာင္စီ က အၿပီးသက္ လုပ္တဲ့ ဒီ႐ုပ္ရွင္ ထြက္လာရင္ လုံးဝ ေအာင္ျမင္မွာ မဟုတ္ေၾကာင္း နဲ႔ ျပည္သူေတြ အေနနဲ႔လည္း ဒီ႐ုပ္ရွင္ကို မၾကည့္ၾကဘဲ စစ္ေကာင္စီ ကို ပိုၿပီးဆန႔္က်င္ ၾကဖို႔ ယူကီက ေတာင္းဆိုပါတယ္။“ဒီ႐ုပ္ရွင္က ဒါရိုက္တာ လူမင္း အပါအဝင္ ျပည္သူ ေတြ စိတ္ဝင္စား တဲ့ ကားျဖစ္ပါတယ္၊ ဒီ႐ုပ္ရွင္ ကို ဒီမိုကေရစီ ျပန္ရၿပီး နိုင္ငံေရးအက်ဥ္သားေတြ ျပန္ထြက္လာမွ စိတ္ႀကိဳက္ ျပင္ဆင္ၿပီး ၾကည့္ၾက ဖို႔ ေတာင္းဆိုခ်င္ပါတယ္” လို႔ ဆိုပါတယ္။ေနအိမ္အက်ယ္ ခ်ဳပ္မွာ ႏွစ္ေပါင္းမ်ားစြာ ေနခဲ့ရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ လာၿပီးတဲ့ေနာက္ ၂၀၁၀ ျပည့္ႏွစ္ ႏွစ္ကုန္ခါနီးမွာ ျမန္မာ့႐ုပ္ရွင္ နယ္ပယ္က လူေတြနဲ႔ ေတြ႕ဆုံတာ ကေန ဗိုလ္ခ်ဳပ္ရာဇဝင္ကားရိုက္ဖို႔ စီစဥ္ခဲ့ ၾကတာျဖစ္ပါတယ္။ေအာင္ဆန္း ႐ုပ္ရွင္ျဖစ္ေျမာက္ ေရးကို ၂၀၁၂ ခုႏွစ္မွာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ဖြဲ႕စည္းေပးခဲ့ၿပီး ဇာဂနာ၊ ဒါရိုက္တာမင္းထင္ကိုကိုႀကီး၊ ဝိုင္း၊ ထြန္းအိျႏၵာဗို၊ ဒါရိုက္တာ အိအိခိုင္၊ ဇာဂနာ၊ လူမင္း နဲ႔ ဇင္ဝိုင္း တို႔ပါဝင္ခဲ့ပါတယ္။အာဏာ သိမ္းမခံရခင္ ဇန္နဝါရီလအတြင္းက ထုတ္ျပန္ခ်က္မွာေတာ့ ေအာင္ဆန္း ႐ုပ္ရွင္ဟာ ၉ဝရာခိုင္ ႏႈန္းေလာက္ၿပီးစီးေနၿပီ လို႔ဆိုပါတယ္။

credit….new feed myanmar