မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အနုပညာရှင် တော်တော်များက ပြည်သူတွေနဲ့ အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ခဲ့ကြပါတယ် ။ လှုပ်ရှားမှုတွေ ဆိုရင်လည်း အစွမ်းကုန်ပါဝင် ခဲ့တာကြောင့် (၅၀၅-က) နဲ့ တရားစွဲဆိုခံထားရသူတွေလည်းရှိသလို ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေလည်း ရှိနေခဲ့ပါတယ် ။

ဘယ်လို အခြေအနေတွေပဲဖြစ်ဖြစ် စိတ်ရော ကိုယ်ပါနှစ်ပြီး ပါဝင်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေကို ပြည်သူတွေက အရင်ထက် ပိုပြီးလေးစား အချစ်ပိုခဲ့ကြပါတယ် ။ ယနေ့ ဇွန်လ (၁၉) ရင်နေ့လေးကတော့ မြန်မာနိုင်ငံ သားတွေ လေးစားချစ်ခင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့ဖြစ်ရာ ပန်းလေးတွေကို တယုတယအမြဲ ဆင်မြန်းတတ်တဲ့ သူမအတွက် အမှတ်တရ အနေနဲ့ ပန်း သပိတ်လေး ကို ပြည်သူအားလုံး ဆင်နွှဲခဲ့ကြပါတယ် ။

ဒီသပိတ်လေးကို ပြည်သူပြည်သား လူတန်းစားမျိုးစုံ ပါဝင်ဆင်နွှဲ ကြသလို အနုပညာရှင် တွေများစွာကလည်း ပါဝင်ခဲ့ကြပါတယ် ။ မင်းသားတွေဆိုရင်လည်း ယောကျာ်းလေးတွေ ဖြစ်ပေမယ့် ပန်းလေးကိုတော့ နားနောက်မှာ ပန်ကာ ပါဝင်ခဲ့ကြတာ တကယ် လေးစားစရာပါပဲနော် ။ ပရိသတ်ကြီးအတွက် ပန်းသပိတ်မှာ ပါဝင် ခဲ့ကြတဲ့ အနုပညာရှင် တွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Credit– Cele Zone

Photo – Celebrity

ZAW GYI




Credit– Cele Zone

Photo – Celebrity