ပရိတ်သတ်ကြီးရေ..မင်းသမီးချောလေး ခိုင်နှင်းဝေဟာဆိုရင် လက်ရှိမှာ အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ပရဟိတ လုပ်ငန်းတွေကို အာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင်နေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ခိုင်နှင်းဝေက ခုလက်ရှိ ဖြစ်ပေါ်နေတဲ့နိုင်ငံရေးခြေအနေ တွေကြောင့် အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို သူမ တတ်နိုင်သလောက် လှူဒါန်းနေတာပဲဖြစ်ပါတယ်နော်.။

ဒီလိုခက်ခဲနေတဲ့ ကာလမှာတောင် ခိုကိုးရာမဲ့နေတဲ့ ရင်သွေးငယ်လေး တွေကို ခေါ်ယူစောင့်ရှောက်ပေးပြီး သူတို့လေးတွေကိုအစစ အရာရာဂရုစိုက်ပြုစုပျိုးထောင်ပေးနေတာကိုလည်း လေးစားစွာနဲ့ တွေ့မြင်ရတာပဲဖြစ်ပါတယ်။ကိုယ်ချင်းစာတရားနဲ့ ပရဟိတ စိတ်အပြည့်ရှိတဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာဆိုရင်လည်းသနားစရာစွန့်ပစ်ခံ (၄)လသားအရွယ် သားလေးကို သြွးရောက် ခေါ်ယူမွေးစားခဲ့တာပဲဖြစ်ပါတယ်နော်..။

ခိုင်နှင်းဝေက “အသက် တစ်ချောင်း ကယ်ဖြစ်ခဲ့ပါတယ်ရှင်..သနားစရာ စွန့်ပစ်ခံ (၄)လသား အရွယ် သားလေး ကို သွားရောက်ခေါ်ယူ မွေးစားဖြစ်ပါတယ်..ကလေးက တကိုယ်လုံး ခြင်ကိုက်ဖုတွေ နှင့် အာဟာရ ပြတ်လပ်ကာ ဗိုက်တွေ ပူပြီး ပုံမှန် အခြေအနေ မျိုး မဟုတ်တာ လဲ တွေ ့ရတဲ့အတွက် “ပါရမီ” အထူးကု ဆေးရုံသို ့ တန်းပြကာ လိုအပ်တာများ ပြုလုပ်ခဲ့ပါတယ်..ကျမတို့ “ခိုင်” မိသားစု ရဲ့ အယောက် (၅၀) မြောက် သားလေး သက်ရှည်ကျန်းမာပါစေ…ကံကောင်းပါစေရှင်..”

ခိုင်” မိသားစု မှ ကလေးတွေ အားလုံးကို မေတ္တာဖြင့် စမ်းသပ်ခ မယူပဲ အမြဲ ကြည့်ရှု ့စောင့်ရှောက်ပေးပါသော ကလေး အထူးကု ပါရဂူ ဒေါက်တာ ဒေါ်ခင်ခင်ထား ဆရာဝန်မကြီးကို လဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်..❤️ ” ဆိုင်္ပြီး သူမတို့ခိုင် မိသားစုဂေဟာလေးကို ရောက်ရှိလာခဲ့တဲ့ (၄)လသားလေးကိုခေါ်ယူမွေးစားဖြစ်ကြောင်းပြောပြ လာခဲ့တာပဲဖြစ်ပါတယ်။မွန်မြတ်တဲ့ စိတ်ထားရှိ တဲ့ ခိုင်နှင်းဝေကို ပရိတ်သတ်တွေကလည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုထားတာကိုလည်း တွေ့မြင်ရပါတယ်နော်။ဖတ်ရှုပေးတဲံ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source ; Khine Hnin Wai Facebook Page

Credit : Celebrity Platforms

ZAW GYI





