ပရိတ်သတ်ကြီးရေ..အနုပညာ လောကမှာ ဇာတ်လမ်းတွဲ များစွာကို ရိုက်ကူးထားပြီး သရုပ်ဆောင် ပီပြင်ပိုင်နိုင်တဲ့အတွက် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့သူကတော့ဘုန်းဆက်သွင် ပဲဖြစ်ပါတယ်နော်..။ဘုန်းဆက်သွင် ဟာဆိုရင် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး လူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာပဲဖြစ်ပါတယ်.။

အခုလို ပါဝင်ခဲ့တာကြောင့်လည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ဘုန်းဆက်သွင်ဟာ ဆိုရင် တရားစွဲဆို ခံထားရပေမယ့်လည်း ယခုအချိန်ထိ လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသနေတာပဲ ဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ…။ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ ဘုန်းဆက်သွင်ရဲ့ရဲရင့်တဲ့စိတ်ဓာတ်ကိုပရိတ်သတ်တွေကလည်း လေးစားဂုဏ်ယူနေကြ တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာ ဆိုရင်လည်း ဝေဟင်မပျံနိုင်တဲ့ လေယာဉ်ပျံ များ ကမ်ပိန်းမှာ ပါဝင်ကြဖို့ တိုက်တွန်း ပြောကြားလာတာပဲဖြစ်ပါတယ်နော်.။ တစ်နှစ် နှစ်တန်း ဆိုတဲ့ ပညာရေးစနစ်ကို သပိတ်မှောက် ဖို့အတွက် ကျောင်း ပုံနှိပ်စာအုပ် တွေကို အသုံးပြုပြီးစက္ကူလေယာဉ်ပျံတွေပြုလုပ်ကာ ပစ်လွှတ်ပေးဖို့ကို ဘုန်းဆက်သွင်က အခုလိုပဲပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။“ဝေဟင်မပျံနိုင်တဲ့ လေယာဉ်ပျံများ“တစ်နှစ် နှစ်တန်း” စစ်ကျွန်ပညာရေးစနစ်ကိုသပိတ်မှောက်ဆန့်ကျင်တယ်ဆိုရင် မေလပိုင်း ၃ရက်နေ့ ၃ နာရီ မှာကျောင်းပုံနှိပ်စာအုပ်တွေကိုအသုံးပြုပြီးစက္ကူလေယာဉ်ပျံတွေ ပြုလုပ်ပစ်လွှတ်ဖို့ မမေ့လိုက်ပါနဲ့။အရေးတော်ပုံအောင်ပြီ TogetherWeCare ဝေဟင်မပျံနိုင်တဲ့ လေယာဉ်ပျံများ..” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသားခဲ့တာပဲဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source ; PhoneSett Thwin’s Facebook Acc

Credit ; Celebrity Platforms

ZAW GYI




