


Credit– Yaungchi

Photo – Nyi Min Khaing

ထိပ်တန်းမင်းသားချောနေတိုးကတော့ စိတ်ထားပြည့်ဝပြီး ပရိသတ်တွေအပေါ်လေးစား ချစ်ခင်တတ်သူပဲဖြစ်ပါတယ် ။ သရုပ်ဆောင်ကောင်းရုံတင်မကဘဲ အဆိုပိုင်းမှာရော လူရွှင်တော်အဖြစ်ရော ထူးချွန်ပြီး special makeup effectsအပိုင်းမှာလည်း ကျွမ်းကျင်သလို အခြားအနုပညာပိုင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်ဖန်တီးနိုင်တာတွေကြောင့် စွယ်စုံရမင်းသားတစ်ဦးအဖြစ် ပရိသတ်တွေက အသိအမှတ်ပြု ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်တိုင်းကို အပီအပြင်သရုပ်ဆောင်နိုင်တာလည်းဖြစ်သလို အကယ်ဒမီထူးချွန် ဆုကြီးတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ နေတိုးက နှင်းဆီအဖွဲ့သားတစ်ယောက်အနေနဲ့လည်း ရပ်တည်နေခဲ့တာဖြစ်ပြီး ပရိသတ်တွေအတွက် မရိုးရတဲ့အစီအစဉ်အသစ်တွေကို ကြိုးစားဖန်တီးခဲ့တာလည်းဖြစ်ပါတယ် ။

ယနေ့မှာတော့ နေတိုးက ချစ်ရတဲ့ သူလေးနဲ့ ရွှေလက်တွဲခဲ့ပြီဖြစ်ပါတယ် ။ သူရဲ့ မင်္ဂလာပွဲလေးကို ချစ်ခင်တဲ့ အနုပညာရှင် မောင်နှမ များစွာ တက်ရောက် ချီးမြှင့် ခဲ့ကြတာကိုလည်းတွေ့ရပါတယ် ။ ပရိသတ်ကြီးလည်း နေတိုးရဲ့ မင်္ဂလာ ပုံရိပ်တွေကို ကြည့်ရှုနိုင်စေရန် ပြန်လည် ဖော်ပြပေး လိုက်ပါတယ် ။

Credit– Yaungchi

Photo – Nyi Min Khaing