မြန်မာမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ရုပ်အချောဆုံး စာရင်းထဲပါဝင်ပြီး လူကြိုက်များကြတဲ့ မင်းသားချော ပိုင်တံခွန် ဟာ အနုပညာ မှာထူးချွန်လို့ ကျော်ကြားသလို တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့ သူ့စိတ်နေစိတ်ထားကြောင့်လည်း လူသိများကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ပိုင်တံခွန် ဟာ တိရစ္ဆာန်လေးတွေကို သားသမီးအရင်းသဖွယ် တအားချစ်ခင် တာကြောင့် သူ့အိမ်မှာ တိပေါင်းစုံကို မွေးမြူထားတာ ဖြစ်ပါတယ်။ သူ့ရဲ့နေအိမ်မှာ ခွေး ၊ ကြောင် ၊ ဆိတ် ၊ ပုတ်သင်ညို ၊ ရေဘဝဲ ၊ ကြွက် ၊ ငါး ၊ လိပ် အစရှိတဲ့ သတ္တဝါပေါင်းများစွာ ကို မွေးမြူထားတာဖြစ်ပြီး အကုန်လုံးကိုလည်း ဂရုတစိုက်နဲ့ အမြဲ ချစ်ခင်ပေးသူ တိဖေဖေ တစ်ဦးဖြစ်ပါတယ်။

အခုအခါမှာလည်း ပိုင်တံခွန် က သူ့နေအိမ်မှာပဲ နောက်ထပ် အိမ်မွေးတိ အဖွဲ့ဝင်အသစ်လေးဖြစ်တဲ့ ခရုနှစ်ကောင် ကို ထပ်မံမွေးမြူလိုက်ပါပြီ။ အဖွဲ့ဝင်အသစ် ဖြစ်တဲ့ ခရုလေးနှစ်ကောင် အကြောင်းကို ပိုင်တံခွန်က သူ့ရဲ့ Story မှာတင်လာတာဖြစ်ပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း ပိုင်တံခွန့် ရဲ့ ခရုလေးနှစ်ကောင်ကို ကြည့်ရှုနိုင်စေရန်ဖော် ပြလိုက်ရပါတယ်။

Credit . MMLoad

ZAWGYI




Credit . MMLoad