ပရိသတ်ကြီးရေ ငွေတီဦးဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသား ပြေတီဦး ရဲ့ ညီမ‌လေးပဲ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ ပြေတီဦး အကျဉ်းကျနေစဉ် အတွင်းမှာ ကိုဗစ်ရောဂါကြောင့် ဖခင်ဖြစ်သူနဲ့ ခင်ပွန်းသည် ကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ မနေ့က မတ်လ ၂ ရက်နေ့က အစ်ကိုဖြစ်သူ ပြေတီဦးနဲ့ ယောင်းမ အိဒြာကျော်ဇင်တို့ ပြန်လည်လွတ်မြောက် လာတာကြောင့် အဖေ နဲ့ ခင်ပွန်းသာ ရှိရင်အရမ်းကို ပျော်မိမှာလို့ ရင်ဖွင့်ထားပါတယ်။

‌ငွေတီဦးဟာ ဖခင်ကြီးကွယ်လွန်တာ ၇ လပြည့် နေတဲ့နေ့မှာ ကုသိုလ်ကောင်းမူ့တွေ လုပ်ပေးရင်း ယောင်းမ ဖြစ်သူနဲ့ အစ်ကို ဖြစ်သူ လွတ်မြောက် လာတာနဲ့ပတ်သက်ပြီး ”ဘာလိုလို နဲ့ မနေ့က ၇ လပြည့်တယ် ဖေဖေ သမီးတို့ လစဉ်လတိုင်း နဲ့ နေ့စဉ် ပြုလုပ်တဲ့ ကုသိုလ်တွေ အတွက် ရောက်ရာ အရပ်က သာဓုခေါ်ပါ။ ဖေဖေ တစ်ချိန်လုံး မျော်ခဲ့တဲ့ ဖေဖေ့သား နဲ့ ချွေးမ ပြန်ရောက်လာပီ မို့ စိတ်ချ လက်ချနဲ့ ပိုပြီး မြင့်မြတ်ကောင်းမွန်ရာ နေရာကို သွားနိုင်ပါ စေဖေဖေ။ ဖေဖေလုပ်ခိုင်းတဲ့ကိစ္စတွေလည်း သမီးလုပ်နေ ပါပီ..အရာရာတိုင်းက သဘာဝအတိုင်းဖြစ်ကြတာပဲ.ဘာကိုမှ အရမ်းခံစားမနေ နဲ့ လို့ ဖေဖေမှာတဲ့ အတိုင်း နေထိုင်နိုင်အောင်လည်း ကြိုးစားနေပါတယ်.ဘာမှမမြဲဘူး ဆိုတာ တစ်ခုပဲ နှလုံးသွင်းနိုင်ရင် တောင် တခဏတော့ အေးချမ်းပါတယ်..ဖေဖေနဲ့ ကိုသာရှိရင် ပိုပြီးပျော်ရမှာပေါ့ ခုတော့.”လို့ ရေးသားထားပါတယ်။

ကိုဗစ်ကြောင့် ဖခင်ဖြစ်သူ နဲ့ ခင်ပွန်းဖြစ်သူ ဆုံးရှုံးထားခဲ့ပြီး အခုချိန်မှာ တော့ ယောင်းမဖြစ်သူ နဲ့ အစ်ကိုဖြစ်သူ ပြန်လည်လွတ်မြောက်လာတာကြောင့် အဆိုးထဲက အကောင်းဆိုတဲ့အတိုင်း ကျေနပ်နေလိမ့်မယ် ထင်ပါတယ်။ မိသားစုတွေ ပြန်လည်ဆုံစည်းကျတဲ့ အချိန်မှာ တစ်ချို့တွေကတော့ အဝေးဆုံးကိုထွက်သွားကျတာ ပြန်မလာနိုင်တော့တဲ့ ခရီးကိုနှင်လိုပေါ့ ။ မင်းသားပြေတီဦး လည်း သူအကျဉ်းအကြပ်ထဲ နေရောက်နေစဉ်မှာပဲ ဖခင်ဖြစ်သူ ကို မျက်နှာတောင်မြင်ခွင့်မရပဲ ဆုံးရှုံးခဲ့ရတာဖြစ်လို့ အပြင် ပြန်ရောက်လာတဲ့ အချိန် မိသားစုတွေ ပြန်လည် ဆုံစည်းကြလို့ ပျော်နေ ကြချိန်မှာ ဖခင်ဖြစ်သူကိုတော့ သတိရလွမ်းဆွတ်နေမှာ အသေအချာပါပဲ။

Credit- Cele Only

ZAWGYI

ပရိသတ္ႀကီးေရ ေငြတီဦးဟာ ျမန္မာနိုင္ငံရဲ့ ထိပ္တန္းမင္းသား ေျပတီဦး ရဲ့ ညီမ‌ေလးပဲ ျဖစ္ပါတယ္။ အစ္ကိုျဖစ္သူ ေျပတီဦး အက်ဥ္းက်ေနစဥ္ အတြင္းမွာ ကိုဗစ္ေရာဂါေၾကာင့္ ဖခင္ျဖစ္သူနဲ႔ ခင္ပြန္းသည္ ကို ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္။ မေန႔က မတ္လ ၂ ရက္ေန႔က အစ္ကိုျဖစ္သူ ေျပတီဦးနဲ႔ ေယာင္းမ အိျဒာေက်ာ္ဇင္တို႔ ျပန္လည္လြတ္ေျမာက္ လာတာေၾကာင့္ အေဖ နဲ႔ ခင္ပြန္းသာ ရွိရင္အရမ္းကို ေပ်ာ္မိမွာလို႔ ရင္ဖြင့္ထားပါတယ္။

‌ေငြတီဦးဟာ ဖခင္ႀကီးကြယ္လြန္တာ ၇ လျပည့္ ေနတဲ့ေန႔မွာ ကုသိုလ္ေကာင္းမူ႔ေတြ လုပ္ေပးရင္း ေယာင္းမ ျဖစ္သူနဲ႔ အစ္ကို ျဖစ္သူ လြတ္ေျမာက္ လာတာနဲ႔ပတ္သက္ၿပီး ”ဘာလိုလို နဲ႔ မေန႔က ၇ လျပည့္တယ္ ေဖေဖ သမီးတို႔ လစဥ္လတိုင္း နဲ႔ ေန႔စဥ္ ျပဳလုပ္တဲ့ ကုသိုလ္ေတြ အတြက္ ေရာက္ရာ အရပ္က သာဓုေခၚပါ။ ေဖေဖ တစ္ခ်ိန္လုံး ေမ်ာ္ခဲ့တဲ့ ေဖေဖ့သား နဲ႔ ေခၽြးမ ျပန္ေရာက္လာပီ မို႔ စိတ္ခ် လက္ခ်နဲ႔ ပိုၿပီး ျမင့္ျမတ္ေကာင္းမြန္ရာ ေနရာကို သြားနိုင္ပါ ေစေဖေဖ။ ေဖေဖလုပ္ခိုင္းတဲ့ကိစၥေတြလည္း သမီးလုပ္ေန ပါပီ..အရာရာတိုင္းက သဘာဝအတိုင္းျဖစ္ၾကတာပဲ.ဘာကိုမွ အရမ္းခံစားမေန နဲ႔ လို႔ ေဖေဖမွာတဲ့ အတိုင္း ေနထိုင္နိုင္ေအာင္လည္း ႀကိဳးစားေနပါတယ္.ဘာမွမျမဲဘူး ဆိုတာ တစ္ခုပဲ ႏွလုံးသြင္းနိုင္ရင္ ေတာင္ တခဏေတာ့ ေအးခ်မ္းပါတယ္..ေဖေဖနဲ႔ ကိုသာရွိရင္ ပိုၿပီးေပ်ာ္ရမွာေပါ့ ခုေတာ့.”လို႔ ေရးသားထားပါတယ္။

ကိုဗစ္ေၾကာင့္ ဖခင္ျဖစ္သူ နဲ႔ ခင္ပြန္းျဖစ္သူ ဆုံးရႈံးထားခဲ့ၿပီး အခုခ်ိန္မွာ ေတာ့ ေယာင္းမျဖစ္သူ နဲ႔ အစ္ကိုျဖစ္သူ ျပန္လည္လြတ္ေျမာက္လာတာေၾကာင့္ အဆိုးထဲက အေကာင္းဆိုတဲ့အတိုင္း ေက်နပ္ေနလိမ့္မယ္ ထင္ပါတယ္။ မိသားစုေတြ ျပန္လည္ဆုံစည္းက်တဲ့ အခ်ိန္မွာ တစ္ခ်ိဳ႕ေတြကေတာ့ အေဝးဆုံးကိုထြက္သြားက်တာ ျပန္မလာနိုင္ေတာ့တဲ့ ခရီးကိုႏွင္လိုေပါ့ ။ မင္းသားေျပတီဦး လည္း သူအက်ဥ္းအၾကပ္ထဲ ေနေရာက္ေနစဥ္မွာပဲ ဖခင္ျဖစ္သူ ကို မ်က္ႏွာေတာင္ျမင္ခြင့္မရပဲ ဆုံးရႈံးခဲ့ရတာျဖစ္လို႔ အျပင္ ျပန္ေရာက္လာတဲ့ အခ်ိန္ မိသားစုေတြ ျပန္လည္ ဆုံစည္းၾကလို႔ ေပ်ာ္ေန ၾကခ်ိန္မွာ ဖခင္ျဖစ္သူကိုေတာ့ သတိရလြမ္းဆြတ္ေနမွာ အေသအခ်ာပါပဲ။

Credit- Cele Only