ပရိတ်သတ် ကြီးရေ….အနုပညာ လောကမှာ ရုပ်ရှင် ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်ခေတ်နေဟာ ဆိုရင် ဖေဖော်ဝါရီလ အစပိုင်းကတည်းက နွေဦး တော်လှန်ရေးမှာ ပြည်သူလူထု နဲ့ အတူ တစ်သားတည်း ရပ်တည်ခဲ့တာပဲ ဖြစ်ပါ တယ်နော်။သည်ခေတ်နေ က လူထု လှုပ်ရှားမှု့ မှာလည်းအားကြိုး မာန်တက် ပါဝင်ခဲ့တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်နော်။ သည်ခေတ်နေ က အမှန်တရားဘက်မှာ ရဲဝင့်စွာ ရပ်တည်ခဲ့တဲ့ အတွက်ကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် အရေးယူခံ ထားရတာပဲ ဖြစ်ပါတယ်။

​သည်ခေတ်နေ ကတော့ ရှောင်တိမ်းနေ ရပေမယ့် လည်း လတ်တလော အခြေအနေတွေ နဲ့ ပတ်သက်ပြီး အမှန်တရားတွေ ကို သူ့ရဲ့ လူမှု့ ကွန်ယက်စာမျက်နှာကနေတစ်ဆင့် အမြဲမျှဝေပေးလေ့ရှိပါတယ်နော်။ဒီကနေ့မှာဆိုရင်လည်း သည်ခေတ်နေ ကလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးသတိအရဆုံးလူတစ်ယောက်အကြောင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။

အဲ့ဒါကတော့ မတရားမှုမှန်သမျှကို လက်ပိုက်ကြည့်မနေတတ်တဲ့ မင်းသွေး ရဲ့ အကြောင်းကို သတိတရ နဲ့ ပြောပြလာခဲ့ တာပဲဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ..။ သည်ခေတ်နေက “ဒီအချိန်မှာ သတိအရဆုံးလူ ။ ကိုယ့် ကို ဒါရိုက်တာအဖြစ် ပထမဆုံး ပေးရိုက်ခဲ့တဲ့ လူ။မတရားမှု့ မှန်သမျှကို စောက်ရမ်းမုန်းတတ်တဲ့လူ။နောက်ပိုင်းတော့…ကြားထဲက သွေးခွဲတဲ့ ပရမ်းပတာ အချို့ကြောင့် သူ နဲ့ သိပ်မဆုံဖြစ်တော့ပါဘူး။ ဒီအချိန်သာသူ ရှိနေရင် သူပြောနေကျ-“အဓိပ္ပါယ်မဲ့လိုက်ကြတာဗျာ”ဆိုတဲ့စကားပဲပြောနေဦးမလား။😌” ဆိုပြီး မင်းသွေး သာခုချိန်ရှိနေခဲ့ရင် ပြောမယ့်စကားလေးကို သတိတရ နဲ့ ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော်။သည်ခေတ် နေ ပြော ပြလာတဲ့ မင်းသွေးအကြောင်းလေးကိုဖတ်ရင်းမင်းသွေးကိုသတိရသွားတာတော့အမှန်ပါပဲနော်.။ပရိတ်သတ်ကြီးကလည်းဒီအကြောင်းလေးကိုဖတ်ရင်းမင်းသွေးကိုသတိရသေးရင်တစ်ခုခုပြောခဲ့ပါအုံးနော်..၊။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source; The Khit Nay’s Fb Acc
Credit ; Celebrity Platforms

ZAWGYI



