ပရိသတ်ကြီး​ရေ အဆိုတော် ချစ်ကောင်းရဲ့ အနုပညာမျိုးဆက်လဲဖြစ် အောင်မြင်တဲ့အမျိုးသမီး အဆိုတော်တစ်ဦးလဲ ဖြစ်တဲ့ အိမ့်ချစ် ကတော့ ပရိသတ်မရွေး ကြိုက်ကြတဲ့ လူငယ် အဆိုရှင်မလေးတစ်ဦးပါ။ ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုထူထောင်ပြီး အိမ်ထောင်ရှင်မ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေပြီး တဖက်မှာ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင် နေသူတစ်ဦးပါပဲနော်။

မကြာခင်မှာ ကျရောက်တော့မယ် နှစ်ကူး အတာသင်္ကြန်​ကျရောက်တော့မှာ ဖြစ်ပြီး သင်္ကြန်မဏ္ဍပ်တွေလည်း များစွာဆောက်လုပ် လျက်ရှိနေကြပြီဖြစ်ပါတယ်။ သင်္ကြန်မှာ ဖျော်​ဖြေရေးအနေနဲ့ ပတ်သက်ပြီး အိမ့်ချစ် ကတော့သူမရဲ့ကိုယ်ဝန်ဆောင် အချိန်ဖြစ်တာကြောင့် ဘယ်ပွဲကိုမှ မဆို​ဖြစ်ကြောင်းပြောပြခဲ့တာပါ။“ပြောရဦးမယ် 😁😁😁ဒီနှစ် သင်္ကြန်မဏ္ဍပ် တွေမှာတအားကြီးမပက် နဲ့ ဟေ့ဖြည်းဖြည်းပက် တို့ယောကျာ်းယောကျာ်းလစ်တတ်ဘတ်တတ်တယ်တို့ငါ့ရဲ့င်္သကြန်နေ့ရက်များတို့ချစ်လိုက်တော့123 တို့ ချစ်ဖူးတယ်သီချင်းတို့ဆိုနေတဲ့အသံကြားရင် စမီးလို့ မထင်ကြနဲ့ဦးနော်

ကြိုပြောထားတာ မနှစ်ကလဲ နန်းတွင်းထဲ ချစ်ဖူးတယ် ဆိုနေသံကြားလို့ဆိုပြီးလာမေးလို့ မနှစ်ကလဲ အမေလက် operation လုပ်လို့ ထိုင်းရောက်နေတာတောင် ဖြေရှင်းရသေးတာ ဒီနှစ်လဲရှင်းနေရဦးမှာစိုးလို့ ကြိုပြောထားရတာ ဟီးးမမဗိုက် ဒီနှစ်လဲအနားယူတယ်လို့ 😆သင်္ကြန်နဲ့ ပတ်သတ်တာဆိုလို့TV မှာပြမယ့် သင်္ကြန်သီချင်းများ အစီအစဉ်တစ်ခုအတွက်တော့ ရန်ကုန်ပြန်ရောက်ထဲက သင်္ကြန်သီချင်းနှစ်ပုဒ်ရိုက်ပေးထားတယ် အဲ့တာပဲရှိတယ်❤️”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။ပရိသတ်တွေကောသင်္ကြန်တွင်းမှာဘာလုပ်ကြမလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Koe-CeleGabar
Soure- EaintChit

ZAWGYI




Koe-CeleGabar
Soure- EaintChit