UNICODE
ဒီတစ်ခေါက်မှာတော့ မြန်မာ့ အလှမယ် လောကရဲ့ ထိပ်တန်း အလှမယ် တစ်ဦးဖြစ်တဲ့ မိုးစက်ဝို င်ပဲဖြစ်ပါတယ်။ ယခုအခါမှ ာတော့ မိုးစက်ဟာ မျက်မောက်ခေတ် လူငယ်တွေ ခံစားနေရ တာတွေနဲ့ ပတ်သတ်ပြီး motivation တစ်ခု အနေနဲ့ ပြောပြလာတာ ပဲဖြစ်ပါတယ်။ ဦးစွာ လူငယ်တွေ အနေနဲ့ “လကုန်လို့ လခလေးတွေ ရရင် ဘယ်ရက်ဆို ကုန်သွားပြီ၊အကြွေးယူလိုက်ပြီ၊ အကြွေးဆပ်ရမယ်တို့ ဆိုတာလေးတွေပါ ။ လူငယ် ဆိုတာ ခေတ်နဲ့ အညီ လှချင် ၊သုံးစွဲချင် ကြပါတယ် ။ စားကောင်း သောက်ဖွယ် တွေကလည်း တစ်ကယ်ကို အပြိုင် အဆိုင် မြူစွယ်နေ သလိုပါ။ ဒါပေမယ့် ကိုယ့် အခြေ အနေကို သေချာ တိုင်းဆပြီး လှအောင်နေပါနော် ။ သေချာ သုံးစွဲ စေချင်တာပါ” ဆိုပြီး ဖြစ်လေ့ ဖြစ်ထ ရှိတာလေးတွေကိုပြောပြထားတာပဲဖြစ်ပါတယ်။
ဆက်လက်ပြီး “လူငယ်တွေရဲ့ ဒီအချိန် ငယ်ရွယ်နူပျိုမူ တွေနဲ့ လုပ်ငန်း လုပ်နိုင် စွမ်း ရှိတဲ့ အချိန်မှာ တစ်ကယ်ကို စုဆောင်းတတ် စေချင်ပါတယ်။ စိတ်ကူးယဉ်တတ်စေချင်ပါတယ် ။ စီစဉ် တတ်စေ ချင်ပါတယ်။ အကောင်းဆုံး အကောင် အထည်ဖော် တတ်စေချင်ပါတယ် ။လိုချင်တာနဲ့ လိုအပ်တာကို သေချာ ကွဲပြားသုံးစွဲပြီး ငါ့ အတွက် ငါ့ အတွက် ဆိုတဲ့ စိတ်လေးနဲ့ ကြိုးစား စုဆောင်းပါနော် ။ စုဆောင်းထားတာ လေးတွေ ရှိမှ စိတ်ကူး တွေက အကောင်အထည် ဖော်လို့ရမှာပါ။ အကောင်ထည် မဖော်နိုင် သေးခင်တော့ စိတ်ကူးနိုင်သမျှ စိတ်ကူးထားပါနော်။ ဖြစ်နိုင်ချေ ရှိတာလေးတွေ စီစဉ်ကြည့်ပါ။ အကောင်ထည် နိုင်တဲ့ အချိန်ရရောက်ရင် အကောင်းဆုံး အကောင်အထည်ဖော် ရမှာပါ” ဆိုပြီး လူငယ်တွေ အနေနဲ့ ဒီထက်မက ကြိုးစား ကြဖို့ တိုက်တွန်းထားတာ ပဲဖြစ်ပါတယ်။
နောက်ထက်ပြီး လစာ တွေကို နည်းတယ် များတယ်တွေ မကြည့်ပဲ တက်နိုင်သလောက် စုဆောင်း ထားကြဖို့ကို “ ဒီအချိန်မှာ လစာ ၊ ဝင်ငွေ ဘယ်လို နည်းလို့ဆိုပြီးလည်း စိတ်ဓါတ် မကျပါနဲ့ ။ ကြိုးစားနေသူအတွက် အမြဲနေရာရှိပါတယ်။ အတိုင်း အတာတစ်ခု ဆိုတာလည်း အမြဲရှိပါတယ် ။ သေချာ တာကတော့ ကိုယ်ဟာကိုယ် ကိုယ်ကိုယ်တိုင် စုဆောင်း တတ်မှ ကိုယ့်အတွက် ဖြစ်မှာပါ ။ စုနိုင် သလောက်လေး ကြိုးစား စုဆောင်းရင်း အလုပ်တွေလည်း ကြိုးစားပါ။ “ခြွေတာ စုဆောင်း သူဌေးလောင်း” ဆိုတဲ့ စကားပုံ လေးလည်း ရှိပါတယ် နော်” ဆိုကာ motivation ပေးထာတာ လေးတွေကို လူငယ်တွေ အတွက်သူမ ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြ လာတာ ကို ပရိသတ် တွေ အတွက်ပြန်လည် မျှဝေပေး လိုက်တာ ပဲဖြစ်ပါတယ်။
သတင်းအရင်းမြစ်: Moeset Wine Facebook account