ပရိတ်သတ်ကြီးရေ ၊ အခုတစ်ခါမှာဆိုရင်တော့ ကမ္ဘာ့ရုပ်အချောဆုံးအယောက်(၁၀၀)စာရင်းမှာ ထပ်မံပါ၀င်လာတဲ့ သရုပ်ဆောင်ပိုင်တံခွန်အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။TC Candler ရဲ့ ကမ္ဘာ့အချောဆုံးအယောက် (၁၀၀) စာရင်းမှာထပ်မံ Nominate လုပ်ခြင်းခံလိုက်ရတဲ့ ပိုင်တံခွန်။

ပိုင်တံခွန်ဟာTC ကနေ 2020 ခုနှစ်အတွက်ရွေးချယ်တဲ့ ကမ္ဘာ့အချောဆုံးအယောက် ၁၀၀ စာရင်းမှာဝင်ရောက်နိုင်ခဲ့ ပြီးနံပါတ် 10 နေရာထိတက်လှမ်းနိုင်ခဲ့ပါတယ်။ဒါ့အပြင်အခု 2021 ခုနှစ်မှာလည်း ဒုတိယအကြိမ်ထပ်မံ Nominate လုပ်ခြင်းခံရပါတယ်။ဒီနှစ်ရော ပြည်သူ့အချစ်တော်ပိုင်တံခွန် လေးဘယ်အဆင့်ထိတက်လှမ်းနိုင်ပါ့မလဲ။

လက်ရှိနိုင်ငံ ရဲ့ အခြေအနေ၊International Attention နဲ့ အတူနိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရရှာတဲ့ 505 artist ပိုင်တံခွန်အတွက်တစ်ကမ္ဘာလုံးက Vote တွေ နဲ့ နံပါတ် 1 နေရာရစေချင်မိတာတော့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ကိုယ့် ရဲ့ ဆန္ဒအမှန်ပါ။ဒီနှစ်မှာလည်းတစ်ကမ္ဘာလုံးကနာမည်ကြီးအနုပညာရှင်တွေနဲ့အတူNominateလုပ်ခံရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ပိုင်တံခွန်ရော စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit….

ZAWGYI




Credit….