ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ် ဟာဆိုရင် ဇာတ်ပို့သရုပ်ဆောင် အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်နော်။ခင်ပွန်းဖြစ်သူကိုဘင်းရယ် ချစ်စရာသားလေး တစ်ယောက်ရယ် နဲ့အတူ သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားသူတစ်ယောက်ဖြစ်ပါတယ်။
နှိုင်းယှဉ်က စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေကို သူမတတ် နိုင်သလောက်လှူဒါန်းကာ ကောင်းမှုကုသိုလ် တွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပါတယ်နော်။ ယခုလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေ မှာပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည် နေကာ Campaignတွေမှာလည်း တစ်ထောင့်တစ်နေရာကပါဝင် လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ ယခုအချိန်မှာဆိုရင်တော့ အသက်ပေးသွားရတဲ့ ပြည်သူ တွေများပြားလာခဲ့ပြီ ဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံ ရတဲ့ ပြည်သူတွေကလည်း အယောက် ၄၀၀၀ နီးပါးရှိနေပြီ ဖြစ်ပါတယ်နော်။
နှိုင်းယှဉ်က ရှောင်ရှားနေသူတွေနဲ့ ချုပ်နှောင်ခံ ထားရသူတွေကို အမြန်ဆုံးပြန် လွတ်မြောက်ရန်ဆုတောင်းစကားလေးကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်ပြထားတာကို တွေ့ရပါတယ်။နှိုင်းယှဉ်က”ကိုယ့်အိမ် ထဲနေပြီး အသက်ရှုမဝတာရက် (၁၀၀)ရှိပြီ ရှောင်ရှား နေရသူတွေ အကျဉ်းကျနေသူ အားလုံးအမြန်လွတ်မြောက်ပါစေကျန်းမာကြပါစေ”ဆိုပြီး ဆုတောင်းပေး ထားပါတယ်နော်။ပရိသတ်ကြီးလည်း နှိုင်းယှဉ်နဲ့ အတူ ပြည်သူတွေအားလုံးဘေးကင်း ကျန်းမာဖို့ဆုတောင်းမေတ္တာပို့သ ပေးကြပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
Source:Nhying Sin’s fb
Credit : (Pay Phu Hlwar)
ZAW GTI
Source:Nhying Sin’s fb
Credit : (Pay Phu Hlwar)