UNICODE
ပရိသတ်ကြီး ရေ ပုရိသတို့ စွဲမက်ဖွယ် အလှတရားတွေ ကို ပိုင်ဆိုင်တဲ့ အပြင် မြန်မာ ဆန်ဆန်ဝတ်ဆင်ရင် လည်း ငေးမောဖွယ် ကောင်းလောက်အောင် လှရက်တဲ့ သူလေး ကတော့ မိုးဟေကို ပဲဖြစ်ပါတယ်။မိုးဟာ ဆယ်စုနှစ် ကျော်တိုင်အောင် ရုပ်ရှင်ဇာတ်ကားကြီး တွေနဲ့ ဗီဒီယို ဇာတ်ကား ပေါင်းများစွာ ကို ကျရာ ဇာတ်ရုပ်နေရာမှာ ပီပြင် ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်တဲ့ မင်းသမီး တစ်လက် ဖြစ်ပါတယ်။မိုးဟာ သရုပ်ဆောင် သာမက စီးပွားရေး လုပ်ငန်းတွေ ကိုလည်း ဦးဆောင်လုပ်ကိုင် နေတဲ့ ထက်မြက်တဲ့ အမျိူးသမီးလည်း ဖြစ်ပါတယ်။
သူမဟာ ပကာ သန မရှိပဲ ပွင့်လင်း ရိုးသား ဖြူစင်စွာ နေထိုင် တတ်တဲ့ သူလေး ဖြစ်တာ ကြောင့် ပရိသတ်တွေ က အချစ်ပို နေရတဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။မိုးက တော့ အနုပညာ လှုပ်ရှားမှုတွေကို လည်း သူမ ချစ်တဲ့ ပရိသတ်တွေ အတွက် အမြဲ မျှဝေ ပေးလေ့ရှိတဲ့ သူလေး ဖြစ်ပါတယ်။မိုးက တော့ ဘယ်သူနဲ့မှမတူတဲ့ ဖက်ရှင် အလန်းစား တွေနဲ့ လိုက်ဖက် သလို ကျက်သရေရှိစွာ မြန်မာ ဆန်တဲ့ အလှတရား တွေလည်း ရှိနေတဲ့ မင်းသမီး တစ်လက် ပဲဖြစ်ပါတယ်။
လတ်တလော မှာ လည်း နှစ်သစ်အစမှာ အလှူ အဒါန်းတွေ ပြုလုပ်နေတာ ဖြစ်ပြီး သူမချစ်တဲ့ ပရိသတ်တွေ သာဓု ခေါ်နိုင်အောင် လည်း မျှဝေလေ့ ရှိသူလေး ဖြစ်ပါတယ်။မကြာသေးခင် အချိန်မှာ တော့ သူမရဲ့ Facebook စာမျက်နှာ ထက်တွင် “တန်ဖိုးမဖြတ်နိုင်တဲ့ မြန်မာမှုအမွေ အနှစ်လက်ရာတွေ နဲ့ ရဲ့ရင့်တည်ငြိမ်ပြီးခမ်းနားထည်ဝါတဲ့အလှတရားအတွက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလို ပြန်လည်ခံစား သက်ဝင်ထားပါတယ်။ဒါကတော့ ကျွန်မ “မိုးဟေကို”ပါရှင်။”ဆိုတဲ့ စာသားလေးနဲ့ အတူ ကျက်သရေ ရှိပြီး တည်ငြိမ်တဲ့ ပင်ကိုယ် အလှတရားတွေကို မျှဝေပေး လာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီး ကလည်း မိုးလေးကို သဘောကျ အားပေး နိုင်ဖို့ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Moe Hay Ko FB Account