


Credit:CELELUCKY

UNICODE

ပရိသတ်ကြီး ရေ ဒီကနေ့ Facebook ပေါ်တွင် ရေပန်းအစားဆုံး သတင်းက တော့ mandalay နန်းတွင်း မှာ ကျင်းပနေတဲ့ သင်္ကြန် ပွဲတော်တွင် အနုပညာရှင် တစ်ချို့ သွားရောက် ခဲ့ တဲ့ ဆိုတဲ့ သတင်း ပါပဲနော်။ ဓာတ်ပုံ တွေ တက်လာ တာကြောင့် ပြည်သူ များက ဒေါသ ထွက်နေ ကြပြီး ကာယကံရှင် တွေကတော့ ပြန်လည် ဖြေရှင်းခြင်း မရှိသေး ပါဘူးနော်။

အချို့ အနုပညာရှင်တွေ ဖြစ်တဲ့ ထူးခြား ၊ မိုးမိုး ၊ ညီညီမောင် ( စမ်းချောင်း) ၊ မေဦးမောင် ( တော်ဝင်သူ) တို့မှာ နွေဦး တော်လှန်ရေးတွင် နေ့စဉ် ပါဝင် လှုပ်ရှားကြခဲ့သူတွေပါနော်။ ယုန်လေး ၊ ဒိန်းဒေါင် နဲ့ ရဲအောင် တို့ကတော့ အစက တည်းက စစ်တပ်ဘက် မှ ထောက်ခံကြတဲ့ သူတွေပါနော်။

အတက်နေ့ ည (၈) နာရီမှာလည်း စစ်ကောင်စီ က ကျင်းပတဲ့ သင်္ကြန်ပိတ် ပွဲကို ရန်ကုန်မြို့ ရှစ်မိုင်မှာ ရှိတဲ့ ကုန်းမြင့်သာ ခန်းမတွင် ကျင်းပ နေပြီး ဆယ်လီတစ်ချို့မှ လာရောက် ဖျော်ဖြေ နေတယ်လို့လည်း သတင်းရရှိ ထားပါတယ် ပရိသတ်ကြီးရေ…..

Credit:CELELUCKY