ချစ်စရာကောင်မလေးနှစ်ယောက် သီချင်းလေးတွေ အတူဆိုရင်း ပရိသတ်သတိထားမိစေခဲ့ တာကတော့ နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို သူငယ်ချင်းနှစ်ယောက်ပဲဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက် သီချင်းအယ်လ်ဘမ် တစ်ခုကို စုံတွဲထုတ်ခဲ့ပြီး အနုပညာ လမ်းပေါ်မှာ အောင်မြင်မှု ကိုယ်စီရရှိနေပြီပဲ ဖြစ်ပါတယ်။

သူတိုသူငယ်ချင်း နှစ်ယောက်က အနုပညာ အလုပ်တွေကို တိုင်တိုင်ပင်ပင်နဲ့ အတူတူ လက်တွဲ လုပ်ဆောင်ခဲ့ပြီး အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။ နန်းမြတ်နဲ့ နန်းသူဇာတို နှစ်ယောက်ကတော့ သူငယ်ချင်းထက် ညီအစ်မအရင်းတွေလို ချစ်ခင်ကြတာ ဖြစ်ပါတယ်။

နန်းသူဇာကတော့ ချစ်ရတဲ့သူ ကျော်ထွဋ်ဆွေနဲ့ တွဲလာခဲ့တာ ချစ်သူ သက်တမ်း(၁၀)နှစ်ကျော် ရှိပြီဖြစ်ပြီး မနေ့ကပဲ လက်ထပ်ခွင့် တောင်းလိုက်တာ ဖြစ်ပါတယ်။ အချစ်ဆုံးသူငယ်ချင်း နန်းသူဇာ လက်ထပ်ခွင့် တောင်းခံရတဲ့ နေ့လေးမှာ နန်းမြတ်ဖြိုးသင်း က ပါဝင်အားဖြည့်ပေးခဲ့တာဖြစ်ပါတယ်။

နန်းသူဇာလေး စွံသွားလို့ ထပ်တူဝမ်းသာ တယ်ဆိုတဲ့ အကြောင်းလေးကို ” သူငယ်ချင်းလေးအရမ်းပျော်နေတာကိုယ်လဲပျော် တသက်စာစိတ်ချမ်းသာစရာတွေပဲကြုံတွေ့ရပါစေသူငယ်ချင်းလေးရေ 💓” ဆိုပြီး နန်းသူဇာရဲ့ ပုံလေးနဲ့အတူ ရေးသား မျှဝေထားတာ ဖြစ်ပါတယ်။

Photo Credit : Nan Myat Phyo Thin
Source : Nan Myat Phyo Thin

zawgyi

ခ်စ္စရာေကာင္မေလးႏွစ္ေယာက္ သီခ်င္းေလးေတြ အတူဆိုရင္း ပရိသတ္သတိထားမိေစခဲ့ တာကေတာ့ နန္းျမတ္ၿဖိဳးသင္းနဲ႔ နန္းသူဇာတို သူငယ္ခ်င္းႏွစ္ေယာက္ပဲျဖစ္ပါတယ္။ သူငယ္ခ်င္းႏွစ္ေယာက္ သီခ်င္းအယ္လ္ဘမ္ တစ္ခုကို စုံတြဲထုတ္ခဲ့ၿပီး အႏုပညာ လမ္းေပၚမွာ ေအာင္ျမင္မႈ ကိုယ္စီရရွိေနၿပီပဲ ျဖစ္ပါတယ္။

သူတိုသူငယ္ခ်င္း ႏွစ္ေယာက္က အႏုပညာ အလုပ္ေတြကို တိုင္တိုင္ပင္ပင္နဲ႔ အတူတူ လက္တြဲ လုပ္ေဆာင္ခဲ့ၿပီး အရမ္းကိုခ်စ္ၾကတဲ့ သူငယ္ခ်င္းေတြလည္း ျဖစ္ပါတယ္။ နန္းျမတ္နဲ႔ နန္းသူဇာတို ႏွစ္ေယာက္ကေတာ့ သူငယ္ခ်င္းထက္ ညီအစ္မအရင္းေတြလို ခ်စ္ခင္ၾကတာ ျဖစ္ပါတယ္။

နန္းသူဇာကေတာ့ ခ်စ္ရတဲ့သူ ေက်ာ္ထြဋ္ေဆြနဲ႔ တြဲလာခဲ့တာ ခ်စ္သူ သက္တမ္း(၁၀)ႏွစ္ေက်ာ္ ရွိၿပီျဖစ္ၿပီး မေန႔ကပဲ လက္ထပ္ခြင့္ ေတာင္းလိုက္တာ ျဖစ္ပါတယ္။ အခ်စ္ဆုံးသူငယ္ခ်င္း နန္းသူဇာ လက္ထပ္ခြင့္ ေတာင္းခံရတဲ့ ေန႔ေလးမွာ နန္းျမတ္ၿဖိဳးသင္း က ပါဝင္အားျဖည့္ေပးခဲ့တာျဖစ္ပါတယ္။

နန္းသူဇာေလး စြံသြားလို႔ ထပ္တူဝမ္းသာ တယ္ဆိုတဲ့ အေၾကာင္းေလးကို ” သူငယ္ခ်င္းေလးအရမ္းေပ်ာ္ေနတာကိုယ္လဲေပ်ာ္ တသက္စာစိတ္ခ်မ္းသာစရာေတြပဲၾကဳံေတြ႕ရပါေစသူငယ္ခ်င္းေလးေရ 💓” ဆိုၿပီး နန္းသူဇာရဲ့ ပုံေလးနဲ႔အတူ ေရးသား မၽွေဝထားတာ ျဖစ္ပါတယ္။

Photo Credit : Nan Myat Phyo Thin
Source : Nan Myat Phyo Thin