



UNIICODE

မင်းသမီးချော လေးဖြူဖြူထွေး ကတော့ လက်ရှိမှာ အောင်မြင်ကျော်ကြားပြီး လူကြိုက်များတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ပွင့်လင်းတဲ့ စကားပြောဆိုဟန်လေးတွေကြောင့် ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှုကို အခိုင် အမာ ရယူထားနိုင်ခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။ ပါဝင် သရုပ်ဆောင် တဲ့ ဇာတ်ရုပ်တိုင်း ကို အကောင်းဆုံးနဲ့ အပီအပြင်ဆုံး သရုပ်ဆောင်လျက် ရှိနေခဲ့ပြီး ကြော်ငြာတွေ ကိုလည်း ဆက်တိုက် ရိုက်ကူးလျက်ရှိနေတဲ့ သူမကတော့ ချစ်စရာအပြုံးလေး တွေကို ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်လျက် ရှိနေခဲ့ပြီး ဖိတ်ကြားခံရတဲ့ ပွဲတွေကိုလည်း တက်ရောက် လျက်ရှိနေတဲ့ သူမ ကတော့ မြန်မာ ဆန်ဆန် ဖက်ရှင်လေး တွေအပြင် အမိုက်စား ဖက်ရှင်လေးတွေ ကိုပါ ဝတ်ဆင်လေ့ရှိတဲ့ ပြည်သူချစ် အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရယ်မောစရာ ကောင်းတဲ့ အခွီ Tiktok လေးတွေကို ဆော့ကစားပြီး ပရိသတ် တွေပျော်ရွှင်အောင် တင်ပေးလေ့ ရှိတဲ့ သူမကတော့ အလှူအတန်း တွေကို ရက်ရက်ရော ရောလှူဒါန်းလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူမ ကတော့ ယခုမှာ HappyNewYear ညကို နမိုးနီးယားည ဆိုပြီး မှားပြောနေတဲ့ မေမေ့ကို ကြည့်ပြီး အူတက်အောင်နေ ကာ လိုက်စနေတဲ့ အခွီ ဗီဒီယိုလေးကို ချပြလာခဲ့ပါတယ်။ ရယ်မောစရာ ကောင်းပြီး ကြည်နူးစရာ ကောင်းလွန်းတဲ့ သူမတို့သားအမိ နှစ်ယောက်ရဲ့ ဗီဒီယိုဖိုင် လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီး ဖြူဖြူထွေးတို့သားအမိ နှစ်ယောက်ရဲ့ ရယ်မောစရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Phyu Phyu Htwe ‘ s Facebook Acc