ပရိသတ်တွေရဲ့ အားပေးမှုကိုအခိုင်အမာ ရရှိထား တဲ့ ဥက္ကာမင်းမောင်ဟာ လက်ရှိမှာတော့ ပြည်ပနိုင်ငံတွင် နေထိုင်ပြီး မြန်မာနိုင်ငံသို့ ခေတ္တပြန်လာတိုင်း အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေတာ လည်း ဖြစ်ပါတယ်။လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ခွင့်မရတာကြောင့် စိတ်မကောင်းဖြစ်နေတာပါ။

သူနေထိုင်ရာ နယူးယောက်မြို့တွင် ပြုလုပ်တဲ့ လူထု လှုပ်ရှားမှုများတွင် တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေများကို Speak Out လုပ်ပေးနေ တာ ဖြစ်ပါတယ်။ ပြည်သူတွဘက်ကနေ ရပ်တည်ပေးနေတဲ့ ဥက္ကာမင်းမောင်ရဲ့ စိတ်ဓာတ် ကတော့ လေးစားစရာ ပါပဲနော်။မနေ့ကလည်း နယူးယောက်မြို့ကို ရောက်ရှိ နေကြတဲ့ မြန်မာနိုင်ငံမှ ပြည်သူတစ်ချို့ကတော့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ အခမ်းအနား ကို Time Square တွင် ကျင်းပခဲ့ကြတာပါ။

သူတို့အားလုံးကတော့ အဝေး တစ်နေရာသို့ ရောက်နေကြပေမယ့် လည်း မြန်မာ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးလျက် ရှိနေကြောင်း ပြသခဲ့တာပါ။ဥက္ကာမင်းမောင်ကလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး နိုင်ငံတော်အ တိုင်ပင် ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နှင့် ဖမ်းဆီး ခံနေရတဲ့သူများအားလုံးအမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ပရိသတ်တွေလည်း သိရှိ နိုင်အောင် ဥက္ကာမင်းမောင်ရဲ့ သတင်းကိုတင်ဆက်ပေး လိုက်ရပါတယ်။

Source and Photo Crd-Okkar Min Maung’s IG Account

ZAW GYI

ပရိသတ္ေတြရဲ့ အားေပးမႈကိုအခိုင္အမာ ရရွိထား တဲ့ ဥကၠာမင္းေမာင္ဟာ လက္ရွိမွာေတာ့ ျပည္ပနိုင္ငံတြင္ ေနထိုင္ၿပီး ျမန္မာနိုင္ငံသို႔ ေခတၱျပန္လာတိုင္း အႏုပညာလႈပ္ရွားမႈေတြ လုပ္ကိုင္ေနတာ လည္း ျဖစ္ပါတယ္။လက္ရွိ ျမန္မာနိုင္ငံတြင္ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ကိုယ္တိုင္ပါဝင္ခြင့္မရတာေၾကာင့္ စိတ္မေကာင္းျဖစ္ေနတာပါ။

သူေနထိုင္ရာ နယူးေယာက္ၿမိဳ႕တြင္ ျပဳလုပ္တဲ့ လူထု လႈပ္ရွားမႈမ်ားတြင္ တစ္တပ္တစ္အား ပူးေပါင္း ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ ဥကၠာမင္းေမာင္ရဲ့ လူမႈကြန္ယက္မ်ားမွတစ္ဆင့္ လက္ရွိျဖစ္ပ်က္ေနတဲ့ အေျခအေနမ်ားကို Speak Out လုပ္ေပးေန တာ ျဖစ္ပါတယ္။ ျပည္သူတြဘက္ကေန ရပ္တည္ေပးေနတဲ့ ဥကၠာမင္းေမာင္ရဲ့ စိတ္ဓာတ္ ကေတာ့ ေလးစားစရာ ပါပဲေနာ္။မေန႔ကလည္း နယူးေယာက္ၿမိဳ႕ကို ေရာက္ရွိ ေနၾကတဲ့ ျမန္မာနိုင္ငံမွ ျပည္သူတစ္ခ်ိဳ႕ကေတာ့ ကမၻာလုံးဆိုင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရးေန႔ အခမ္းအနား ကို Time Square တြင္ က်င္းပခဲ့ၾကတာပါ။

သူတို႔အားလုံးကေတာ့ အေဝး တစ္ေနရာသို႔ ေရာက္ေနၾကေပမယ့္ လည္း ျမန္မာ ျပည္သူေတြနဲ႔အတူ ရပ္တည္ေပးလ်က္ ရွိေနေၾကာင္း ျပသခဲ့တာပါ။ဥကၠာမင္းေမာင္ကလည္း ဒီလႈပ္ရွားမႈမွာ ပါဝင္ခဲ့ၿပီး နိုင္ငံေတာ္အ တိုင္ပင္ ခံ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတႀကီး ဦးဝင္းျမင့္ ႏွင့္ ဖမ္းဆီး ခံေနရတဲ့သူမ်ားအားလုံးအျမန္ဆုံး ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။ ပရိသတ္ေတြလည္း သိရွိ နိုင္ေအာင္ ဥကၠာမင္းေမာင္ရဲ့ သတင္းကိုတင္ဆက္ေပး လိုက္ရပါတယ္။

Source and Photo Crd-Okkar Min Maung’s IG Account