သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ ကေတာ့ ပရဟိတအလုပ္ေတြကို ႀကိဳးစား ကူညီေဆာင္ရြက္ ေနတဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ လူထုလႈပ္ရွားမႈမွာ ပါဝင္ရင္း မေမၽွာ္လင့္ဘဲ က်ဆုံးသြားခဲ့ရတဲ့ သူရဲေကာင္းေတြ အတြက္ လိုအပ္တဲ့ေထာက္ပံ့မႈေတြကို သြားေရာက္ လႉဒါန္းေပးခဲ့တာလည္း ျဖစ္ပါတယ္။ အေရးၾကဳံတဲ့အခါတိုင္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ ေပးတဲ့ ခိုင္ႏွင္းေဝရဲ့ စိတ္ထားေလးကေတာ့ ဂုဏ္ယူစရာပါပဲေနာ္။

လတ္တေလာ လႈပ္ရွားမႈမ်ားအေန နဲ႔ စားဝတ္ေနေရး ခက္ခဲတဲ့ ျပည္သူမ်ားအား စုံစမ္းကာ လိုအပ္တဲ့ ေနရာမ်ား အထိ သြားေရာက္ကူညီေပးေနတာလည္း ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ ပရဟိတလုပ္ငန္းေတြကို မေမာနိုင္ မပန္းနိုင္ ေဆာင္ရြက္ ေပးေနတဲ့ ခိုင္ႏွင္းေဝကေတာ့ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း သူမရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ သက္ႀကီး ရြယ္အိုနဲ႔ နာမက်န္းလူမမာအဘိုးအဘြားမ်ားအတြက္ လိုအပ္တဲ့ အကူအညီမ်ားအားေထာက္ပံ့လႉဒါန္း ေပးခဲ့တဲ့ပုံရိပ္မ်ားကို ေဝမၽွေပးထားတာပဲ ျဖစ္ပါတယ္။

သူမကလည္း ” သက္ႀကီးရြယ္အိုမ်ားနဲ႔ နာမက်န္းလူမမာ အဘိုးအဘြားမ်ားအတြက္ ဆန္(၂) ျပည္၊ ဆီ၊နို႔ဗူး၊အာလူး၊ ကုလားပဲ၊ အားေဆး ႏွင့္ ေဆးဖိုး အလႉေငြ (၁၀၀၀၀) က်ပ္တို႔အား အိမ္ေၿခ (၇၀) စာ လႉဒါန္းေပးခဲ့ ပါတယ္….လတ္တေလာ အခက္အခဲေလးေတြ အနည္းငယ္ ေျပေပ်ာက္ေစဖို႔ တတ္နိုင္သေလာက္ လႉဒါန္းကုသိုလ္ယူခဲ့ပါတယ္ရွင္..🙏🙏🙏” ဆိုၿပီး ေရး သားထား တာပဲ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝ တစ္ေယာက္ အလႉေရစက္ လက္နဲ႔မကြာ အျမဲလႉဒါန္းနိုင္ပါေစေနာ္။

Source and Photo Crd-Khine Hnin Wai’s Facebook Page

Credit

unicode

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ ပရဟိတအလုပ်တွေကို ကြိုးစား ကူညီဆောင်ရွက် နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း မမျှော်လင့်ဘဲ ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတွေ အတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေကို သွားရောက် လှူဒါန်းပေးခဲ့တာလည်း ဖြစ်ပါတယ်။ အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည် ပေးတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားလေးကတော့ ဂုဏ်ယူစရာပါပဲနော်။

လတ်တလော လှုပ်ရှားမှုများအနေ နဲ့ စားဝတ်နေရေး ခက်ခဲတဲ့ ပြည်သူများအား စုံစမ်းကာ လိုအပ်တဲ့ နေရာများ အထိ သွားရောက်ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ပရဟိတလုပ်ငန်းတွေကို မမောနိုင် မပန်းနိုင် ဆောင်ရွက် ပေးနေတဲ့ ခိုင်နှင်းဝေကတော့ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သက်ကြီး ရွယ်အိုနဲ့ နာမကျန်းလူမမာအဘိုးအဘွားများအတွက် လိုအပ်တဲ့ အကူအညီများအားထောက်ပံ့လှူဒါန်း ပေးခဲ့တဲ့ပုံရိပ်များကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

သူမကလည်း ” သက်ကြီးရွယ်အိုများနဲ့ နာမကျန်းလူမမာ အဘိုးအဘွားများအတွက် ဆန်(၂) ပြည်၊ ဆီ၊နို့ဗူး၊အာလူး၊ ကုလားပဲ၊ အားဆေး နှင့် ဆေးဖိုး အလှူငွေ (၁၀၀၀၀) ကျပ်တို့အား အိမ်ခြေ (၇၀) စာ လှူဒါန်းပေးခဲ့ ပါတယ်….လတ်တလော အခက်အခဲလေးတွေ အနည်းငယ် ပြေပျောက်စေဖို့ တတ်နိုင်သလောက် လှူဒါန်းကုသိုလ်ယူခဲ့ပါတယ်ရှင်..🙏🙏🙏” ဆိုပြီး ရေး သားထား တာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေ တစ်ယောက် အလှူရေစက် လက်နဲ့မကွာ အမြဲလှူဒါန်းနိုင်ပါစေနော်။

Source and Photo Crd-Khine Hnin Wai’s Facebook Page

Credit