Model ၊ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ပိုင်တံခွန် ကတော့ ပုဒ်မ (၅၀၅) က နဲ့ တရားစွဲဆို ခံရပြီး နောက် မှာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ် ။ ပိုင်တံခွန်က အမှန်တရား ဘက်က ရဲရဲ ဝင့်ဝင့် ရပ်တည်ခဲ့သူ ဖြစ်တာ ကြောင့် ပြည်သူတွေ ကလည်း သူအမြန်ဆုံး လွတ်မြောက်စေဖို့ အတွက် ဆုတောင်း နေကြတာ ဖြစ်ပါတယ် ။ အခုလည်း ပိုင်တံခွန်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ဓာတ်ပုံဆရာ ထက်ပိုင်ရဲက ကြင်နာပြီး စိတ်ရင်းကောင်းတဲ့ ပိုင်တံခွန်ရဲ့အကြောင်း ကို ပြောပြထား တာ ဖြစ်ပါ တယ်။

ကျောင်းနေ ဖက် သူငယ်ချင်းတွေ ဖြစ်တဲ့ သူတို့ နှစ်ယောက်က (၇) နှစ်ကြာပြီး မှ ပြန်တွေ့ ကြတဲ့အခါမှာ ပိုင်တံခွန်က ထက်ပိုင်ရဲ ကို လက်တွဲ ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ပိုင်တံခွန်က သူအောင်မြင် နေတဲ့အချိန် မှာ တတ်နိုင် သလောက် Support ပေးမယ် ဆိုပြီး သူငယ်ချင်း ဖြစ်ချင်တဲ့ အိပ်မက် ကို မေးခဲ့တာ ဖြစ်ပါတယ် ။ ကင်မရာကိုင်ပြီး Video ရိုက်ချင် တယ်လို့ ထက်ပိုင်ရဲ က ဖြေခဲ့ တာကြောင့် ပိုင်တံခွန်က “သူ့ဆီ လာ သူ နဲ့ သိတဲ့ ဆရာတွေ ဆီမှာ အပ်ပေးမယ် ပညာ သင်ပါ ဘဝကို လျှောက်လှမ်းပါ” ဆိုပြီး ပြောခဲ့ တာ ဖြစ်ပါတယ် ။

သူ့သူငယ်ချင်း ကို သူများ ဆီမှာ အလုပ်သမား မဖြစ်စေချင်တဲ့ ပိုင်တံခွန် က သူ့အနားမှာ ခေါ်ထားပြီး လိုအပ်တဲ့ အကူအညီ တွေပေးခဲ့တာ ဖြစ်ပါတယ် ။ဒါ့အပြင် တကယ်တော်တဲ့ ဓာတ်ပုံ ဆရာတစ်ယောက် ဖြစ်လာအောင် လမ်းပြ ပေးရင်း ဘာမှမရှိတဲ့ ဘဝကနေ တဖြည်းဖြည်းချင်း အဆင်ပြေ လာတဲ့အထိ ပိုင်တံခွန်က Support ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ထက်ပိုင်ရဲ က ” အခုချိန်မှာ သူ့ကို မလွမ်းဘူး လားလို့ သူအထဲ ရောက်နေတာ တောင် အပြင်မှာ Ro နေတယ် ဘာညာ တွေ့တော့ စိတ်မကောင်းဖြစ်မိပါတယ် သူက ဒုတိယ မိသားစုပါပဲ သူက အရာရာပါပဲ သူငယ်ချင်းကြီး ကို အရမ်းလွမ်းမိပါတယ်။ အမြန်ဆုံး ပြန်လည်လွတ်မြောက် ပါစေ ပိုင်တံခွန် ဆိုတာ မရှိခဲ့ရင် ကျွန်တော် ဆိုတာ ဘာမှ မဟုတ်ပါဘူး ဘာမှမရှိတဲ့ ကောင်ပါ” ဆိုပြီး ပြောထား တာပဲ ဖြစ်ပါတယ် ။

crd-khityoeyar

ZAWGYI

Model ၊ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္တဲ့ ပိုင္တံခြန္ ကေတာ့ ပုဒ္မ (၅၀၅) က နဲ႔ တရားစြဲဆို ခံရၿပီး ေနာက္ မွာ ဖမ္းဆီး ထိန္းသိမ္းျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္ ။ ပိုင္တံခြန္က အမွန္တရား ဘက္က ရဲရဲ ဝင့္ဝင့္ ရပ္တည္ခဲ့သူ ျဖစ္တာ ေၾကာင့္ ျပည္သူေတြ ကလည္း သူအျမန္ဆုံး လြတ္ေျမာက္ေစဖို႔ အတြက္ ဆုေတာင္း ေနၾကတာ ျဖစ္ပါတယ္ ။ အခုလည္း ပိုင္တံခြန္နဲ႔ အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္တဲ့ ဓာတ္ပုံဆရာ ထက္ပိုင္ရဲက ၾကင္နာၿပီး စိတ္ရင္းေကာင္းတဲ့ ပိုင္တံခြန္ရဲ့အေၾကာင္း ကို ေျပာျပထား တာ ျဖစ္ပါ တယ္။

ေက်ာင္းေန ဖက္ သူငယ္ခ်င္းေတြ ျဖစ္တဲ့ သူတို႔ ႏွစ္ေယာက္က (၇) ႏွစ္ၾကာၿပီး မွ ျပန္ေတြ႕ ၾကတဲ့အခါမွာ ပိုင္တံခြန္က ထက္ပိုင္ရဲ ကို လက္တြဲ ေခၚခဲ့တာ ျဖစ္ပါတယ္။ ပိုင္တံခြန္က သူေအာင္ျမင္ ေနတဲ့အခ်ိန္ မွာ တတ္နိုင္ သေလာက္ Support ေပးမယ္ ဆိုၿပီး သူငယ္ခ်င္း ျဖစ္ခ်င္တဲ့ အိပ္မက္ ကို ေမးခဲ့တာ ျဖစ္ပါတယ္ ။ ကင္မရာကိုင္ၿပီး Video ရိုက္ခ်င္ တယ္လို႔ ထက္ပိုင္ရဲ က ေျဖခဲ့ တာေၾကာင့္ ပိုင္တံခြန္က “သူ႔ဆီ လာ သူ နဲ႔ သိတဲ့ ဆရာေတြ ဆီမွာ အပ္ေပးမယ္ ပညာ သင္ပါ ဘဝကို ေလၽွာက္လွမ္းပါ” ဆိုၿပီး ေျပာခဲ့ တာ ျဖစ္ပါတယ္ ။

သူ႔သူငယ္ခ်င္း ကို သူမ်ား ဆီမွာ အလုပ္သမား မျဖစ္ေစခ်င္တဲ့ ပိုင္တံခြန္ က သူ႔အနားမွာ ေခၚထားၿပီး လိုအပ္တဲ့ အကူအညီ ေတြေပးခဲ့တာ ျဖစ္ပါတယ္ ။ဒါ့အျပင္ တကယ္ေတာ္တဲ့ ဓာတ္ပုံ ဆရာတစ္ေယာက္ ျဖစ္လာေအာင္ လမ္းၿပ ေပးရင္း ဘာမွမရွိတဲ့ ဘဝကေန တျဖည္းျဖည္းခ်င္း အဆင္ေၿပ လာတဲ့အထိ ပိုင္တံခြန္က Support ေပးခဲ့တာပဲ ျဖစ္ပါတယ္ ။

ဒါေၾကာင့္ ထက္ပိုင္ရဲ က ” အခုခ်ိန္မွာ သူ႔ကို မလြမ္းဘူး လားလို႔ သူအထဲ ေရာက္ေနတာ ေတာင္ အျပင္မွာ Ro ေနတယ္ ဘာညာ ေတြ႕ေတာ့ စိတ္မေကာင္းျဖစ္မိပါတယ္ သူက ဒုတိယ မိသားစုပါပဲ သူက အရာရာပါပဲ သူငယ္ခ်င္းႀကီး ကို အရမ္းလြမ္းမိပါတယ္။ အျမန္ဆုံး ျပန္လည္လြတ္ေျမာက္ ပါေစ ပိုင္တံခြန္ ဆိုတာ မရွိခဲ့ရင္ ကၽြန္ေတာ္ ဆိုတာ ဘာမွ မဟုတ္ပါဘူး ဘာမွမရွိတဲ့ ေကာင္ပါ” ဆိုၿပီး ေျပာထား တာပဲ ျဖစ္ပါတယ္ ။

crd-khityoeyar