



unicode

ဒီတစ်ခေါက် မှာတော့ ဟန်ဆောင် မှုကင်းမဲ့ တဲ့ အပြုံး ပိုင်ရှင်လေး ပရိသတ် အချစ်တော် မေတိုးခိုင် ပဲ ဖြစ်ပါတယ်။ သူမ ကတော့ ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးဖြစ် တဲ့ အိန္ဒြာကျော်ဇင် ရဲ့ တူမလေး တစ်ဦး ဖြစ်ပြီး သူမ တီလေးရဲ့ လမ်းညွှန် မှုတွေ အောက်မှာ နေကာ အနုပညာလမ်း ကို ဆက်လက် လျှောက်လှမ်း နေတာပဲ ဖြစ်ပါတယ်။ ယခုအခါ မှာလည်း ရုပ်ရှင် ဇာတ်ကားကြီး တွေ ကိုပါ ရိုက်ကူး လာပြီး ပရိသတ်တွေ ရဲ့ အားပေးထောက်ခံမှု ကို အပြည့်အဝ ရရှိ ထားတာပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်က လည်း ကျစ်လစ်သွယ်လျပြီး စကားပြော ဆိုဟန်က ကလေး တစ်ယောက်လို ချစ်ဖို့ကောင်းနေတာ ကြောင့်ပရိသတ်တွေ ရင်ထဲ ရောက်ရှိခဲ့ တာ ဆိုရင်လည်း မမှားပါဘူး။ တခါတလေ မှာလည်း အမိုက်စား ဖက်ရှင်တွေ ဝတ်ကာ ပရိသတ်တွေ ကို အမြင်တစ်မျိုး နဲ့ ချပြကာ အချစ်ပို စေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အွန်လိုင်းကြော်ငြာ တွေ ရိုက်ကူးကာ ပရိသတ်တွေ နဲ့ အဆက်အသွယ် မပျက်ရှိနေတာပဲ ဖြစ်ပါတယ်။

ယခုအခါမှာလည်း ကလေးတစ်ယောက် လို ချစ်စရာကောင်း တဲ့ အမူအရာ တွေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ ကို ချပြလာတာပဲ ဖြစ်ပါတယ်။ လတ်တလော မှာ နာမည်ကြီးနေ တဲ့ ချမ်းမြေ့မောင်ချို ရဲ့ Falling သီချင်းကို ဟန်ဆောင်မှု ကင်းမဲ့တဲ့ အပြုံးတွေနဲ့ ဆော့ကစားထားတာ ကို “နင်အကြောင်းမျာ းတွေး Im falling…”ဆိုတဲ့ ခေါင်းစဉ်လေးတပ်ပြီး သူမရဲ့ လူမှုကွန်ယက်စာမျက် နှာမှာ ဖော်ပြလာ တာကို ပရိသတ်တွေ ကြည့်ရှု့လို့ ရအောင် အတွက် ပြန်လည် မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်….။

သတင်းအရင်းမြစ်: May Toe Khaing Facebook account