ပရိသတ်ကြီး ရေ ဒီနေ့ ဇွန်လ (၂၃) ရက်နေ့မှာ ပရိသတ်တွေ ရဲ့ အချစ်တော် ဖြစ်တဲ့ အဆိုတော် ရေမွန် ကတော့ ဆုံးပါး ကွယ်လွန် သွားခဲ့ ပါတယ်။ ရေမွန် ကတော့ Idiot Music Band အဖွဲ့ ရဲ့ အဆိုတော် ဖြစ်ပြီး ပရိသတ်တွေ ရဲ့ အားပေး ချစ်ခင်မှု့ ကို အပြည့်အဝ ရရှိထားတဲ့ အောင်မြင် တဲ့ ပရိသတ် အချစ်တော် အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။

ရေမွန် ကတော့ ဦးနှောက်ထဲ ငှက်ဖျား ပိုးဝင်ရောက်သွားတာ ကြောင့် ဆုံးပါး ကွယ်လွန်သွားခဲ့ တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ ရေမွန် တစ်ယောက်ဆုံးပါးကွယ်လွန် သွားတဲ့ ဒီသတင်းကြောင့် ပရိသတ်တွေ ကတော့ နှမြော တသသ နဲ့ ဝမ်းနည်း ကြေကွဲ နေခဲ့ပြီး တော်တော် လေးကို စိတ်မကောင်း ဖြစ်နေ ကြတာပါတယ်။အဆိုတော် Novem ထူး ကလည်း ညီအစ်ကိုလို ချစ်ခင်ရတဲ့ ရေမွန် အတွက် စိတ်မကောင်း ဖြစ်ရကြောင်း Profile Photo ကိုအမည်းရောင် ပြောင်းကာ

“Rest in Power My Bloody Brother” ဆိုပြီး သူ့ရဲ့လူမှု့ ကွန်ရက် စာမျက်နှာကနေ ဖော်ပြ ထားခဲ့ပါသေးတယ်။ ပရိသတ်တွေ ရဲ့ အချစ်တော် ဖြစ်တဲ့ အဆိုတော် ရေမွန် တစ်ယောက်လည်း ကောင်းရာ သုဂတိလား ပါစေလို့ ဆုတောင်း ပေးရင်း စိတ်မကောင်းစွာနဲ့ ဒီသတင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်။

Source – Novem Htoo
Credit…CELE Zone

ZAWGYI




Source – Novem Htoo
Credit…CELE Zone