


Chilli – CeleZone
Source – Kyaw Thu

UNICODE

ပရိသတ်ကြီး ရေ မင်းသားချော စွမ်း ကတော့ လတ်တလောမှာ အလှူလေး တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ စွမ်း ကတော့ လက်ရှိမှာ ဇာတ်မင်းသား တစ်ယောက်အနေနဲ့ ရပ်တည်နေခဲ့ ပြီး ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ သူတစ်ယောက်ပါ။ ပရိသတ် အချစ်တော် စွမ်း ကတော့ အလှူအတန်းတွေကို အမြဲ လိုလို ပြုလုပ်လေ့ရှိပြီး

အခု တစ်ခေါက်မှာ လည်း စွမ်း က မီးဂြိုလ်ခ အယောက် (၁၀၀) စာ နှင့် ကဒ်ခေါင်း (၅၄) ခုစာ အလှူငွေ (၇) သိန်းကျပ်ကို အဆိုတော် ရုပ်ရှင် မင်းသား နာကူ(ရန်ကုန်) စံပြပရဟိတ အနုပညာရှင် ဇွဲလရောင် ကနေ တစ်ဆင့် နာရေးကူညီမှု အသင်းထံသို့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလို စေတနာ သဒ္ဒါ တရားထက်သန်စွာ နဲ့ လှူဒါန်းပေး စွမ်း ရဲ့ ကောင်းမှုကို နားရေးကူညီမှုအသင်းကြီး ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ကနေ ဂုဏ်ပြုဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

CeleZone ပရိသတ်ကြီးတွေ လည်း မင်းသားချော စွမ်းဇာနည် ရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်ကြီးတွေ လည်း သာဓု ခေါ်ဆိုလို့ရအောင် CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ CeleZone ပရိသတ်ကြီးတွေကလည်း စွမ်းရဲ့ အလှူလေး ကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦနော်။

Chilli – CeleZone
Source – Kyaw Thu