စူးရှထက်ကတော့ ခုလိုအခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ ထပ်တူရပ်တည်ခဲ့သူတစ်ယောက်ပါ။ ရရာနေရာကနေ လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်ခဲ့တာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။ ဒါ့အပြင် လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှု ပြုလုပ်နေတဲ့ သူရဲကောင်းတွေအပြင် ညဘက်မှာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်လုံခြုံမှုအတွက် ကင်းစောင့်ပေးကြတဲ့ ပြည်သူများ ကိုလည်း အစားအသောက်များကိုယ်တိုင် ချက်ပြုတ်ကာ လှူဒါန်းခဲ့ပါတယ်။

ခုလိုအခြေအနေမျိုးကြီးမှာ အလုပ်အကိုင်တွေလည်း အလွယ်တကူ မလုပ်နိုင်တာကြောင့် ပြည်သူ တစ်ချို့ဟာ စားဝတ်နေရေး အခက်အခဲတွေများစွာကိုကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ဒီလိုပြည်သူတွေကိုလည်း အလှူရှင် တွေနဲ့စုပေါင်းကာ လှူတန်းမှု တွေလည်း တစ်ရက် မနားဘဲ ကိုယ်တိုင် သွားရောက်ကာ လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိတာ တွေ့ရပါတယ်။

ဒီနေ့မှာတော့ နေမကောင်း ဖြစ်လို့ ဘယ်လိုမှနေထိုင် မကောင်းဖြစ်နေကြောင်း ဟန်မပျက် နေနေရတာကြောင့် လမ်းမှာတွေ့ရင် မျက်နှာကျောတင်းတယ်လို့ မထင်စေချင် ကြောင်းကို ပရိသတ်တွေကို စာလေးရေး ကာဖော်ပြလာတာဖြစ်ပါတယ်။” အစာအိမ်ဖစ်နေတာ၃ရက်၄ရက်ရှိပြီ ကိုယ့်ကိုတွေ့ရင် မျက်နှာကျောတင်းတယ်လို့ မထင် စေချင်ဘူး ဘယ်လို မှနေလို့မကောင်း အစားမစား နိုင်တာ ၃ရက်၄ရက် နားထဲကလေတွေပါထွက်တယ် မူးပြီးဘာမှမမြင်ရ တကယ် ဟန်မပျက်နေနေပင့်မဲ့ ဘယ်လိုမှ မသက်သာလို မပြုံးနိုင်လို့ပါ” ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း စူးရှထက်တစ်ယောက် အမြန်နေ ကောင်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Zar Chi

ZAW GYI

စူးရွထက္ကေတာ့ ခုလိုအေျခအေနေတြ နဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔ ထပ္တူရပ္တည္ခဲ့သူတစ္ေယာက္ပါ။ ရရာေနရာကေန လမ္းမေပၚထြက္ကာ လႈပ္ရွားမႈေတြျပဳလုပ္ခဲ့တာကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။ ဒါ့အျပင္ လမ္းမေပၚထြက္ကာ လႈပ္ရွားမႈ ျပဳလုပ္ေနတဲ့ သူရဲေကာင္းေတြအျပင္ ညဘက္မွာ မိမိေနထိုင္ရာ ပတ္ဝန္းက်င္လုံျခဳံမႈအတြက္ ကင္းေစာင့္ေပးၾကတဲ့ ျပည္သူမ်ား ကိုလည္း အစားအေသာက္မ်ားကိုယ္တိုင္ ခ်က္ျပဳတ္ကာ လႉဒါန္းခဲ့ပါတယ္။

ခုလိုအေျခအေနမ်ိဳးႀကီးမွာ အလုပ္အကိုင္ေတြလည္း အလြယ္တကူ မလုပ္နိုင္တာေၾကာင့္ ျပည္သူ တစ္ခ်ိဳ႕ဟာ စားဝတ္ေနေရး အခက္အခဲေတြမ်ားစြာကိုၾကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။ဒီလိုျပည္သူေတြကိုလည္း အလႉရွင္ ေတြနဲ႔စုေပါင္းကာ လႉတန္းမႈ ေတြလည္း တစ္ရက္ မနားဘဲ ကိုယ္တိုင္ သြားေရာက္ကာ လႉဒါန္းမႈေတြ ျပဳလုပ္ေပးလ်က္ရွိတာ ေတြ႕ရပါတယ္။

ဒီေန႔မွာေတာ့ ေနမေကာင္း ျဖစ္လို႔ ဘယ္လိုမွေနထိုင္ မေကာင္းျဖစ္ေနေၾကာင္း ဟန္မပ်က္ ေနေနရတာေၾကာင့္ လမ္းမွာေတြ႕ရင္ မ်က္ႏွာေက်ာတင္းတယ္လို႔ မထင္ေစခ်င္ ေၾကာင္းကို ပရိသတ္ေတြကို စာေလးေရး ကာေဖာ္ျပလာတာျဖစ္ပါတယ္။” အစာအိမ္ဖစ္ေနတာ၃ရက္၄ရက္ရွိၿပီ ကိုယ့္ကိုေတြ႕ရင္ မ်က္ႏွာေက်ာတင္းတယ္လို႔ မထင္ ေစခ်င္ဘူး ဘယ္လို မွေနလို႔မေကာင္း အစားမစား နိုင္တာ ၃ရက္၄ရက္ နားထဲကေလေတြပါထြက္တယ္ မူးၿပီးဘာမွမျမင္ရ တကယ္ ဟန္မပ်က္ေနေနပင့္မဲ့ ဘယ္လိုမွ မသက္သာလို မျပဳံးနိုင္လို႔ပါ” ဆိုတဲ့ စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးရင္း စူးရွထက္တစ္ေယာက္ အျမန္ေန ေကာင္းပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Yuan – Cele Zone

Photo – Zar Chi