UNICODE
သရုပ်ဆောင် မင်းသမီးချော ဘေဘီမောင် ကတော့ အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက် အဖြစ် ရပ်တည် နေသလို စကားပြော ပွင့်လင်းပြီး အလှူ အတန်း ရက်ရော တတ်တဲ့ စိတ်ထား လေးတွေ ကြောင့် ပရိသတ် အများက အားပေး ချစ်ခင် နေကြတာပါ..။ လိုအပ် နေတဲ့ပြည်သူ တွေ အတွက် မကြာခဏ ဆိုသလို တတ်နိုင်တဲ့ အင်အား လေးနဲ့ ဖေးမ ကူညီတတ်တဲ့ ဘေဘီမောင် ကတော့ အခုလို စီးပွားရေးတွေ အစစ အရာရာ ခက်ခဲ နေကြတဲ့ အချိန်မှာလည်း တတ်နိုင် သလောက် လှူဒါန်းမှု တွေပြု လုပ်နေတာ တွေ့ရ ပါတယ်..။
ဒီက နေ့မှာ လည်း ဘေဘီမောင် နဲ့ သားဂန်း တို့ချစ်သူ နှစ်ယောက် ကတော့ ရွှေပေါက်ကံ မှာနေထိုင် ကြတဲ့ ချို့တဲ့ပြီး အခက်အခဲတွေ နဲ့ ရင်ဆိုင် နေကြရတဲ့ နားမကြားတဲ့အဖွား နဲ့ လေဖြန်းနေတဲ့ အဖိုးတို့ ဇနီးမောင်နှံ အတွက် လိုအပ်တာတွေ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်း ပြီး ကုသိုလ်ယူခဲ့ ကြပြန်ပါတယ်..။ အဖိုးနဲ့ အဖွားအ တွက် ဆန် ၊ ဆီ၊ အစားအသောက် ၊ ဆေးဝါး နဲ့ အခြား လိုအပ်တာတွေ အပြင် အလှူငွေတွေ ကိုလည်း ပေးအပ် လှူဒါန်း ခဲ့ပြီး ဝမ်းသာမျက်ရည် ကျနေတဲ့ အဖိုးကိုလည်း ကရုဏာ သက်စွာ နဲ့ အားပေး စကားလေးတွေ ပြောကာ ဖေးမခဲ့ တာလည်း တွေ့ရပါတယ်..။
“စားဝတ် နေရေး အတွက် ဒုက္ခရောက် နေ ရှာတဲ့ သက်ကြီး ရွယ်အို အဖိုး အဖွား ကို ဆန်ဆီ လိုအပ်တဲ့ စားဖွယ်ရာ များ ဆေးဝါးများ နဲ့ အလှူငွေ ၂ သိန်း ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူူဒါန်းခဲ့ပါတယ်ရှင့် ဖွားဖွားကလေ အရမ်းဝမ်းသာ နေရှာတယ်။ ဖိုးဖိုးကတော့ ဝမ်းသာ မျက်ရည်လေးပါ ကျနေတာ ပေါ့ရှင် ခြေထောက်က လေဖျန်း ထားတော့ အားငယ်နေရှာတယ်။ အိမ်ဌါးပြီး နေရ ရှာတာ လောလောဆယ် လစာ မယူ သေးထား ပေးထားတဲ့ အမရယ် ကျေးဇူးတင်ပါတယ်ရှင် ဘေဘီ နဲ့ တူတူ ပါဝင် လှူဒါန်း ကုသိုလ် ပြုခဲ့တဲ့ စေတနာရှင် များလည်း သာဓု ခေါ်ပေးပါနော်..” ဆိုပြီး သူမရဲ့အလှူ လေးကို ဝေမျှ ထားတာပါ..။
Photo Credit – Baby Maung’s Fb Acc