ပရိသတ်ကြီးရေ သက်သက်သင်း ကတော့ စူပါမော်ဒယ်လ် တစ်ယောက်အနေနဲ့ နိုင်ငံတကာက စူပါမော်ဒယ်လ်တွေ ကြားမှာရင်ဘောင်တန်းနိုင်တဲ့ အထိအောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာတော့ သက်သက်သင်း က ကမ္ဘာကျော် နာမည်ကြီး Brand တွေရဲ့ မော်ဒယ်အနေနဲ့ Show ပွဲတွေမှာ ပါဝင်နေရတဲ့ အထိအောင်မြင်မှုရရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လည်း GUCCI က ပြုလုပ်တဲ့ Fashion Show ပွဲမှာ ပါဝင်ခဲ့ရပြီး မြန်မာလူမျိုး စူပါမော်ဒယ်လ်တစ်ယောက်အနေ နဲ့ နိုင်ငံတကာက စူပါမော်ဒယ်လ်တွေနဲ့အတူ Gucci Runway ပေါ်မှ အတူတူ မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ တကယ်ကို ဂုဏ်ယူပီတိ ဖြစ်စရာတစ်ခုဖြစ်ခဲ့တာတော့ အမှန်ပါ။ သက်သက်သင်း ကိုယ်တိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက် ကနေ ပုံလေးတွေကို မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ဒါ့အပြင် Gucci Runway ပေါ်မှာ အမိုက်စားဖက်ရှင်တွေ နဲ က စတိုင်ကျလှပစွာလျှောက်လှမ်းနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကလည်း ထွက်ရှိလာခဲ့ပါတယ်။ ပရိသတ်ကြီးရေ နိုင်ငံတကာက စူပါမော်ဒယ်လ်တွေ နဲ့ အတူ Gucci Runway ပေါ်မှာ မြင်တွေ့ ရတဲ့ မြန်မာ မော်ဒယ်လ် သက်သက်သင်းရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Thet Thet Thinn – Beauty, Payinn Yaung
Crd : cele zone

ZAWGYI

ပရိသတ္ႀကီးေရ သက္သက္သင္း ကေတာ့ စူပါေမာ္ဒယ္လ္ တစ္ေယာက္အေနနဲ႔ နိုင္ငံတကာက စူပါေမာ္ဒယ္လ္ေတြ ၾကားမွာရင္ေဘာင္တန္းနိုင္တဲ့ အထိေအာင္ျမင္မႈေတြရရွိေနတဲ့ သူတစ္ေယာက္ပါ။ လက္ရွိမွာေတာ့ သက္သက္သင္း က ကမၻာေက်ာ္ နာမည္ႀကီး Brand ေတြရဲ့ ေမာ္ဒယ္အေနနဲ႔ Show ပြဲေတြမွာ ပါဝင္ေနရတဲ့ အထိေအာင္ျမင္မႈရရွိေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက လည္း GUCCI က ျပဳလုပ္တဲ့ Fashion Show ပြဲမွာ ပါဝင္ခဲ့ရၿပီး ျမန္မာလူမ်ိဳး စူပါေမာ္ဒယ္လ္တစ္ေယာက္အေန နဲ႔ နိုင္ငံတကာက စူပါေမာ္ဒယ္လ္ေတြနဲ႔အတူ Gucci Runway ေပၚမွ အတူတူ ျမင္ေတြ႕ရတဲ့ ျမင္ကြင္းကေတာ့ တကယ္ကို ဂုဏ္ယူပီတိ ျဖစ္စရာတစ္ခုျဖစ္ခဲ့တာေတာ့ အမွန္ပါ။ သက္သက္သင္း ကိုယ္တိုင္ကလည္း သူ႔ရဲ့လူမႈကြန္ရက္ ကေန ပုံေလးေတြကို မၽွေဝေဖာ္ျပထားခဲ့ပါေသးတယ္။

ဒါ့အျပင္ Gucci Runway ေပၚမွာ အမိုက္စားဖက္ရွင္ေတြ နဲ က စတိုင္က်လွပစြာေလၽွာက္လွမ္းေနတဲ့ ဗီဒီယိုဖိုင္ေလးတစ္ခုကလည္း ထြက္ရွိလာခဲ့ပါတယ္။ ပရိသတ္ႀကီးေရ နိုင္ငံတကာက စူပါေမာ္ဒယ္လ္ေတြ နဲ႔ အတူ Gucci Runway ေပၚမွာ ျမင္ေတြ႕ ရတဲ့ ျမန္မာ ေမာ္ဒယ္လ္ သက္သက္သင္းရဲ့ ဗီဒီယိုဖိုင္ေလးကို ျပန္လည္မၽွေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Thet Thet Thinn – Beauty, Payinn Yaung
Crd : cele zone