ျမန္မာ့ဂုဏ္ကို ေဆာင္မယ့္ Miss Universe Myanmar (2020) Winner ဆုရွင္ သူဇာဝင့္လြင္ ဟာ သူမရဲ့ လွပေက်ာ့ရွင္းမႈ ေၾကာင့္ နိုင္ငံတကာ က အားေပးေထာက္ခံသူ ေတြကိုပါ ရလာခဲ့ ပါတယ္။ အမျဖစ္သူ ေမ ဟာလည္း အႏုပညာရွင္ တစ္ေယာက္ျဖစ္ၿပီး ကိုယ္ပိုင္ လမ္းေၾကာင္းေပၚမွာ ေအာင္ျမင္မႈ ရေနသလို သူဇာဝင့္လြင္ ဟာလည္း သူမရဲ့အရည္အခ်င္း ေတြကို အျပည့္အဝ ေဖာ္ထုတ္ ခြင့္ရမယ့္ Miss ၿပိဳင္ပြဲ အ တြက္ နိုင္ငံ့ဂုဏ္ကိုေဆာင္ဖို႔ အသင့္ ျဖစ္ေနခဲ့ပါၿပီ။

ညီမေလး ရဲ့ ေအာင္ျမင္မႈ အတြက္ ဝမ္းသာမဆုံး ျဖစ္ေနတဲ့ ေမဟာ မိဘေတြ ဂုဏ္ယူ ရေအာင္ ပြဲကို မေရာက္ ေရာက္ေအာင္ သြားၿပီး ညီမေလး နဲ႔ အတူ ဓာတ္ဖမ္းခဲ့ပါေသးတယ္။ ညီမႏွစ္ေယာက္လုံး က ထြန္းေပါက္ ေအာင္ျမင္ သူေတြ ျဖစ္ခဲ့တာမို႔ မိဘေတြ အတြက္ ေတာ့ ပီတိျဖစ္စရာ ပါပဲ။ သြယ္လ် လွပတဲ့ ခႏၶာကိုယ္နဲ႔ ဆြဲေဆာင္မႈေတြ ျပည့္လြန္း ေနတဲ့ မ်က္ႏွာ လွ လွေလးဟာ ကမၻာ့ အလည္ မွာ ျမန္မာဆိုတာ ကို ရဲရဲဝံ့ဝံ့ ထုတ္ေဖာ္မယ့္ ပုံစံအျပည့္ပါပဲ။

သူမ ရဲ့စြဲမက္ဖြယ္ ပုံရိပ္ေတြ ကို မိတ္ကပ္ေမဦး က ” Miss Universe Myanmar ဆိုၿပီး International ကလူေတြပါ ဝန္းရံေန ၾကၿပီ ေနာ္ကိုယ္ေတြ Team Myanmar က လူေတြကေရာ? ” ဆိုၿပီး ေဝမၽွေပးခဲ့ပါတယ္။ နဂို ရွိၿပီးသား အလွအပ ေလးဟာ အျပင္အဆင္ ေတြနဲ႔ေပါင္းစပ္လိုက္ ခ်ိန္မွာ ေတာ့ ပိုၿပီးေတာက္ပသြားတဲ့ Miss Universe Myanmar သူဇာဝင့္လြင္ ရဲ့ ၿငိဳ႕အားျပင္း ပုံရိပ္ ေတြကို ပရိသတ္ႀကီး အတြက္ ျပန္လည္ တင္ဆက္ေပးလိုက္ပါတယ္။

Happy – Cele Zone
Photo – May Oo

UNICODE

မြန်မာ့ဂုဏ်ကို ဆောင်မယ့် Miss Universe Myanmar (2020) Winner ဆုရှင် သူဇာဝင့်လွင် ဟာ သူမရဲ့ လှပကျော့ရှင်းမှု ကြောင့် နိုင်ငံတကာ က အားပေးထောက်ခံသူ တွေကိုပါ ရလာခဲ့ ပါတယ်။ အမဖြစ်သူ မေ ဟာလည်း အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင် လမ်းကြောင်းပေါ်မှာ အောင်မြင်မှု ရနေသလို သူဇာဝင့်လွင် ဟာလည်း သူမရဲ့အရည်အချင်း တွေကို အပြည့်အဝ ဖော်ထုတ် ခွင့်ရမယ့် Miss ပြိုင်ပွဲ အ တွက် နိုင်ငံ့ဂုဏ်ကိုဆောင်ဖို့ အသင့် ဖြစ်နေခဲ့ပါပြီ။

ညီမလေး ရဲ့ အောင်မြင်မှု အတွက် ဝမ်းသာမဆုံး ဖြစ်နေတဲ့ မေဟာ မိဘတွေ ဂုဏ်ယူ ရအောင် ပွဲကို မရောက် ရောက်အောင် သွားပြီး ညီမလေး နဲ့ အတူ ဓာတ်ဖမ်းခဲ့ပါသေးတယ်။ ညီမနှစ်ယောက်လုံး က ထွန်းပေါက် အောင်မြင် သူတွေ ဖြစ်ခဲ့တာမို့ မိဘတွေ အတွက် တော့ ပီတိဖြစ်စရာ ပါပဲ။ သွယ်လျ လှပတဲ့ ခန္ဓာကိုယ်နဲ့ ဆွဲဆောင်မှုတွေ ပြည့်လွန်း နေတဲ့ မျက်နှာ လှ လှလေးဟာ ကမ္ဘာ့ အလည် မှာ မြန်မာဆိုတာ ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်မယ့် ပုံစံအပြည့်ပါပဲ။

သူမ ရဲ့စွဲမက်ဖွယ် ပုံရိပ်တွေ ကို မိတ်ကပ်မေဦး က ” Miss Universe Myanmar ဆိုပြီး International ကလူတွေပါ ဝန်းရံနေ ကြပြီ နော်ကိုယ်တွေ Team Myanmar က လူတွေကရော? ” ဆိုပြီး ဝေမျှပေးခဲ့ပါတယ်။ နဂို ရှိပြီးသား အလှအပ လေးဟာ အပြင်အဆင် တွေနဲ့ပေါင်းစပ်လိုက် ချိန်မှာ တော့ ပိုပြီးတောက်ပသွားတဲ့ Miss Universe Myanmar သူဇာဝင့်လွင် ရဲ့ ငြို့အားပြင်း ပုံရိပ် တွေကို ပရိသတ်ကြီး အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – May Oo