ျပည္သူခ်စ္ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ပိုင္တံခြန္ ကေတာ့ သူ႔ရဲ့ ကံတရားနဲ႔ ႀကိဳးစားမႈ ဇြဲ၊ လုံ႔လ ၊ ဝီရိယတို႔ေၾကာင့္ အခုဆိုရင္ နိုင္ငံေပါင္းစုံက ပရိသတ္ေတြရဲ့ အာ႐ုံစိုက္ျခင္းခံ ေနရတာပဲ ျဖစ္ပါတယ္။ ထိုင္းနိုင္ငံ မွာလည္း Fan Meeting ျပဳလုပ္နိုင္တဲ့အထိ ပရိသတ္အားေပး မႈအမ်ားအျပားရရွိထားတဲ့ ပိုင္တံခြန္က လက္ရွိမွာလည္း တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယားစတဲ့ အေရွ႕ေတာင္ အာရွနိုင္ငံေတြနဲ႔အတူတူ အေနာက္ဥေရာပ နိုင္ငံေတြမွာလည္း အသီးသီးေဖာ္ျပခံေနရတဲ့အထိ ေအာင္ျမင္မႈေတြရရွိေနတာပဲ ျဖစ္ပါတယ္။

ျမန္မာလူမ်ိဳးေတြကို မ်က္ႏွာပြင့္ေစခဲ့တဲ့ ပိုင္တံခြန္ အတြက္ ပရိသတ္ ေတြက ဝမ္းသာေနၾကသလို ပိုင္တံခြန္နဲ႔ အလုပ္တြဲလုပ္ခဲ့ၾကတဲ့ လုပ္ငန္းရွင္ႀကီးေတြကလည္း ပိုင္တံခြန္အတြက္ ထပ္တူဝမ္းသာေနၾကတာပဲ ျဖစ္ပါတယ္။ မေန႔က ဇန္နဝါရီလ (၁၈) ရက္ေန႔မွာလည္း ပိုင္တံခြန္ က သူရိုက္ကူးခဲ့တဲ့ “အိပ္မက္ျမစ္” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ့ထုတ္လုပ္ေရးျဖစ္တဲ့ Brave Empire Entertainment & Production ကေနၿပီး ဂုဏ္ျပဳပြဲျပဳလုပ္ေပးခံခဲ့ရတာကို အခုလိုပဲ ေတြ႕ရပါတယ္။

ပိုင္တံခြန္ကေတာ့ ဒါရိုက္တာ ကိုေပါက္ရိုက္ကူးတဲ့ “အိပ္မက္ျမစ္” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ မင္းသမီး ဝတ္မႈံေရႊရည္ နဲ႔ အတူတူ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း တစ္ေန႔တစ္မ်ိဳး အမ်ိဳးမ်ိဳးဂုဏ္ျပဳခံခဲ့ရတဲ့ ပိုင္တံခြ န္အတြက္ ထပ္တူဝမ္းသာေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ နိုင္ၾကပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္ေနာ္။

Source: Brave Empire Entertainment & Production’s fb

unicode

ပြည်သူချစ် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန် ကတော့ သူ့ရဲ့ ကံတရားနဲ့ ကြိုးစားမှု ဇွဲ၊ လုံ့လ ၊ ဝီရိယတို့ကြောင့် အခုဆိုရင် နိုင်ငံပေါင်းစုံက ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းခံ နေရတာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မှာလည်း Fan Meeting ပြုလုပ်နိုင်တဲ့အထိ ပရိသတ်အားပေး မှုအများအပြားရရှိထားတဲ့ ပိုင်တံခွန်က လက်ရှိမှာလည်း တရုတ်၊ ဂျပန်၊ ကိုရီးယားစတဲ့ အရှေ့တောင် အာရှနိုင်ငံတွေနဲ့အတူတူ အနောက်ဥရောပ နိုင်ငံတွေမှာလည်း အသီးသီးဖော်ပြခံနေရတဲ့အထိ အောင်မြင်မှုတွေရရှိနေတာပဲ ဖြစ်ပါတယ်။

မြန်မာလူမျိုးတွေကို မျက်နှာပွင့်စေခဲ့တဲ့ ပိုင်တံခွန် အတွက် ပရိသတ် တွေက ဝမ်းသာနေကြသလို ပိုင်တံခွန်နဲ့ အလုပ်တွဲလုပ်ခဲ့ကြတဲ့ လုပ်ငန်းရှင်ကြီးတွေကလည်း ပိုင်တံခွန်အတွက် ထပ်တူဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၁၈) ရက်နေ့မှာလည်း ပိုင်တံခွန် က သူရိုက်ကူးခဲ့တဲ့ “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ထုတ်လုပ်ရေးဖြစ်တဲ့ Brave Empire Entertainment & Production ကနေပြီး ဂုဏ်ပြုပွဲပြုလုပ်ပေးခံခဲ့ရတာကို အခုလိုပဲ တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသမီး ဝတ်မှုံရွှေရည် နဲ့ အတူတူ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တစ်နေ့တစ်မျိုး အမျိုးမျိုးဂုဏ်ပြုခံခဲ့ရတဲ့ ပိုင်တံခွ န်အတွက် ထပ်တူဝမ်းသာနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။

Source: Brave Empire Entertainment & Production’s fb