မြန်မာနိုင်ငံက လူငယ်ပရိသတ် တို့ရဲ့ အသည်းစွဲ အဆိုတော် တစ်ယောက် ဖြစ်တဲ့ ဘန်နီဖြိုး ဟာ နိုင်ငံတကာက music streaming app တစ်ခုဖြစ်တဲ့ Spotify မှာပါ အောင်မြင်မှု တစ်ခု ရရှိနေပါပြီ။ဒီဇင်ဘာ အစောပိုင်းမှာ ထုတ်ပြန်ပေးတဲ့ Spotify ရဲ့ တစ်နှစ်တာ ဒေတာ စုစည်းမှု အရ အဆိုတော် ဘန်နီဖြိုးဟာ ပရိသတ်တွေရဲ့ သဲသဲလှုပ် အားပေးတာ ခံခဲ့ရတဲ့အတွက် ကျေးဇူး တင်မိကြောင်း သူ့ရဲ့ facebook စာမျက်နှာမှာ တင်ခဲ့ပါတယ်။

မနှစ်က နိုင်ငံပေါင်း ၇၆ နိုင်ငံက နားဆင်သူ ၃ သောင်းကျော် နဲ့ stream ၆ သိန်းကျော် ရရှိခဲ့ပါတယ်။ ၂၀၂၁ မှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပျော်စရာတွေ ငြိမ်သက်နေပေမဲ့ သူ့ရဲ့ Spotify artist wrapped မှာ ​ဖော်ပြနေတာကတော့ နိုင်ငံပေါင်း ၁၁၃ နိုင်ငံက နားဆင်သူ ၅ သောင်းကျော် နဲ့ stream ၉ သိန်းကျော် ရရှိ ထားတာပဲ ဖြစ်ပါတယ်။

နောက်လည်း ဘန်နီဖြိုးလို အရည်အချင်းရှိတဲ့ လူငယ် အနုပညာရှင်တွေ များများပေါ်ထွက်လာဖို့ မျှော်လင့်မိပါတယ်။ ပရိသတ်ကြီးလည်း Spotify သုံးဖြစ်ရင် မြန်မာနိုင်ငံရဲ့ အနုပညာရှင်လေးတွေ ကို အားပေးလိုက်ပါဦးနော်။

crd : MM Load

ZAWGYI




crd : MM Load